ယေန႔တိုင္ ျမန္မာ့ယဥ္ေက်းမႈ ဆံရစ္ဝိုင္းထားရွိမႈကို ထိန္းသိမ္းထားသည့္ ႏြားထိုးႀကီးၿမိဳ႕နယ္က ခံစပ္ကုန္း႐ြာ
မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကာ ဆံရစ်ဝိုင်းဆံထောက်များ ထားရှိသည့် ယဉ်ကျေးမှုကျေးရွာကို ပြပါဆိုလျှင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘူးကိုင်းကျေးရွာအုပ်စုရှိ ခံစပ်ကုန်းရွာကို ပြသရမည်ဖြစ်သည်။ ခံစပ်ကုန်းရွာသည် သမိုင်းဝင် နာမည်ကျော် စကြာတောင်ကို နောက်ခံထားကာ ခံစပ်ကုန်းအရှေ့ရွာ ခံစပ်ကုန်းအနောက်ရွာဟု ရှိသည်။ ရွာထဲရှိ အမျိုးသမီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံပင်ထားရှိမှုကို ယနေ့တိုင် ထားရှိနေသည်ကို တွေ့ရှိရသည်။
မြန်မာ့ရိုးရာ ဆံပင်ပုံထားမှုတွင် ယောက်ျားကလေးများဆိုလျှင် ငယ်ရွယ်စဉ်တွင် ဦးစွန်းဖုတ်ထားရှိကြသည်။ အမျိုးသမီးများဆိုလျှင် ဆံရစ်ဝိုင်း၊ ဆံထောက်၊ အုပ်လုံးသိမ်းဆိုသော ထားသိုမှုပုံဆံများကို ထားရှိကြသည်။
မြန်မာ့ယဉ်ကျေးမှု ဆံပင်ထားသိုမှုတွင် အမျိုးသမီးငယ်များ အပျိုဖော်မဝင်ခင်တွင် ဆံရစ်ဝိုင်းများ ထားရှိကြသည်။ ထိုဆံရစ်ဝိုင်းသည် ကလေးသာသာအရွယ်ဆိုသည်ကို ပြသနေသည်။ အပျိုဖော်ဝင်သည်နှင့် ဆံထောက်ထားလေ့ရှိသည်။ ဆံထောက်ထားမှုသည် အပျိုဖြစ်ပြီဆိုသည်ကို ပြသနေပေသည်။ အပျိုဖြစ်ပြီဟု ပြောဆိုခြင်းပင်ဖြစ်သည်။ အပျိုဘဝကျော်လွန်ပါက အုပ်လုံးသိမ်းသည့် စနစ်များကို ယနေ့တိုင်ပြုလုပ်ကြသည်။ ခေတ်မီကာ ဆံကေသာ အမျိုးမျိုးထားနေသော လက်ရှိကာလတွင် နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာမှာ မြန်မာမှုဆံကေသာ ထားသည့်စနစ်အတိုင်း ဆံရစ်ဝိုင်း၊ ဆံထောက်များကို ယနေ့တိုင်ထိန်းသိမ်းကာ ထားရှိလျက်ရှိနေကြောင်း သိရသည်။
crd-MDN #Myanmar_Online_News #နွားထိုးကြီး #ဆံရစ်ဝိုင်း #ခံစပ်ကုန်းရွာ
>zawgyi<
ယေန႔တိုင္ ျမန္မာ့ယဥ္ေက်းမႈ ဆံရစ္ဝိုင္းထားရွိမႈကို ထိန္းသိမ္းထားသည့္ ႏြားထိုးႀကီးၿမိဳ႕နယ္က ခံစပ္ကုန္း႐ြာ
ျမန္မာႏိုင္ငံတြင္ ျမန္မာ့ယဥ္ေက်းမႈ အစဥ္အလာကို ထိန္းသိမ္းကာ ဆံရစ္ဝိုင္းဆံေထာက္မ်ား ထားရွိသည့္ ယဥ္ေက်းမႈေက်း႐ြာကို ျပပါဆိုလွ်င္ မႏၲေလးတိုင္းေဒသႀကီး ႏြားထိုးႀကီးၿမိဳ႕နယ္ ဘူးကိုင္းေက်း႐ြာအုပ္စုရွိ ခံစပ္ကုန္း႐ြာကို ျပသရမည္ျဖစ္သည္။ ခံစပ္ကုန္း႐ြာသည္ သမိုင္းဝင္ နာမည္ေက်ာ္ စၾကာေတာင္ကို ေနာက္ခံထားကာ ခံစပ္ကုန္းအေရွ႕႐ြာ ခံစပ္ကုန္းအေနာက္႐ြာဟု ရွိသည္။ ႐ြာထဲရွိ အမ်ိဳးသမီးမ်ားသည္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ဆံပင္ထားရွိမႈကို ယေန႔တိုင္ ထားရွိေနသည္ကို ေတြ႕ရွိရသည္။
ျမန္မာ့႐ိုးရာ ဆံပင္ပုံထားမႈတြင္ ေယာက္်ားကေလးမ်ားဆိုလွ်င္ ငယ္႐ြယ္စဥ္တြင္ ဦးစြန္းဖုတ္ထားရွိၾကသည္။ အမ်ိဳးသမီးမ်ားဆိုလွ်င္ ဆံရစ္ဝိုင္း၊ ဆံေထာက္၊ အုပ္လုံးသိမ္းဆိုေသာ ထားသိုမႈပုံဆံမ်ားကို ထားရွိၾကသည္။
ျမန္မာ့ယဥ္ေက်းမႈ ဆံပင္ထားသိုမႈတြင္ အမ်ိဳးသမီးငယ္မ်ား အပ်ိဳေဖာ္မဝင္ခင္တြင္ ဆံရစ္ဝိုင္းမ်ား ထားရွိၾကသည္။ ထိုဆံရစ္ဝိုင္းသည္ ကေလးသာသာအ႐ြယ္ဆိုသည္ကို ျပသေနသည္။ အပ်ိဳေဖာ္ဝင္သည္ႏွင့္ ဆံေထာက္ထားေလ့ရွိသည္။ ဆံေထာက္ထားမႈသည္ အပ်ိဳျဖစ္ၿပီဆိုသည္ကို ျပသေနေပသည္။ အပ်ိဳျဖစ္ၿပီဟု ေျပာဆိုျခင္းပင္ျဖစ္သည္။ အပ်ိဳဘဝေက်ာ္လြန္ပါက အုပ္လုံးသိမ္းသည့္ စနစ္မ်ားကို ယေန႔တိုင္ျပဳလုပ္ၾကသည္။ ေခတ္မီကာ ဆံေကသာ အမ်ိဳးမ်ိဳးထားေနေသာ လက္ရွိကာလတြင္ ႏြားထိုးႀကီးၿမိဳ႕နယ္ ခံစပ္ကုန္း႐ြာမွာ ျမန္မာမႈဆံေကသာ ထားသည့္စနစ္အတိုင္း ဆံရစ္ဝိုင္း၊ ဆံေထာက္မ်ားကို ယေန႔တိုင္ထိန္းသိမ္းကာ ထားရွိလ်က္ရွိေနေၾကာင္း သိရသည္။
crd-MDN #Myanmar_Online_News #ႏြားထိုးႀကီး #ဆံရစ္ဝိုင္း #ခံစပ္ကုန္း႐ြာ