မြတ်ဗုဒ္ဓ ဟောကြားတော်မူသော ပေါင်းဖော်အပ်တဲ့သူငယ်ချင်းကောင်း (၄)မျိုး
၁ ။ ကူညီတတ်တဲ့ သူငယ်ချင်း
သင် ထိခိုက် ၊ နာကျင်နေချိန်မှာ ကာကွယ်ပေးတယ် ။ သင် ကြောက်နေချိန်မှာ လုံခြုံ ၊ နွေးထွေးမှုပေးတယ် ။ သင် ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံနေချိန်ဖြစ်ပါစေ ၊ ငါ ပြန်ရဖို့ မမျှော်ကိုးပဲ အမြဲအကူအညီပေးတတ်တယ် ။
၂ ။ မြဲမြံတဲ့သူငယ်ချင်း
သင့် လျှို့ဝှက်ချက်တွေကို ၊ သူ့ရဲ့ ကိုယ်ပိုင် လျို့ဝှက်ချက်တွေလိုပဲ လုံခြုံအောင် ထိန်းသိမ်းပေးတယ် ။ သင် ဆင်းရဲ ၊ ဒုက္ခ နဲ့ ကြုံနေချိန်မှာလည်း သင့်ကို မနှိမ့်ချဘူး ၊ စွန့်ခွာမသွားဘူး ။ သင့်ဘဝရဲ့ အနိမ့်အမြင့် ၊အတက်အကျတိုင်းကို သင် နဲ့ အတူ ရင်ဆိုင် ၊ ဖြတ်သန်းပေးတတ်တယ် ။
၃ ။ အကြံဉာဏ် ပေးတတ်တဲ့ သူငယ်ချင်း
သင် မကောင်းတာတွေလုပ်တဲ့အခါ တားမြစ်ပြီး ၊ ကောင်းတာတွေလုပ်ဖို့ အကြံဉာဏ်ပေးတတ် တယ် ။သင် သိသင့်တဲ့အရာတွေကို ပြောပြသလို ၊ သင် သွားသင့်တဲ့နေရာကို လမ်းညွှန်ပြသပေးတယ် ။သင့်အပေါ် ဆရာသမားတစ်ယောက်လို၊ မိဘလိုမျိုး ချစ်ခြင်းမေတ္တာ ၊ ကြင်နာမှုတွေ နဲ့ စိတ်ရှည်ရှည် သင်ကြားပေးတတ်သူ ဖြစ်ပါတယ် ။
၄ ။ စာနာထောက်ထား ၊ ကြင်နာတတ်တဲ့ သူငယ်ချင်း
သင် ကံဆိုးနေတဲ့အခါ၊ မပျော်ရွှင်ဘဲ ခံစားပေးတတ်ပြီး ၊ သင် ကံကောင်းနေတဲ့အခါ ကျေနပ် ၊ ဝမ်းသာ ပေးတတ်တယ် ။တခြားသူတွေက သင့် အကြောင်း မကောင်းပြောနေတဲ့အခါ ကာကွယ်ပေးပြီး ၊သင့်ရဲ့ ကောင်းကွက်တွေကို ပြောပေးတတ်တယ် ။သင့် အတွက် ချစ်ခြင်းမေတ္တာ ၊ ချီးမွမ်းစကားတွေနဲ့ ပျော်ရွှင်မှုတွေပဲပေးပြီး ၊ သင့်ခက်ခဲချိန်တိုင်း သင့်လက်ကိုတွဲပြီး ဖြတ်သန်းတတ်တယ် ။
ဒီလို သူငယ်ချင်း ( ၄ )မျိုးက ဘဝမှာ ” ပေါင်းသင်းအပ်တယ် “လို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား တော်မူခဲ့ပါတယ် ။Credit -ဓမ္မဒါနဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုပါသည်။
Zawgyi ဖြင့်ဖတ်ပါ
ျမတ္ဗုဒၶ ေဟာၾကားေတာ္မူေသာ ေပါင္းေဖာ္အပ္တဲ့သူငယ္ခ်င္းေကာင္း (၄)မ်ိဳး
၁ ။ ကူညီတတ္တဲ့ သူငယ္ခ်င္း
သင္ ထိခိုက္ ၊ နာက်င္ေနခ်ိန္မွာ ကာကြယ္ေပးတယ္ ။ သင္ ေၾကာက္ေနခ်ိန္မွာ လုံၿခဳံ ၊ ေႏြးေထြးမႈေပးတယ္ ။ သင္ ဘယ္လို အခက္အခဲမ်ိဳးနဲ႔ ႀကဳံေနခ်ိန္ျဖစ္ပါေစ ၊ ငါ ျပန္ရဖို႔ မေမွ်ာ္ကိုးပဲ အၿမဲအကူအညီေပးတတ္တယ္
၂ ။ ၿမဲၿမံတဲ့သူငယ္ခ်င္း
သင့္ လွ်ိဳ႕ဝွက္ခ်က္ေတြကို ၊ သူ႔ရဲ႕ ကိုယ္ပိုင္ လ်ိဳ႕ဝွက္ခ်က္ေတြလိုပဲ လုံၿခဳံေအာင္ ထိန္းသိမ္းေပးတယ္ ။ သင္ ဆင္းရဲ ၊ ဒုကၡ နဲ႔ ႀကဳံေနခ်ိန္မွာလည္း သင့္ကို မႏွိမ့္ခ်ဘူး ၊ စြန္႔ခြာမသြားဘူး ။ သင့္ဘဝရဲ႕ အနိမ့္အျမင့္ ၊အတက္အက်တိုင္းကို သင္ နဲ႔ အတူ ရင္ဆိုင္ ၊ ျဖတ္သန္းေပးတတ္တယ္ ။
၃ ။ အႀကံဉာဏ္ ေပးတတ္တဲ့ သူငယ္ခ်င္း
သင္ မေကာင္းတာေတြလုပ္တဲ့အခါ တားျမစ္ၿပီး ၊ ေကာင္းတာေတြလုပ္ဖို႔ အႀကံဉာဏ္ေပးတတ္ တယ္ ။သင္ သိသင့္တဲ့အရာေတြကို ေျပာျပသလို ၊ သင္ သြားသင့္တဲ့ေနရာကို လမ္းၫႊန္ျပသေပးတယ္ ။သင့္အေပၚ ဆရာသမားတစ္ေယာက္လို၊ မိဘလိုမ်ိဳး ခ်စ္ျခင္းေမတၱာ ၊ ၾကင္နာမႈေတြ နဲ႔ စိတ္ရွည္ရွည္ သင္ၾကားေပးတတ္သူ ျဖစ္ပါတယ္
၄ ။ စာနာေထာက္ထား ၊ ၾကင္နာတတ္တဲ့ သူငယ္ခ်င္း
သင္ ကံဆိုးေနတဲ့အခါ၊ မေပ်ာ္႐ႊင္ဘဲ ခံစားေပးတတ္ၿပီး ၊ သင္ ကံေကာင္းေနတဲ့အခါ ေက်နပ္ ၊ ဝမ္းသာ ေပးတတ္တယ္ ။တျခားသူေတြက သင့္ အေၾကာင္း မေကာင္းေျပာေနတဲ့အခါ ကာကြယ္ေပးၿပီး ၊သင့္ရဲ႕ ေကာင္းကြက္ေတြကို ေျပာေပးတတ္တယ္ ။သင့္ အတြက္ ခ်စ္ျခင္းေမတၱာ ၊ ခ်ီးမြမ္းစကားေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြပဲေပးၿပီး ၊ သင့္ခက္ခဲခ်ိန္တိုင္း သင့္လက္ကိုတြဲၿပီး ျဖတ္သန္းတတ္တယ္ ။
ဒီလို သူငယ္ခ်င္း ( ၄ )မ်ိဳးက ဘဝမွာ ” ေပါင္းသင္းအပ္တယ္ “လို႔ ဗုဒၶျမတ္စြာဘုရားက ေဟာၾကား ေတာ္မူခဲ့ပါတယ္ ။Credit -ဓမၼဒါနျဖင့္ျပန္လည္မွ်ေဝကုသိုလ္ျပဳပါသည္။