24.9.2020 မှ 30.9.2020 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ယခုကာလအတွင်း လက်ရှိလုပ်ငန်းများအပြင် ပူတွဲလုပ်ငန်းတာဝန်များကိုပါ စုပေါင်းလုပ်ကိုင် ထမ်းဆောင် နေရမည်။ ဆိုင်ခန်းဖွင့်ရန် ရည်ရွယ်ထားသူများ ယခုအပတ်အတွင်း မဖွင့်သင့်သေးသော အချိန်ကာလဖြစ်ပါသည်။
စက်ပစ္စည်းများ ကြီးကြီးမားမား ဝယ်ယူခြင်းများ မပြုလုပ်သင့်သေးပါ။ စာချုပ်၊ စာတမ်း၊ လက်မှတ်ရေးထိုးခြင်း များ၊ အာမခံခြင်းများ မပြုလုပ်သင့်ပါ။ မိမိ၏ တစ်ဇွတ်ထိုး စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပါသည်။
အလုပ်နှင့် ခရီးသွားရလျှင် အလုပ်အတွက် အဆင်ပြေမည်။ အတိုက်အခံများ ပြိုင်ဘက်များ နှင့် ကြုံနေရတတ်သော်လည်း ကံ၊ ဉာဏ်၊ ဝီရိယ အားထုတ်မှုများကြောင့် ပြိုင်ဘက်များကို အနိုင်ယူအောင်မြင်မည်။ ပညာရေးအနေဖြင့် အခက်အခဲများ ကြုံနေရတတ်ပါသည်။
သို့သော် ပညာရေးကို တစ်စိုက်မတ်မတ် ကြိုးစားပါက အောင်မြင်မှုများ ရရှိနိုင်ပါသည်။ အချစ်ရေးအတွက်စိတ်ချမ်းသာမှု ရရှိမည်။ ဘေးစကားများကြောင့် မိသားစုများ အတွင်း စိတ်ဝမ်းကွဲရတတ်ပါသည်။
အိပ်ရေးပျက်ပါက ကျန်းမာရေးများ ပို၍ညံ့သွားတတ်ပါသည်။ အိပ်ရေး၀၀ အိပ်သင့်တဲ့ကာလပါပဲ။ ငွေကြေးများ ပြည့်စုံစွာ ရသော်လည်း စုဆောင်းနိုင်ခြင်းမရှိဘဲ ပြန်၍ ထွက်တတ်သည်။ ငွေ များဝင်လာပါက အနည်းငယ် ပြန်၍လှူပေးပါ။ အလှူအတန်း ပြုလုပ်ပေးပါ။
အကျိုးပေးဂဏန်း 2/6/1 အထူးဟော ကံမြင့်မားဖို့ အလှူအတန်းတွေမကြာခဏလုပ်ပါ။ ယတြာ ခြေသုတ်ခုံလေးများ ဘုန်းကြီးကျောင်းလှူပါ။
တနင်္လာ
ယခုကာလအတွင်း ကိုယ့်ခံစားချက်ကို ထုတ်ဖေါ် မပြောသင့်သေးချေ။ စိတ်လေနေ တတ်သည်။ အခွင့် ကောင်း များ ရရှိလာပါမည်။အဆင်မပြေမှုအနည်းငယ်လေးများ ကြုံတွေ့ရစေကာမူ အောင်မြင်ဖြစ်ထွန်း ကံပွင့်လန်း မည့် ကာလဖြစ်၏။
အလုပ်အကိုင်၌ အခက်အခဲပြဿနာများ အောင်မြင်စွာ ကျော်လွှားနိုင်ပါမည်။ နိုင်ငံရပ်ခြားနှင့် သက်ဆိုင်သော လုပ်ငန်းများတွင်တော့ ကံမကောင်းသေးပါ။ အချစ်ရေးပြဿနာများ ကြုံနေရသော် နားလည်မှုလွဲ ကြသည်ကို ချက်ချင်းဖြေရှင်း လိုက်ပါ။
မိတ်ကောင်းဆွေကောင်းများလည်း တိုးပွားလိမ့်မည်။ ငွေ၀င်ကံကောင်းနေ၍ အထိုက်အလျောက် အဆင်ပြေနေလိမ့်မည်။ လူမှုရေးရှုပ်ထွေးမှုများကို လျှော့ချနိုင်ပါမှ စီးပွားရေးတိုးတက် အဆင် ပြေမည်ဖြစ်၏။
ရွှေထည်၊ အိမ်ခြံမြေ လုပ်ငန်းများ၌ အညံ့လေးတွေရောထွေးပါရှိနေသည်။ စက်ပစ္စည်းများ အပျက် အစီး အချို့အယွင်း ဖြစ်ပေါ်တတ်၏။ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ အချိုရည်နှင့် အဆီအဆိမ့်အစပ် လျော့စား သင့်၏။
သွေးတတ်၊ ဆီးချိုတတ်တာမျိုးကြုံရတတ်ပါတယ်။အိမ်ထောင်ရေးတွင်တော့ စိတ်ညစ်ရကိန်းရှိရာ ဂရု တစိုက် နားလည် မှုထား ရှိရန်လိုအပ်ပါ၏။အဆင်မပြေတာတွေကိုညှိနှိုင်းယူသင့်ပါတယ်။
ပညာရေးကံ အကောင်း ထဲတွင်ရပ်တည်နေကာ မိမိ ကသူတပါးကိုပင် ပညာရေးအကူအညီပေးနေရတတ်၏။
အကျိုးပေးဂဏန်း ၃/၇/၀ အထူးဟော အဆိုးပြီးရင် အကောင်းလာလိမ့်မယ်။ ယတြာ ဒိန်ချဉ်ဘုရားကပ်လှူလိုက်ပါ။
အင်္ဂါ
ယခုကာလအတွင်း အလုပ်နေရာ၊ အိမ်နေရာ အသစ်ရခြင်း၊ နေရာထိုင်ခင်းများ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရ ခြင်း များနှင့် ကြုံရတတ်ပါသည်။ မထင်မှတ်ဘဲ အတတ်ပညာတစ်ခု သင်ကြားရခြင်းများ၊ အကျိုးရှိသော သင်တန်း များ တတ်ရခြင်းများ ကြုံတွေ့ရတတ်ပါသည်။
ဤကာလတွင် မည်သည့်လုပ်ငန်းကိစ္စရပ်မဆို အစစ၊ အရာရာ သတိ ကြီးစွာထား၍ လုပ်ကိုင်ဆောင်ရွက်တတ်ရန် အထူးအရေးကြီးပါသည်။ မိမိအပေါ်တွင် မကောင်းကြံခြင်း၊ မကောင်း ပြောခြင်းများ၊ နောက်ကျောကို ဓါးနဲ့ထိုးခြင်းများ ကြုံတွေ့ရတတ်ပါသည်။
အလုပ်အကိုင်များ ထိခိုက်ပျက်စီးခြင်း၊ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရတတ်ပါသည်။ ပြဿနာကြီးများလည်း ရင်ဆိုင်ဖြေရှင်းနေရတတ်ပါသည်။ အမှုအခင်း ကိစ္စ များနှင့်လည်း ပက်သက်ရတတ်ပါသည်။ မိမိနှင့်တကွ အတူနေ မိသားစုများပါ ကျန်းမာရေးညံ့တတ်ပါသည်။
ဆေးရုံ၊ ဆေးခန်းများအထိ ရောက်ရတတ်ပါသည်။ ထိုကြောင့် အနေအထိုင်၊ အသွားအလာ၊ အစားအသောက်များကို အထူးသတိပြု၍ ဆင်ခြင်သင့်ပေသည်။ မီး၊ လျှပ်စစ်ပစ္စည်း များကြောင့် ဒုက္ခတွေ့တတ်သည်။ အထူးသတိပြုပါ။
သားသမီး၊ လက်အောက်ငယ်သားများအတွက် စိတ်သောက ပူပန်မှုများ ကြုံတွေ့ရတတ်သည်။ လူမျိုးခြား၊ ဘာသာ ခြားများကအကူအညီပေးတတ်ပါသည်။ အချစ်ရေးကတော့ လွန်စွာမှအဆင်ပြေပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၁/၄/၈ အထူးဟော ကံအညံ့များနေတဲ့အတွက် ဘာသာရေးများများလုပ်ပေးပါ။ ယတြာ အားရှိစေမယ့် အစားအသောက်တွေလူကြီးမိဘတွေကို ချက်ပြုတ်ကျွေးမွေးပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်းအရာရာသည် အရှေ့သို့ တတ်လှမ်းနေပါသည်။ ပြောသလောက် မလွယ်သော်လည်း လုပ် သလောက်ရသောရက်များ ဖြစ်တယ်ဆိုတာ သင်သိထားပေးပါ။ စေတနာကို တန်ဖိုးမထားသူတို့ကသင့်ကို အပြစ် တင်ကြလိမ့်မည်။
ရည်ရွယ်ချက်ပန်းတိုင်ရဲရဲလျှောက်အောင်မြင်ရန်လက်တကမ်းသာလိုတော့သည်။ အတွေး အခေါ် ပြောင်းလဲမှုတွေ ဖြစ်မည်။ အတွေးများပြီး အစာစားခြင်း၊ လမ်းသွားခြင်း ဂရုစိုက်ပါ။အချစ်ရေးတွင် စိတ် မကစား မိပါစေနဲ့။
လူရှုပ်လူပွေတွေနဲ့ ငြိစွန်းတတ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ အလုပ်တွေ ကြိုးစားနေစဉ်မှာ အချစ် ရေးက သင့်အတွက် အနှောင့်အယှက် ဖြစ်လာနိုင်မည်။စိတ်ဆုံးဖြတ်ချက်များ မတင်မကျဖြစ်နေတတ်သည်။
အရာ ရာကို သင့် အမြင်ဖြင့် ပြောင်းလဲမှုများ မလုပ်သင့်သေးပေ။ မိဘနှင့် အိမ်ထောင်ဖက်ကြား၊သားသမီးနှင့်မိဘကြား ဗျာများ နေရခြင်းနှင့် စိတ်ဆင်းရဲမှုတွေ ကြုံမည်။ ခြေထောက် တစ်ဖက် နာကျင်မှု ဖြစ်မည်။
ရည်ရွယ်ချက်တွေ ပြောင်းလဲမှုဖြစ် လာမည်။ အပေါင်းအသင်းကောင်း တစ်ယောက်က သင့်ကို ကူညီပါလိမ့်မည်။ ရစရာ ရှိသော ငွေ ရလာ မည်။ စက်ပစ္စည်း အသစ်ရမည်။ အိမ်ထောင်ရေးကိစ္စ အထင်လွဲခံရ တတ်သည်။
ကျန်းမာရေးက ဝမ်းဗိုက် ဂရု စိုက်ပါ။ အစာကြေလွယ်တဲ့အစာကိုပဲဦးစားပေးစားပါ။
အကျိုးပေးဂဏန်း ၂/၅/၉ အထူးဟော ကိုယ့်အားကိုယ်ကိုးပါ။ ယတြာ ချဉ်ပေါင်ရွက်နှင့်ငါးရောချက်ပြီး ဘုရားရှင်အားဆွမ်းကပ်လှူပါ။
ကြာသပတေး
ယခုကာလအတွင်း လုပ်ငန်းခွင်မှာရန်လိုနေမှုများကို ချိန်ညှိကာ ဆောင်ရွက်လိုက်လျှင် အဆင်ပြေသွားပါ လိမ့်မည်။ အရာရာကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်အောင် ထားပေးလိုက်ပါ။ သင်၏မိသားစု၊ သို့မဟုတ် အခြား သူများနှင့် ကောင်းစွာဆက်ဆံပြီး အခွင်းကောင်းများကိုရယူတတ်ပါစေ။
သင့်ချစ်ရသူနှင့် တင်းမာမှုများ လျော့ကျ သွား ပြီး ပျော်ရွှင်ချမ်းမြေ့မှုများ ရှိလာပါလိမ့်မည်။ ကိုယ်ပိုင်အလုပ်စီးပွားများမိမိပေါ့ဆမှုကြောင့် ဒုက္ခအနည်းငယ်မျှ ကြုံတွေ့ရနိုင် ပါသည်။ ခရီးအတိုအထွာ သွားရမည်။ အလုပ်ခွင်အတွင်းလက်၊ ခြေ၊ ခေါင်း ညှပ်တတ်သည်။
ဂရု စိုက်ပါ။ ရစရာ ရှိသောအရာများ မြန်မြန်တောင်းယူပါ။ သွားစရာရှိသော ခရီးများ မြန်မြန်သွားပါ။ လုပ်စရာရှိသော အလုပ်များ မြန်မြန်လုပ်ပါ။ ဝါသနာပါရင် စ၊ဆ၊ဇ၊ည အက္ခရာဖြင့် ၃၊ ၉၊ ၆ပါသော ထီလက်မှတ်ကိုရွေးချယ် ကံစမ်းစေချင်သည်။
ကတိတစ်ခု လွယ်လွယ်မပေးနှင့်။ အလုပ်ကိစ္စမှာ အကြီးအကဲအထင်လွဲ ခံရတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်ရတတ်သည်။ လောင်းကစားအလုပ်ရှောင်ပါ။ ငွေကိုဝိသမလောဘနဲ့မရှာသင့်တဲ့ ကာလပါပဲ။
ကား၊ဆိုင်ကယ်ဂရုစိုက်မောင်းပါ။ အိမ်ထောင်ဘက်ရဲ့ချစ်ခင်ယုယမှုကိုရမည်။ပညာရေးမှာတော့ ကြိုး စား ထားသမျှ အရာထင်အောင်မြင်ပါလိမ့် မယ်။
အကျိုးပေးဂဏန်း ၃/၆/၅ အထူးဟော အရာရာကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပါ။ ယတြာ ကျွဲကောသီး ဘုရားကပ်လှူလိုက်ပါ။
သောကြာ
ယခုကာလအတွင်း စိတ်အေးချမ်းမှုကို ရှာဖွေပါ။ သင့်အနေဖြင့် အတားအဆီးများ အားလုံးကို ကျော်လွှား သွား စေပါလိမ့်မည်။ အချစ်ရေးတွင် သင်စီစဉ်ထားသလိုမဟုတ်ပဲ နှစ်ကိုယ်တူရည်ရွယ်ထားသည်များလည်း ဖြစ် မြောက် လာမည်မဟုတ်ပါ။
အပြောလွယ်သလောက်အလုပ်ခက် ဟူသည့် စကားအတိုင်းဖြစ်နေသည့်ကာလလေးပါ။ ဤတစ်ပတ်အတွင်း လွယ်လွယ်နှင့် အရာရာရမယ်လို့ မယူဆလိုက်ပါနှင့်။ ကံ၊ ဉာဏ်၊ ဝီရိယ၊ လုံံ့လ စိုက်ထုတ်ပါမှ အဆင်ပြေလာမှာပါ။ ခရီးဝေးယာယီတွေ ရောက်မည်။
ရမည့်ငွေ ရခါနီးမှ နှောင့်နှေးတတ်သည်။ အလုပ်အကိုင် အဆင်ပြေသလို ဖြစ်ပြီးမှ ထစ်ငေါ့မှု အတိုက်အခံများ မှုတွေ ကြုံရတတ်ပါသည်။အရာရာ၂ခါ ဆောင်ရွက်ရတတ်၍ ဂရုစိုက်ပါ။လူငယ်လေးများ အိမ်ကပြောစကားထက် သူများပြောတာကို ယုံပြီး တဇွတ်ထိုးလုပ်မည်။
အောက်လက် ငယ်သားတွေ၊ ဝန်ထမ်းတွေကြိုးစားမှုကြောင့် မိမိအလုပ်တွေသိသာထင်ရှားစွာ တိုးတတ် မည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ ဆန္ဒ မစောပါနှင့်။ ဒေါသမကြီးနှင့်။ သို့သော် ရည်ရွယ်ချက် ကြီးကြီးထားပါ။
ဆေးစစ်၊ဆေးစားခြင်းများ စတင်ဆောင်ရွက်လို့အထူးကောင်း သည်။ ကျန်းမာရေးကောင်းနေမည်။ နည်းပညာ နှင့် ပက်သက်သော ပညာ များရလွယ်နေမည်။ စက်ပစ္စည်းပြုပြင် ထိန်းသိမ်းတဲ့ ပညာများလဲရလွယ်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၄/၇/၀ အထူးဟော စကားအပြောအဆိုဆင်ခြင်ပေးပါ။ ယတြာ ထောပတ်ထမင်း ဘုရားကပ်လှူလိုက်ပါ။
စနေ
ယခုကာလအတွင်း လက်အောက်ငယ်သားများအတွက် စိတ်ညစ်စရာများ၊ စိတ်သောက ဖြစ်စရာများ ကြုံ တွေ့နေရတတ်သည်။ ငွေများ ဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ၊ ငွေကိစ္စနှင့် ပတ်သက်၍ စိတ်သောကများ ရောက်ရတတ်ပါသည်။
အိမ်၏ခေါင်းရင်းဘက်တွင် အုတ်ခဲများ လာပုံသော နိမိတ်တွေ့ပါက ထီကြီးထိုးပေးပါ။ အကျိုးရှိသော ခရီးကောင်းများ သွားရတတ်ပါသည်။ ဌာနဆိုင်ရာအတွင်း မိမိ၏အထက်လူကြီး အကြီးအကဲများနှင့် ဆွေမျိုးအကြီးအကဲတို့က အကူအညီ၊ အထောက်အပံ့ ကောင်းများ ပေးကြပါလိမ့်မည်။
အစစ်အဆေး ၊ အမေးအမြန်းလည်း ခံရတတ်ပါသေးသည်။ မိမိအိမ်ကို ပြုပြင်ခြင်း၊ အိမ်အသစ်ရခြင်းမျိုးလည်း ကြုံရတတ်ပါသည်။ ပြုပြင်လိုက်ပါက ကံကောင်းသော နိမိတ်များလည်း တွေ့ရတတ် သည်။ ကျန်းမာရေးအနေဖြင့် သွေးထွက်သံယိုများ ဖြစ်တတ်ပါသည်။
စီးပွားရေးသမားများ လုပ်ငန်းလုပ်ကိုင်ရာတွင် အထူးသတိထား၍ လုပ်ကိုင် ဆောင်ရွက်ပါ။ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရာတွင် ဆုံးရှုံးနစ်နာမှုများ ကြုံရတတ်ပါသည်။ မိမိပိုင်ပစ္စည်းကို ရောင်း၍ ရင်းနှီးမြုပ်နှံမှု မပြုလုပ်သင့်ပါ။
အချစ်ရေးမှာချစ်သူကအဖြေ ပေးဖို့အချိန်ဆွဲနေတတ်သည်။ ဖြေထားသောစာမေးပွဲ ၊အင်တာဗျူး၊ ပညာရေးရည်မှန်းထားသော အရာများ အောင်မြင်ပြီဟု မှတ်ပါ။
အကျိုးပေးဂဏန်း ၁/၅/၇ အထူးဟော ကျန်းမာရေးဂရုစိုက်ပေးပါ။ ယတြာ ပေါက်ပေါက်ဆုပ်ဘုရားကပ်လှူပေးပါ။
Zawgyi
24.9.2020 မွ 30.9.2020 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ယခုကာလအတြင္း လက္ရွိလုပ္ငန္းမ်ားအျပင္ ပူတြဲလုပ္ငန္းတာဝန္မ်ားကိုပါ စုေပါင္းလုပ္ကိုင္ ထမ္းေဆာင္ ေနရမည္။ ဆိုင္ခန္းဖြင့္ရန္ ရည္႐ြယ္ထားသူမ်ား ယခုအပတ္အတြင္း မဖြင့္သင့္ေသးေသာ အခ်ိန္ကာလျဖစ္ပါသည္။
စက္ပစၥည္းမ်ား ႀကီးႀကီးမားမား ဝယ္ယူျခင္းမ်ား မျပဳလုပ္သင့္ေသးပါ။ စာခ်ဳပ္၊ စာတမ္း၊ လက္မွတ္ေရးထိုးျခင္း မ်ား၊ အာမခံျခင္းမ်ား မျပဳလုပ္သင့္ပါ။ မိမိ၏ တစ္ဇြတ္ထိုး စိတ္လိုက္မာန္ပါ ျပဳလုပ္ျခင္းေၾကာင့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ရတတ္ပါသည္။
အလုပ္ႏွင့္ ခရီးသြားရလွ်င္ အလုပ္အတြက္ အဆင္ေျပမည္။ အတိုက္အခံမ်ား ၿပိဳင္ဘက္မ်ား ႏွင့္ ႀကဳံေနရတတ္ေသာ္လည္း ကံ၊ ဉာဏ္၊ ဝီရိယ အားထုတ္မႈမ်ားေၾကာင့္ ၿပိဳင္ဘက္မ်ားကို အႏိုင္ယူေအာင္ျမင္မည္။ ပညာေရးအေနျဖင့္ အခက္အခဲမ်ား ႀကဳံေနရတတ္ပါသည္။
သို႔ေသာ္ ပညာေရးကို တစ္စိုက္မတ္မတ္ ႀကိဳးစားပါက ေအာင္ျမင္မႈမ်ား ရရွိႏိုင္ပါသည္။ အခ်စ္ေရးအတြက္စိတ္ခ်မ္းသာမႈ ရရွိမည္။ ေဘးစကားမ်ားေၾကာင့္ မိသားစုမ်ား အတြင္း စိတ္ဝမ္းကြဲရတတ္ပါသည္။
အိပ္ေရးပ်က္ပါက က်န္းမာေရးမ်ား ပို၍ညံ့သြားတတ္ပါသည္။ အိပ္ေရး၀၀ အိပ္သင့္တဲ့ကာလပါပဲ။ ေငြေၾကးမ်ား ျပည့္စုံစြာ ရေသာ္လည္း စုေဆာင္းႏိုင္ျခင္းမရွိဘဲ ျပန္၍ ထြက္တတ္သည္။ ေငြ မ်ားဝင္လာပါက အနည္းငယ္ ျပန္၍လႉေပးပါ။ အလႉအတန္း ျပဳလုပ္ေပးပါ။
အက်ိဳးေပးဂဏန္း 2/6/1 အထူးေဟာ ကံျမင့္မားဖို႔ အလႉအတန္းေတြမၾကာခဏလုပ္ပါ။ ယၾတာ ေျခသုတ္ခုံေလးမ်ား ဘုန္းႀကီးေက်ာင္းလႉပါ။
တနလၤာ
ယခုကာလအတြင္း ကိုယ့္ခံစားခ်က္ကို ထုတ္ေဖၚ မေျပာသင့္ေသးေခ်။ စိတ္ေလေန တတ္သည္။ အခြင့္ ေကာင္း မ်ား ရရွိလာပါမည္။အဆင္မေျပမႈအနည္းငယ္ေလးမ်ား ႀကဳံေတြ႕ရေစကာမူ ေအာင္ျမင္ျဖစ္ထြန္း ကံပြင့္လန္း မည့္ ကာလျဖစ္၏။
အလုပ္အကိုင္၌ အခက္အခဲျပႆနာမ်ား ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ပါမည္။ ႏိုင္ငံရပ္ျခားႏွင့္ သက္ဆိုင္ေသာ လုပ္ငန္းမ်ားတြင္ေတာ့ ကံမေကာင္းေသးပါ။ အခ်စ္ေရးျပႆနာမ်ား ႀကဳံေနရေသာ္ နားလည္မႈလြဲ ၾကသည္ကို ခ်က္ခ်င္းေျဖရွင္း လိုက္ပါ။
မိတ္ေကာင္းေဆြေကာင္းမ်ားလည္း တိုးပြားလိမ့္မည္။ ေငြ၀င္ကံေကာင္းေန၍ အထိုက္အေလ်ာက္ အဆင္ေျပေနလိမ့္မည္။ လူမႈေရးရႈပ္ေထြးမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ပါမွ စီးပြားေရးတိုးတက္ အဆင္ ေျပမည္ျဖစ္၏။
ေ႐ႊထည္၊ အိမ္ၿခံေျမ လုပ္ငန္းမ်ား၌ အညံ့ေလးေတြေရာေထြးပါရွိေနသည္။ စက္ပစၥည္းမ်ား အပ်က္ အစီး အခ်ိဳ႕အယြင္း ျဖစ္ေပၚတတ္၏။ က်န္းမာေရး ဂ႐ုစိုက္သင့္ပါတယ္။ အခ်ိဳရည္ႏွင့္ အဆီအဆိမ့္အစပ္ ေလ်ာ့စား သင့္၏။
ေသြးတတ္၊ ဆီးခ်ိဳတတ္တာမ်ိဳးႀကဳံရတတ္ပါတယ္။အိမ္ေထာင္ေရးတြင္ေတာ့ စိတ္ညစ္ရကိန္းရွိရာ ဂ႐ု တစိုက္ နားလည္ မႈထား ရွိရန္လိုအပ္ပါ၏။အဆင္မေျပတာေတြကိုညႇိႏႈိင္းယူသင့္ပါတယ္။
ပညာေရးကံ အေကာင္း ထဲတြင္ရပ္တည္ေနကာ မိမိ ကသူတပါးကိုပင္ ပညာေရးအကူအညီေပးေနရတတ္၏။
အက်ိဳးေပးဂဏန္း ၃/၇/၀ အထူးေဟာ အဆိုးၿပီးရင္ အေကာင္းလာလိမ့္မယ္။ ယၾတာ ဒိန္ခ်ဥ္ဘုရားကပ္လႉလိုက္ပါ။
အဂၤါ
ယခုကာလအတြင္း အလုပ္ေနရာ၊ အိမ္ေနရာ အသစ္ရျခင္း၊ ေနရာထိုင္ခင္းမ်ား ျပဳျပင္ေျပာင္းလဲ ျပင္ဆင္ရ ျခင္း မ်ားႏွင့္ ႀကဳံရတတ္ပါသည္။ မထင္မွတ္ဘဲ အတတ္ပညာတစ္ခု သင္ၾကားရျခင္းမ်ား၊ အက်ိဳးရွိေသာ သင္တန္း မ်ား တတ္ရျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။
ဤကာလတြင္ မည္သည့္လုပ္ငန္းကိစၥရပ္မဆို အစစ၊ အရာရာ သတိ ႀကီးစြာထား၍ လုပ္ကိုင္ေဆာင္႐ြက္တတ္ရန္ အထူးအေရးႀကီးပါသည္။ မိမိအေပၚတြင္ မေကာင္းႀကံျခင္း၊ မေကာင္း ေျပာျခင္းမ်ား၊ ေနာက္ေက်ာကို ဓါးနဲ႔ထိုးျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။
အလုပ္အကိုင္မ်ား ထိခိုက္ပ်က္စီးျခင္း၊ ဆုံးရႈံးနစ္နာမႈမ်ား ႀကဳံေတြ႕ရတတ္ပါသည္။ ျပႆနာႀကီးမ်ားလည္း ရင္ဆိုင္ေျဖရွင္းေနရတတ္ပါသည္။ အမႈအခင္း ကိစၥ မ်ားႏွင့္လည္း ပက္သက္ရတတ္ပါသည္။ မိမိႏွင့္တကြ အတူေန မိသားစုမ်ားပါ က်န္းမာေရးညံ့တတ္ပါသည္။
ေဆး႐ုံ၊ ေဆးခန္းမ်ားအထိ ေရာက္ရတတ္ပါသည္။ ထိုေၾကာင့္ အေနအထိုင္၊ အသြားအလာ၊ အစားအေသာက္မ်ားကို အထူးသတိျပဳ၍ ဆင္ျခင္သင့္ေပသည္။ မီး၊ လွ်ပ္စစ္ပစၥည္း မ်ားေၾကာင့္ ဒုကၡေတြ႕တတ္သည္။ အထူးသတိျပဳပါ။
သားသမီး၊ လက္ေအာက္ငယ္သားမ်ားအတြက္ စိတ္ေသာက ပူပန္မႈမ်ား ႀကဳံေတြ႕ရတတ္သည္။ လူမ်ိဳးျခား၊ ဘာသာ ျခားမ်ားကအကူအညီေပးတတ္ပါသည္။ အခ်စ္ေရးကေတာ့ လြန္စြာမွအဆင္ေျပပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း ၁/၄/၈ အထူးေဟာ ကံအညံ့မ်ားေနတဲ့အတြက္ ဘာသာေရးမ်ားမ်ားလုပ္ေပးပါ။ ယၾတာ အားရွိေစမယ့္ အစားအေသာက္ေတြလူႀကီးမိဘေတြကို ခ်က္ျပဳတ္ေကြၽးေမြးပါ။
ဗုဒၶဟူး/ရာဟု
ဒီကာလအတြင္းအရာရာသည္ အေရွ႕သို႔ တတ္လွမ္းေနပါသည္။ ေျပာသေလာက္ မလြယ္ေသာ္လည္း လုပ္ သေလာက္ရေသာရက္မ်ား ျဖစ္တယ္ဆိုတာ သင္သိထားေပးပါ။ ေစတနာကို တန္ဖိုးမထားသူတို႔ကသင့္ကို အျပစ္ တင္ၾကလိမ့္မည္။
ရည္႐ြယ္ခ်က္ပန္းတိုင္ရဲရဲေလွ်ာက္ေအာင္ျမင္ရန္လက္တကမ္းသာလိုေတာ့သည္။ အေတြး အေခၚ ေျပာင္းလဲမႈေတြ ျဖစ္မည္။ အေတြးမ်ားၿပီး အစာစားျခင္း၊ လမ္းသြားျခင္း ဂ႐ုစိုက္ပါ။အခ်စ္ေရးတြင္ စိတ္ မကစား မိပါေစနဲ႔။
လူရႈပ္လူေပြေတြနဲ႔ ၿငိစြန္းတတ္ပါတယ္။ ပညာေရး၊ စီးပြားေရး၊ အလုပ္ေတြ ႀကိဳးစားေနစဥ္မွာ အခ်စ္ ေရးက သင့္အတြက္ အေႏွာင့္အယွက္ ျဖစ္လာႏိုင္မည္။စိတ္ဆုံးျဖတ္ခ်က္မ်ား မတင္မက်ျဖစ္ေနတတ္သည္။
အရာ ရာကို သင့္ အျမင္ျဖင့္ ေျပာင္းလဲမႈမ်ား မလုပ္သင့္ေသးေပ။ မိဘႏွင့္ အိမ္ေထာင္ဖက္ၾကား၊သားသမီးႏွင့္မိဘၾကား ဗ်ာမ်ား ေနရျခင္းႏွင့္ စိတ္ဆင္းရဲမႈေတြ ႀကဳံမည္။ ေျခေထာက္ တစ္ဖက္ နာက်င္မႈ ျဖစ္မည္။
ရည္႐ြယ္ခ်က္ေတြ ေျပာင္းလဲမႈျဖစ္ လာမည္။ အေပါင္းအသင္းေကာင္း တစ္ေယာက္က သင့္ကို ကူညီပါလိမ့္မည္။ ရစရာ ရွိေသာ ေငြ ရလာ မည္။ စက္ပစၥည္း အသစ္ရမည္။ အိမ္ေထာင္ေရးကိစၥ အထင္လြဲခံရ တတ္သည္။
က်န္းမာေရးက ဝမ္းဗိုက္ ဂ႐ု စိုက္ပါ။ အစာေၾကလြယ္တဲ့အစာကိုပဲဦးစားေပးစားပါ။
အက်ိဳးေပးဂဏန္း ၂/၅/၉ အထူးေဟာ ကိုယ့္အားကိုယ္ကိုးပါ။ ယၾတာ ခ်ဥ္ေပါင္႐ြက္ႏွင့္ငါးေရာခ်က္ၿပီး ဘုရားရွင္အားဆြမ္းကပ္လႉပါ။
ၾကာသပေတး
ယခုကာလအတြင္း လုပ္ငန္းခြင္မွာရန္လိုေနမႈမ်ားကို ခ်ိန္ညႇိကာ ေဆာင္႐ြက္လိုက္လွ်င္ အဆင္ေျပသြားပါ လိမ့္မည္။ အရာရာကို သူ႔ေနရာႏွင့္သူ အံဝင္ခြင္က်ျဖစ္ေအာင္ ထားေပးလိုက္ပါ။ သင္၏မိသားစု၊ သို႔မဟုတ္ အျခား သူမ်ားႏွင့္ ေကာင္းစြာဆက္ဆံၿပီး အခြင္းေကာင္းမ်ားကိုရယူတတ္ပါေစ။
သင့္ခ်စ္ရသူႏွင့္ တင္းမာမႈမ်ား ေလ်ာ့က် သြား ၿပီး ေပ်ာ္႐ႊင္ခ်မ္းေျမ့မႈမ်ား ရွိလာပါလိမ့္မည္။ ကိုယ္ပိုင္အလုပ္စီးပြားမ်ားမိမိေပါ့ဆမႈေၾကာင့္ ဒုကၡအနည္းငယ္မွ် ႀကဳံေတြ႕ရႏိုင္ ပါသည္။ ခရီးအတိုအထြာ သြားရမည္။ အလုပ္ခြင္အတြင္းလက္၊ ေျခ၊ ေခါင္း ညႇပ္တတ္သည္။
ဂ႐ု စိုက္ပါ။ ရစရာ ရွိေသာအရာမ်ား ျမန္ျမန္ေတာင္းယူပါ။ သြားစရာရွိေသာ ခရီးမ်ား ျမန္ျမန္သြားပါ။ လုပ္စရာရွိေသာ အလုပ္မ်ား ျမန္ျမန္လုပ္ပါ။ ဝါသနာပါရင္ စ၊ဆ၊ဇ၊ည အကၡရာျဖင့္ ၃၊ ၉၊ ၆ပါေသာ ထီလက္မွတ္ကိုေ႐ြးခ်ယ္ ကံစမ္းေစခ်င္သည္။
ကတိတစ္ခု လြယ္လြယ္မေပးႏွင့္။ အလုပ္ကိစၥမွာ အႀကီးအကဲအထင္လြဲ ခံရတတ္သည္။ စကားေျပာဆင္ျခင္ပါ။ စကားရႈပ္ရတတ္သည္။ ေလာင္းကစားအလုပ္ေရွာင္ပါ။ ေငြကိုဝိသမေလာဘနဲ႔မရွာသင့္တဲ့ ကာလပါပဲ။
ကား၊ဆိုင္ကယ္ဂ႐ုစိုက္ေမာင္းပါ။ အိမ္ေထာင္ဘက္ရဲ႕ခ်စ္ခင္ယုယမႈကိုရမည္။ပညာေရးမွာေတာ့ ႀကိဳး စား ထားသမွ် အရာထင္ေအာင္ျမင္ပါလိမ့္ မယ္။
အက်ိဳးေပးဂဏန္း ၃/၆/၅ အထူးေဟာ အရာရာကို ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္ပါ။ ယၾတာ ကြၽဲေကာသီး ဘုရားကပ္လႉလိုက္ပါ။
ေသာၾကာ
ယခုကာလအတြင္း စိတ္ေအးခ်မ္းမႈကို ရွာေဖြပါ။ သင့္အေနျဖင့္ အတားအဆီးမ်ား အားလုံးကို ေက်ာ္လႊား သြား ေစပါလိမ့္မည္။ အခ်စ္ေရးတြင္ သင္စီစဥ္ထားသလိုမဟုတ္ပဲ ႏွစ္ကိုယ္တူရည္႐ြယ္ထားသည္မ်ားလည္း ျဖစ္ ေျမာက္ လာမည္မဟုတ္ပါ။
အေျပာလြယ္သေလာက္အလုပ္ခက္ ဟူသည့္ စကားအတိုင္းျဖစ္ေနသည့္ကာလေလးပါ။ ဤတစ္ပတ္အတြင္း လြယ္လြယ္ႏွင့္ အရာရာရမယ္လို႔ မယူဆလိုက္ပါႏွင့္။ ကံ၊ ဉာဏ္၊ ဝီရိယ၊ လုံံ့လ စိုက္ထုတ္ပါမွ အဆင္ေျပလာမွာပါ။ ခရီးေဝးယာယီေတြ ေရာက္မည္။
ရမည့္ေငြ ရခါနီးမွ ေႏွာင့္ေႏွးတတ္သည္။ အလုပ္အကိုင္ အဆင္ေျပသလို ျဖစ္ၿပီးမွ ထစ္ေငါ့မႈ အတိုက္အခံမ်ား မႈေတြ ႀကဳံရတတ္ပါသည္။အရာရာ၂ခါ ေဆာင္႐ြက္ရတတ္၍ ဂ႐ုစိုက္ပါ။လူငယ္ေလးမ်ား အိမ္ကေျပာစကားထက္ သူမ်ားေျပာတာကို ယုံၿပီး တဇြတ္ထိုးလုပ္မည္။
ေအာက္လက္ ငယ္သားေတြ၊ ဝန္ထမ္းေတြႀကိဳးစားမႈေၾကာင့္ မိမိအလုပ္ေတြသိသာထင္ရွားစြာ တိုးတတ္ မည္။ တစ္ခုၿပီးမွ တစ္ခု လုပ္ပါ။ ဆႏၵ မေစာပါႏွင့္။ ေဒါသမႀကီးႏွင့္။ သို႔ေသာ္ ရည္႐ြယ္ခ်က္ ႀကီးႀကီးထားပါ။
ေဆးစစ္၊ေဆးစားျခင္းမ်ား စတင္ေဆာင္႐ြက္လို႔အထူးေကာင္း သည္။ က်န္းမာေရးေကာင္းေနမည္။ နည္းပညာ ႏွင့္ ပက္သက္ေသာ ပညာ မ်ားရလြယ္ေနမည္။ စက္ပစၥည္းျပဳျပင္ ထိန္းသိမ္းတဲ့ ပညာမ်ားလဲရလြယ္ပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း ၄/၇/၀ အထူးေဟာ စကားအေျပာအဆိုဆင္ျခင္ေပးပါ။ ယၾတာ ေထာပတ္ထမင္း ဘုရားကပ္လႉလိုက္ပါ။
စေန
ယခုကာလအတြင္း လက္ေအာက္ငယ္သားမ်ားအတြက္ စိတ္ညစ္စရာမ်ား၊ စိတ္ေသာက ျဖစ္စရာမ်ား ႀကဳံ ေတြ႕ေနရတတ္သည္။ ေငြမ်ား ဒလေဟာထြက္ျခင္း၊ ေငြအတြက္ ေျပာဆိုေျဖရွင္းရျခင္းမ်ား၊ ေငြကိစၥႏွင့္ ပတ္သက္၍ စိတ္ေသာကမ်ား ေရာက္ရတတ္ပါသည္။
အိမ္၏ေခါင္းရင္းဘက္တြင္ အုတ္ခဲမ်ား လာပုံေသာ နိမိတ္ေတြ႕ပါက ထီႀကီးထိုးေပးပါ။ အက်ိဳးရွိေသာ ခရီးေကာင္းမ်ား သြားရတတ္ပါသည္။ ဌာနဆိုင္ရာအတြင္း မိမိ၏အထက္လူႀကီး အႀကီးအကဲမ်ားႏွင့္ ေဆြမ်ိဳးအႀကီးအကဲတို႔က အကူအညီ၊ အေထာက္အပံ့ ေကာင္းမ်ား ေပးၾကပါလိမ့္မည္။
အစစ္အေဆး ၊ အေမးအျမန္းလည္း ခံရတတ္ပါေသးသည္။ မိမိအိမ္ကို ျပဳျပင္ျခင္း၊ အိမ္အသစ္ရျခင္းမ်ိဳးလည္း ႀကဳံရတတ္ပါသည္။ ျပဳျပင္လိုက္ပါက ကံေကာင္းေသာ နိမိတ္မ်ားလည္း ေတြ႕ရတတ္ သည္။ က်န္းမာေရးအေနျဖင့္ ေသြးထြက္သံယိုမ်ား ျဖစ္တတ္ပါသည္။
စီးပြားေရးသမားမ်ား လုပ္ငန္းလုပ္ကိုင္ရာတြင္ အထူးသတိထား၍ လုပ္ကိုင္ ေဆာင္႐ြက္ပါ။ လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ရာတြင္ ဆုံးရႈံးနစ္နာမႈမ်ား ႀကဳံရတတ္ပါသည္။ မိမိပိုင္ပစၥည္းကို ေရာင္း၍ ရင္းႏွီးျမဳပ္ႏွံမႈ မျပဳလုပ္သင့္ပါ။
အခ်စ္ေရးမွာခ်စ္သူကအေျဖ ေပးဖို႔အခ်ိန္ဆြဲေနတတ္သည္။ ေျဖထားေသာစာေမးပြဲ ၊အင္တာဗ်ဴး၊ ပညာေရးရည္မွန္းထားေသာ အရာမ်ား ေအာင္ျမင္ၿပီဟု မွတ္ပါ။
အက်ိဳးေပးဂဏန္း ၁/၅/၇ အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ေပးပါ။ ယၾတာ ေပါက္ေပါက္ဆုပ္ဘုရားကပ္လႉေပးပါ။