သတင်း






 




အခု လည်း ဇနီးဖြစ်သူ ခင်စံပယ်ဦး ဟာ ခင်ပွန်းအတွက် အရမ်း စိုးရိမ် ပူပန်ပြီး နေ့စဉ်တိုင်းမျက်ရည် ကျနေရ ကြောင်း ကိုယောက်ျားအတွက်စိတ်ပူပြီး ငိုရ လွန်းလို့ မျက်ရည် တွေ တောင် ခမ်းတော့မယ် ဒါပေမယ့် လည်း မယိုင်လဲ သွားအောင်ကြိုးစား ပြီး အားတင်း ထားပါတယ် ဆိုပြီး ရင်ဖွင့် ရေးသား ဖော်ပြခဲ့ သည်ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။



Unicode Version

အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုလူမင်းအတွက် ရင်ဖွင့် စကားပြောလာတဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦး

လေးလ ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်တဲ့ ဒီ လှုပ်ရှားမှုကြီး ဟာခုဆိုရင် ပြည်သူ လူထုပါ မကျန်အနုပညာရှင် တွေအားလုံးဟာအတိုက် အခိုက် အန္တရာယ် တွေ ခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ ကြုံတွေ့ နေရ ပေမယ့်နောက်မဆုတ် ဘဲရှေ့ဆက် လှမ်းကာ အားတတ်သရော ရရာ နေရာက နေနိုင် သလောက် ပါဝင်နေကြဆဲပါ။

အနုပညာ ရှင်များက လည်း ပြည်သူ တွေနဲ့ အတူရပ်တည်ကာ လမ်းမပေါ် ထွက်ကာ လှုပ်ရှားမှု တွေ ပြုလုပ် သလို လိုအပ်တဲ့ ပစ္စည်းတွေ နဲ့အစား အသောက် အပြင် ခုဆိုရကျဆုံး သွားတဲ့ သူရဲကောင်း လေး တွေကို လည်းကူငွေ တွေ လှူဒါန်း ခဲ့တာကြောင့် ပြည်သူ အားလုံး က လေးစား နေရတာပါ။

 

ဒါ့ အပြင် သူတို့ရဲ့ သိန်းချီတဲ့ Follower တွေကိုအသုံးချကာ နိုင်ငံ တကာသိအောင် မှန်ကန် တဲ့သတင်း အချက် အလက် တွေကို လည်းအချိန် နဲ့ တစ်ပြေး ညီ ဖြစ်ပျက် သမျှ အားလုံး ကိုဖော်ပြ ခဲ့တာ လည်း ဖြစ်ပါ တယ်။

ဒီလိုအားကြိုးမာန်တတ်ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာအန်ကယ်လေးလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့လူမင်းလည်းပါဝင်ခဲ့ပါတယ်။ခုဆိုရင် လူမင်း ဟာCDM မှာ ပါဝင်ရန် ဝန်ထမ်းတွေကို နှိုးဆော် ပေးခဲ့ တာ ကြောင့် ထိန်းသိမ်းခံ ထားရ တာလည်း ဖြစ်ပါတယ်။အားလုံး က လူမင်းနဲ့ ပတ်သက်ပြီး စိတ် မကောင်း ဖြစ်နေ ကြတာလည်း အမှန်ပါပဲ။

အခု လည်း ဇနီးဖြစ်သူ ခင်စံပယ်ဦး ဟာ ခင်ပွန်းအတွက် အရမ်း စိုးရိမ် ပူပန်ပြီး နေ့စဉ်တိုင်းမျက်ရည် ကျနေရ ကြောင်း ကိုယောကျ်ားအတွက်စိတ်ပူပြီး ငိုရ လွန်းလို့ မျက်ရည် တွေ တောင် ခမ်းတော့မယ် ဒါပေမယ့် လည်း မယိုင်လဲ သွားအောင်ကြိုးစား ပြီး အားတင်း ထားပါတယ် ဆိုပြီး ရင်ဖွင့် ရေးသား ဖော်ပြခဲ့ သည်ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီး အားလုံး လည်း အန်ကယ်လေးအတွက် ဝိုင်းပြီး ဆုတောင်း ပေးကျ ပါဦးနော်။စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကျပြီးလိုအင် ဆန္ဒ များလည်း အမြန်ဆုံး ပြည့်ကျ ပါစေ လို့ဆုမွန် ကောင်း တောင်း ပေး လိုက် ပါတယ်။

crd; realnewscelethatin celethatin