ဝိတ်ချနေသူတွေ ညဘက်မှာ စိတ်ချလက်ချ စားသုံးနိုင်တဲ့ အစားအစာ (၅) မျိုး
ဝိတ်ချနေတဲ့သူ တော်တော်များများဟာ ညဘက်မှာ အစားရှောင် တာမျိုး ပြုလုပ် တတ်ကြေ ပမယ့် ဝိတ်ကျချင်တာ နဲ့တော့ အလွန်အကျွံတွေ အငတ်ခံစရာ မလိုပါဘူး
ပျိုမေတို့ရေ။ ဘာဖြစ်လို့လဲ ဆိုရင်တော့ အခုပြောပြပေးမယ့် အစားအစာတွေ ဟာ ဝိတ်တက်မှာ ပူစရာမလိုဘဲ စိတ်ချလက်ချ စားလို့ရ လို့ပဲ ဖြစ် ပါတယ်။
(၁) ကြက်ဥ
ကြက်ဥပြုတ်ဟာ ဝိတ်ချနေ သူတွေ အဖို့တော့ ညဘက်မှ ာသာမက တနေကုန် ဗိုက်ဆာတဲ့ အချိန်တိုင်း စိတ်ကြိုက် စားသုံ းနိုင်တဲ့ အစားအစာ တခုပါ။ ကြက်ဥပြုတ် တလုံးမှာ 75 kcal သာ ပါဝင်တာကြောင့် ဝိတ်တက်မှာ စိုးရိမ်ဖို့ မလိုဘဲ စားသုံးနိုင် ပါတယ်
(၂) ပန်းသီး
ပန်းသီးဟာ ဆိုရင်လည်း ဝိတ်ချနေသူတွေ ညဘက်ဗိုက်ဆာတဲ့ အခါ စိတ်ချက်လက်ချ စားနိုင်တဲ့ အသီးအနှံတခုပါ။ ပန်းသီးမှ ာပါဝင်တဲ့ အမျှင်ဓာတ်နဲ့ pectine ဓာတ်ဟာ အစာခြေ နှုန်းကို နှေးကွေး စေတာကြောင့် ဗိုက်ပြည့်နေသလို ခံစား ရစေမှာပါ
(၃) ငါး
ငါးမှာပါဝင်တဲ့ omega-3 fatty acid ဟာ အဝလွန်ခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။ တကယ်လို့ ညဘက်တွေမှာ ဝိတ်တက်မှာစိုးလို့ ထမင် းမစားဘူး ဆိုရင်တောင် ငါးကို အသီးအရွက် တမျိုးမျိုးနဲ့ ရောပြီး ဗိုက်ပြည့်အောင် စားနိုင် ပါတယ်။
(၄) အသီးအရွက်တွေ
ကိုယ်က ညဘက်တွေ ဗိုက်ဆာ တတ်တယ်၊ ဒါပေမယ့် ဝိတ်ချနေလို့ ဘာမှမစားဘူး ဆိုပြီး အငတ်ခံ စရာမလိုပါဘူး။ အသီးအရွက်ေ တွဟာ ကယ်လိုရီ ပါဝင်မှု နည်းပါး တာကြောင့် ဝိတ်တက်မှာ ပူစရာမလိုဘဲ ကြိုက်သလောက် စားနိုင် ပါတယ်။
(၅) ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူး ပေါက်ပေါက်လို ့ပြောလို့ ထောပတ်တွေ အများကြီးနဲ့ ထောပတ်ပေါက်ပေါက်ကို ပြောတာ မဟုတ်ပါဘူးနော်။
ဘာအရသာမှ မထည့်ထားတဲ့ original popcorn တွေဟာ ဝိတ်တက်မှာလည်း မစိုးရိမ်ရတဲ့အပြင် အဆာလည်း ခံစေတာကြောင့် ကြိုက် သလောက်စား လို့ ရပါတယ်
(၁) ကြက်ဥ
(၂) ပန်းသီး
(၃) ငါး
(၄) အသီးအရွက်တွေ