Uncategorized

အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

ညဘက် တီဗီဇာတ်လမ်းရှည်တွေ ကြည့်သူတွေ၊ ဂိမ်းကစားသူတွေ၊ Chatting ထိုင်သူတွေဟာ များသောအားဖြင့် အိပ်ရေးပျက်ကြလေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အိပ်ချိန်လုံလုံလောက်လောက်ရဖို့ လိုအပ်ပါတယ်

ညဘက် အိပ်ရေးပျက်ထားရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်၊ အဆင်မပြေတာတွေ ကြုံတွေ့နိုင်တဲ့အပြင် အိပ်ရေးမဝတာကြောင့် စိတ်တိုလွယ်တာတွေ ဖြစ်လာတက်ပါတယ်။ ဒါတွေအပြင် ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေး နဲ့ မှတ်ဥာဏ် ထိခိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ kwee page က အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အကြောင်းပြောပြပေးသွားမှာပါ။

လက်ရှိအသက်အရွယ်ထက် ပိုပြီး ရုပ်ရင့်စေတယ်

အိပ်ချိန်ပုံမှန်မရှိခြင်းဟာ အသားအရေညစ်ပြီး အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်စေနိုင်ပါတယ်။။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က (cortisol) ဟော်မုန်းတွေပိုထွက်လာပြီး အသားအရေချောမွေ့စေဖို့၊ တင်းရင်းစေဖို့ထိန်းသိမ်းပေးတဲ့ အရေပြားကော်လက်ဂျင် တွေကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ရှိ့ရင်းအသက်အရွယ်ထက် ပိုပြီးရုပ်ရင့်စေတာပါ။

မှတ်ဉာဏ် ထုံထိုင်းလာနိုင်တယ်

အိပ်ရေးပျက်ရင် တွေးခေါ်ဆင်ခြင်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတို့လို ဉာဏ်စွမ်းရည်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအားနည်းလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်

စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်

ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုတွေအရ ညအိပ်မပျော်ခြင်းက စိတ်ကျရောဂါနဲ့ဆက်နွှယ်နေကြောင်း တွေ့ရှိထားပါတယ်။ အိပ်ရေးပျက်ထားရင် လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၊ လေးတိလေးကန်ထိုင်းမှိုင်းမယ်၊ စိတ်ဆတ်မယ်၊ စိတ်ညစ်ညူးနေမယ်။ ဘာမှအလုပ်မဖြစ်တော့ စိတ်ဓာတ်ကျတဲ့အတွေးတွေဝင်လာနိုင်တယ်။

ကိုယ်အလေးချိန်တက်လာမယ်

အိပ်ရေးပျက်ရင် အစာစားချင်စိတ်ပိုလာတက်ပါတယ်။ ပြီးတော့ အဆီများ၊ အချိုများပြီး ကျန်းမာရေးနဲ့မညီတာတွေကိုမှ ပိုစားချင်တတ်တာဖြစ်လို့ အဝလွန်ခြင်းကို ဦးတည်လာနိုင်တယ်။