(၂) ခါ (၃) ခါ လုပ်ကြည့်ရုံနဲ့ ဆံပင်ကျွတ်တာ နှစ်ခွဖြစ်တာ ထိပ်ပြောင်တာ ဆံပင်ဖြူ နေရာက ပြန်ကောင်းလာတဲ့ ဆေးနည်းပါ
၂)ခါ (၃)ခါလုပ်ကြည့်ရုံနဲ့ ဆံပင်ကျွတ်တာ၊ နှစ်ခွဖြစ်တာ၊ ထိပ်ပြောင်တာ၊ ဆံပင်ဖြူနေရာက ပြန်မည်း(မဲ)၊ ဆံပင်ထူထူသိပ်သိပ် ပြန်ဖြစ်လာတယ်။
ကိုယ့်ကိုယ်ကို သဘောအကျဆုံးက ဆံပင်ပဲ။ fb ကနေ ဆေးနည်းတစ်ခု စမ်းလုပ်ကြည့်တာ (၂,၃) ကြိမ် လိမ်းကြည့်တာနဲ့သိသာလာတယ်။
ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်တွေကျွတ်တာ ဆံပင်မသန်တာတွေ၊ခေါင်းကအမာရွတ်က ဆံပင်ပြန်မပေါက်တာ၊ဆံပင်ပြန်ပေါက်ပြီး နက်မှောင်သန်စွမ်း အရှည်မြန်လာတာ ကိုယ်တွေ့အသုံးပြုနေတဲ့ ဆေးနည်းလေးကို ချစ်သောfri´တွေကို မျှဝေပေးချင်ပါတယ်။
ပထမဦးစွာရှားစောင်းလက် ပတ်´၂ချပ် ၃ချပ်လောက် ရှာပြီး ဘေးအစွန်းနှစ်ဘက် လှီးဖြတ်ပြီး အနေတော် အတုံးလေးတုံးထား ပါ။
အုန်းဆီစစ်စစ် (၁၀)သားကို မီးဖိုပေါ်တင် အပူပေးပြီး စောစောက တုံးထားတဲ့ ရှား စောင်းလက်ပတ်တုံးတွေ ထည့်ပြီး မွှေ(ကြော်) ရှားစောင်းလက်ပတ် ခပ်ဝါဝါအရောင်သို့ ပြောင်းလာပြီဆိုရင် ဇကာနဲ့စစ် ဆီပဲယူထားပါ။
ကြက်သွန်ဥနီ အနေတော်(၂)လုံးကိုထောင်း (သို့) Belender နဲ့ကြိတ်ပြီး ရေစစ်အသေး(သို့) ပိတ်ဖြူစနဲ့ အရည်ညှစ်ချကာ ခုနက အအေးခံထားတဲ့ ဆီထဲ ကြက်သွန်ဥနီအရည် လောင်းထည့်ပါ။
ရေမချိုးခင် ဦးရေပြားကို နှိပ်နှယ်ရင်း ခပ်ရွှဲရွှဲ လိမ်းပေးပါ။ မိနစ်(၂၀)လောက် ခဏထားပြီး ခေါင်းလျှော်ချလိုက်ပါ။ဆံပင်ခြောက်တာနဲ့ ကိုယ့်ဆံပင်က ဆံသားပျော့အိအိ အရသာလေးကိုက ထူးခြားနေပါလိမ့်မယ်။
(၂)ခါ (၃)ခါ လုပ်ကြည့်ရုံနဲ့ ဆံပင်ထူထူသိပ်သိပ် ပြန်ဖြစ်လာပြီး ဆံပင် ကျွတ်တာ၊ နှစ်ခွဖြစ်တာ၊ ထိပ်ပြောင်တာ၊ ဆံပင်ဖြူနေရာက ပြန်မည်း(မဲ)လာတာတွေသိသာလာပါတယ်။
စမ်းပြီးလုပ်ကြည့်ပါနော်။အရမ်းကောင်းတာ Sabai Phyu ကိုယ်တွေ့ လက်တွေ့မလို့ ချစ်မိတ်ဆွေများကို ပြန်လည်မျှဝေပေးလိုက်တာပါ။အော်… အုန်းဆီ(၁၀)သားကို ကြက်သွန်ဥနီ (၂)လုံးပဲနော်။
ဆီနဲ့ ကြက်သွန်ဥနီ ဆတူမရောလိုက်နဲ့။ အရည်များသွားရင်အနံ့စွဲပြီး ရေသပ်သပ် ဆီသပ်သပ် ဖြစ်သွားတာကြောင့် အကောင်းဆုံး စမ်းသပ်ရောစပ်ပြီးမှ သတိပေးရတာပါရှင်။
အရမ်းကောင်းပြီး ကိုယ်တွေ့မို့ မျှဝေခြင်းသာ ဖြစ်ပါသည်။ လှပပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ကြပါစေ..။
Credit : Sabi Phyu
Credit : Sabi Phy