နံပါတ် ၁
သင်ဟာ မနက်ဖြန်ကျရင် သူများနဲ့မတူပဲ အောင်မြင်စေမယ့် စိတ်ကူးအကြံဉာဏ်ကောင်းတွေ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မနက်ဖြန်မှာ အကြံတစ်ခုရလာပြီဆိုရင် နီးစပ်ရာ စာအုပ်တစ်အုပ်မှာ ချရေးထားလိုက်ပါ။ ဒီအကြံအတိုင်း သင်ဟာ လုပ်ဆောင်မယ်ဆိုရင် အနာဂတ်မှာ သင့်အတွက် အောင်မြင်မှုတွေ တပွေ့တပိုက်ကြီး ရရှိစေမှာပါ။ တကယ်လို့ မနက်ဖြန်မှာ သင့်အတွက် ကောင်းမွန်တဲ့အကြံဉာဏ်တွေ ရမလာဘူးဆိုရင်တောင် သင့်ကိုအောင်မြင်မှုတွေ ဆောင်ကျဉ်းပေးမယ့် အခွင့်အလမ်းတွေအများကြီး ရလာနိုင်ပါတယ်။ မနက်ဖြန်အတွက် ပျော်နေလိုက်တော့နော်….
နံပါတ် ၂
မနက်ဖြန်ကျရင် သင့်မျက်နှာမှာ တစ်နေကုန် အပြုံးတွေဝေဖြာနေပါလိမ့်မယ်။ ဖြစ်နိုင်တာက သင်နှစ်ရှည်လများစွာ ရည်မှန်းထားတဲ့ တစ်ခုခု အောင်မြင်သွားလို့ ဒါမှမဟုတ် ရရှိလာလို့ ပျော်နေတာပါ။ ဒါကြောင့် မနက်ဖြန်ကျရင် သင့်အနေနဲ့ အတတ်နိုင်ဆုံး ဘယ်အရာကိုမဆို အကောင်းမြင်ပေးပြီး မိမိကိုယ်ကို ပျော်ရွှင်အောင်နေပါ။ ဘယ်အရာကမှ သင့်ပျော်ရွှင်မှုတွေကို ပြတ်သုဉ်းသွားအောင် လုပ်ခွင့်မပေးပါနဲ့နော်….
နံပါတ် ၃
မနက်ဖြန်ဟာ သင့်အတွက် ခက်ခဲပင်ပန်းပြီး ရှည်လျားတဲ့နေ့တစ်နေ့ ဖြစ်နေပါလိမ့်မယ်။ ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတာပါ။ ပျော်ရွှင်မှုတွေလည်း ရှိနိုင်သလို ဝမ်းနည်းစရာ စိတ်အားငယ်စရာတွေလည်း ရှိလာနိုင်ပါတယ်။ မနက်ဖြန် သင့်အနေနဲ့ ဘာမဟုတ်တဲ့ အရာလေးတစ်ခုကနေ ပြဿနာတက်မှာပါ။ ဒါပေမယ့် ဒီပြဿနာတွေကို ကြံ့ကြံ့ခိုင်ပြီး ရင်ဆိုင်လိုက်မယ်ဆိုရင် သင်ဟာအခုထက် ပိုသန်မာပြီး ပိုတော်လာမှာပါ။ သင့်မှာ ပျော်စရာတွေ မရှိရင်တောင် ရှာကြံပြီး ပျော်ရွှင်အောင် နေတတ်ရပါမယ်
နံပါတ် ၎
မနက်ဖြန်ဟာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာအရ ငြိမ်းချမ်းမှုတွေ ရရှိမယ့်နေ့တစ်နေ့ဖြစ်ပါတယ်။ အခုနောက်ပိုင်း သင်ဟာ နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေပြီး ပင်ပန်းနေတတ်ပါတယ်။ မနက်ဖြန်ဟာ သင့်အနေနဲ့ ဒီအခြေအနေတွေကို ဖယ်ထုတ်ဖို့ အကောင်းဆုံးနေ့တစ်နေ့ပါ။ သင့်ကို ပင်ပန်းစေတဲ့အတွေးတွေနဲ့ ဖြစ်စဉ်တွေက လွတ်မြောက်စေပြီး ငြိမ်းချမ်းမှုတွေကို ယူဆောင်ပေးပါလိ့မ်မယ်။ ဒါကြောင့် မနက်ဖြန်ကျရင် အနာဂတ်မှာ သင်လုပ်ဆောင်မယ့် အစီအစဉ်တွေကို အစီအစဉ်ဆွဲတာ၊ ဆုံးဖြတ်တာ အကောင်းဆုံးအချိန်ပါပဲ။
credit to lotaya