ဟာသ
အပျိုကြီး – “Hi .. မောင်လေး
ကောင်လေး – “Hi Hi … မမ”
ကောင်လေး – “ဝေပုလ္လပါ…. ”
ကောင်လေး – မဟုတ်ပါဘူး။
တိန် …!
#Credit
Unicode,
အပျိုကြီးကုန်းရွာသား မောင်လေး တစ်ယောက်ကို သွားကြူမိလိုက်တဲ့ အပျိုကြီးတစ်ယောက်ရဲ့ အဖြစ်
ဆိုးပါ့ကွယ်..အပျိုကြီးဘဝ ( စလိုက်ဦးမည် )
အပျိုကြီး – “Hi .. မောင်လေး”
ကောင်လေး – “Hi Hi … မမ”
အပျိုကြီး – “မောင်လေးက ဘယ်ကလဲဟင်။
ပလုံဖိုင်းပုံလေးကတော့ အလွင့်လေးနော့.. ခိ၊ အပြင်မှာရော ချောလား”( ရရာဆွဲ စပ်စု ရမှာပဲလေ )
ကောင်လေး – “ပရိုဖိုင်းပုံ အမှန်ပါ မမ”
အပျိုကြီး – “လူချောလေးပဲ။ ဘယ်မှာ နေတာလဲ ဟင်”( ပုံကတော့.. ခိုက်စရာ။ ကံ ထလာပြီ ထင်ရဲ့ ခိ ခိ )
ကောင်လေး – “ဟုတ်ကဲ့… အပျိုကြီးကုန်း ရွာကပါ ”
အပျိုကြီး – “ဟယ် … အဆန်းဂျီး အေ..”(အမလေး လန့်ထှာ။ ရွာနာမည်ကို )
“ဒါနဲ့ မောင်လေး… နာမည်က ကော ”
ကောင်လေး – “ဝေပုလ္လပါ…. ”
အပျိုကြီး – “ဟယ် ကန်တော့ ကန်တော့ ဦးဇင်းလေး ကိုး “(လွဲပြန်ပြီ… ဒီတစ်ခါလည်း အဟင့်)
ကောင်လေး – မဟုတ်ပါဘူး။
ဦးဇင်း ဝတ်တုန်းက နာမည် တွင်နေတာပါ။
လူထွက်တာ ရှစ်လရှိပါပြီ”
အပျိုကြီး – “အော် .. အစောကတည်းက ရှင်းအောင် ပြောပါလား အေ”
(တော်သေးတာပေါ့ သွားပြန်ပြီ ထင်နေတာ။ နည်းနည်း ရှေ့ဆက် တိုးကြည့်ဦးမှ… ယေ့ ယေ့ )
“ဒါနဲ့ .. ယူက အခု ဘာအလုပ် လုပ်နေလဲဟင်။ အဆင်ပြေလား လူချောလေးပဲ.. အဆင်ပြေမှာပေါ့နော့ ”
ကောင်လေး – “မိတ်ကပ်အလှ ဖန်တီးရှင်လေ၊ အပျိုကြီးကုန်းရွာမှာ.. မာမီဝေဆို ဘယ်သူ့မေးမေး ရတယ်.. သက်လား ”
အပျိုကြီး – “အော် .. အဲ … အင်း.. ကောင်းပါတယ် ကြိုးစားနော်.. ဒါပဲ.. ဒါပဲ ”
(အံ့သြပအေ။ ငါ့နှယ် .. စွံဖို့ကံကို မပါသေးပါဘူး .. အဟင့်.. အဟင့် )
အရေးထဲမှဘဲ ကိုရင်လူထွက် အခြောက်မနဲ့ လာတွေ့နေတယ်……
တိန် …!
#Credit