တစ်ချိန်က မြို့ကြီးမှာ အလုပ်တစ်ခုရှာဖို့ ဆုံးဖြတ်ခဲ့တဲ့ လူတစ်ယောက်ရှိပါတယ် ။ သူက ဇနီးနဲ့ကလေးကို အလုပ်ရှိမှ သူ့မိသားစုကိုထောက်ပံ့နိုင်မယ်ဆိုပြီး သူတို့ရဲ့ဘဝများကို ပိုမိုကောင်းမွန်အောင်ပြောင်းလဲရမယ်လို့ ကတိပေးထားခဲ့ပါတယ် ။ သူ့ဇနီးက သူ့ရဲ့
ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပြီး သူမရဲ့ခင်ပွန်းကို မြို့တော်သို့ ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး ဇနီးကိုတစ်ဦးတည်းသောသားနဲ့အတူထားရစ်ခဲ့ပါတယ် ။ သူမရဲ့ခင်ပွန်းသွားတဲ့အခါ သူမအမြဲအထီးကျန်နေတယ်လို့ခံစားရပြီး သူ့ကိုအလွန်လွမ်းဆွတ်နေတာကြောင့် နေ့တိုင်းပြန်လာဖို့ သူမစောင့်နေခဲ့ပါတယ် ။ အစပိုင်းမှာတော့ယောက်ျားက သူ့ဇနီးဆီကိုပိုက်ဆံပို့ပြီး တစ်နေ့က်ု အကြိမ်အနည်းငယ်

ဖုန်းဆက်ခဲ့ပါတယ် ။ မကြာခင်မှာပဲ သူဟာပိုက်ဆံမပို့တော့ဘဲ သူမကိုပုံမှန်အတိုင်းဖုန်းဆက်လိုက်တယ် ။ ထိုသူဟာ ရွာမှာကျန်ရစ်ခဲ့
တဲ့ သူ့ဇနီးနဲ့သားကို မေ့သွားသလို ဖြစ်လာခဲ့ပါတယ် ။ အဲ့ဒီနောက် သူ့ဇနီးက ခင်ပွန်းဆီက ပိုက်ဆံမလည်းမလာ ဖုန်းလည်းမလာတော့တာကြောင့် မြို့တက်ပြီး ခင်ပွန်းကို ရှာရန် ကြိုးစားခဲ့ပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး ။
နောက်ပြီးသူမဟာ သစ်သီးတွေရောင်းပြီး သားလေးနဲ့အတူ ကိုယ်တိုင် အသက်မွေးဝမ်းကျောင်း ရှာဖွေခဲ့ပါတယ် ။ သုံးနှစ်ကုန်လွန်သွားတဲ့အခါ သူမရဲ့အိမ်ရှေ့မှာ ခင်ပွန်းဖြစ်သူက ဈေးကြီးတဲ့ ကားတစ်စီးနဲ့ ရုတ်တရက် သူတို့ရဲ့အိမ်ကို ရောက်လာခဲ့ပါတယ် ။ ခင်ပွန်းရဲ့ ဘယ်လောက်ချမ်းသာလာတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့အိမ်နီးချင်းတွေက ထိုအမျိုးသမီးရဲ့ဆင်းရဲဒုက္ခမှုတွေ အဆုံးသတ်သွားပြီးဆိုပြီး ထိုသူဟာ သူ့မိသားစုကိုချီဆောင်ရန် လာတယ်လို့ ထင်မြင်ကြပါတယ် ။ ဒါပေမဲ့ ထိုညမှာ ယောက်ျားက သူ့ဇနီးကို ကွာရှင်းရန်သာလာတယ်လို့ ပြောကြားခဲ့တာပါ ။ ထိုလူက နှစ်တွေကွဲကွာပြီးနောက် သူမကို မချစ်တော့လို့ ပြောခဲ့ပါတယ် ။ အမှန်တရားမှာ သူကနုပျိုလှပပြီး ချမ်းသားတဲ့မငယ်ရှိပြီး မြို့မှာသူနဲ့အတူနေထိုင်ခဲ့တာပါ ။
ထိုလူရဲ့စကားကြောင့် ဇနီးက တုန်လှုပ်သွားပြီး “ ငါတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာမရှိဘူးတော့ဘူးလား။ ချစ်ခြင်းမေတ္တာမဟုတ်ရင် မင်းပြန်လာမဲ့နေ့တွေကို ငါစောင့်နေဦးမလား။ ” လို့ ဆိုလိုက်ပါတယ် ။ “ ငါအိမ်လာတဲ့အထိ စောင့်နေပါလို့ ဘယ်သူမှမပြောဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေ့မင်းနဲ့ကွာရှင်းမယ် ။ ငါမင်းကိုမချစ်တော့ဘူး” လို့ ထိုလူက ရက်စက်စွာပြန်ပြောခဲ့ပါတယ် ။
“ ဒါပေမယ့်ငါတို့သားကော။ ငါသူ့ကိုမထိခိုက်စေချင်ဘူး။ ” လို့ ဇနီးက ပြောလိုက်တယ် ။ နင်နဲ့ အတူနေချင်နေ၊ ငါနဲ့လိုက်ပြီးနေချင်နေ ၊
ဂရုမစိုက်ဘူး။”လို့ ဆိုပါတယ် ။ ထို့နောက်ထိုအမျိုးသမီးက သဘောတူလိုက်ပြီး သူမရဲ့သားက သူမကို ရွေးချယ်လိမ့်မယ့်လို့ ယုံကြည်ခဲ့
ပါတယ် ။ သူတို့က သူတို့ကွာရှင်းမှုသွားလျှောက်တဲ့
နေ့မှာ တရားသူကြီးက ကွာရှင်းပေးခဲ့ပြီးနောက် သားဖြစ်သူကို ဘယ်မိဘနှာဲ့ အတူနေထိုင်လိုလဲ ဆိုပြီး မေးမြန်းခဲ့ပါတယ် ။ သားက“ အဖေနဲ့အတူနေချင်တယ်။ ငါ့အဖေက ချမ်းသာတယ်။ အဖေနဲ့နေမယ်ဆိုရင် သားလိုချင်တာမှန်သမျ သားရမယ် ။ အမေနဲ့ဆို စားစရာ
အသီးလေးတောင်မဝယ်ပေးနိုင်ဘူး ။ ကျွန်ုပ်အဖေနဲ့အတူနေလိုပါတယ် ။ ” လို့ ပြောပါတယ် ။ သူမက သူမရဲ့သားကို “ သား၊ ဘာလို့ မေမေ နဲ့ အတူနေချင်တာလဲ။ အခုကစပြီး သားလိုချင်တာမှန်သမျှ မေမေဝယ်ပေးမယ်” လို့ ဂတိပေးခဲ့ပေမဲ့ သားကခေါင်းခါပြီး“ အမေကိုမကြိုက်ဘူး” ဟုပြောပါတယ် ။
သားက အဖေနဲ့မြို့တော်ကို မပြောင်းရွှေ့ခင်မှာ မိခင်ဖြစ်သူက သူ့ကို အစားအစာနဲ့ကစားစရာများဝယ်ခဲ့ပေမယ့် သားက ပစ်ချလိုက်ပြီး ကားကိုဖွင့်ဖို့ ဖခင်ကိုတိုက်တွန်းခဲ့ပါတယ် ။ သူမသားဖြစ်သူပြုမှုတာကိုမြင်တော့ အမျိုးသမီးရဲ့နှလုံးသားက အပိုင်းအစများစွာ ကျိုးပဲ့သွား
ခဲ့ပါတယ် ။ သူမဟာ သားကိုမြို့ထဲမှာတွေ့ဖို့ အကြိမ်များစွာကြိုးစားခဲ့ဖူးသော်လည်း ဘတ်စ်ကားဂိတ်သို့ရောက်တဲ့အခါတိုင် မြို့ကြီးမှာ သူမသားကို ဘယလိုရှာရမာကို မသိတာကြောင့်ရွာကို လှည့်ပြန်သွားခဲ့ပါတယ် ။ တစ်နေ့မှာ ထိုမိန်းမဟာ ဒေါ်လာ ၁၀၀၀ တန်ချက်လက်မှတ်ကို သူမရဲ့စာဖြင့် လက်ခံရရှိခဲ့ပါတယ် ။
သူမဟာ ချက်လက်မှတ်ကို ဘယ်သူ့ဆီကလာတာမသိလို့ ပိုက်ဆံကို မယူရဲခဲ့ပါဘူး ။ ထိုနေ့မှစပြီး တူညီတဲ့ငွေပမာဏနဲ့အတူချက်လက်မှတ်ဟာ သူမရဲ့ အီးမေးလ်ကို လစဉ်လတိုင်းရောက်ရှိလာခဲ့ပြီး ဒီဆင်းရဲ့သားမိခင်ဟာ အလှူရှင်က ငွေကိုအသုံးပြုဖို့အတွက်
အကောင်းဆုံးရည်ရွယ်ချက်ဘယ်လို့ ထင်တာကြောင့် ထိုအမျိုးသမီးက ပိုက်ဆံကိုလက်ခံခဲ့ပါတယ် ။ နွေဦးရာသီတစ်နေ့မှာ ထိုအမျိုးသမီးက စာတစ်စောင်ထပ်မံလက်ခံရရှိခဲ့ပါတယ် ။
“အမေဘယ်လိုနေလဲ ကျွန်တော်အမေ့ကို စွန့်ခွာပြီးတဲ့နောက် အမေအရမ်းခံစားခဲ့ရမယ်ဆိုတာ သားသိပါတယ် ။ အမေ့ကို ကျွန်တော်အရမ်းချစ်တယ် ။ သားအဖေနဲ့အတူနေဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်းရင်းကို အမေသိဖို့လိုတယ် ။ အဖေကကျွန်တော့်ကို အမြဲတမ်း
ပိုက်ဆံပေးပြီး သားက အမေ့ဆီကို ငွေပို့နိုင်မယ်လို့ ယုံကြည်ထားလို့ပါ ။ အဲဒီလိုမှ အမေဈေးမှာသစ်သီးတွေကို ဘယ်တော့မှ မရောင်းရ
တော့ဘူး ။ အမေ, ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ သားကိုစိတ်မပူပါနဲ့ တစ်နေ့အိမ်ကို သားဆက်ဆက်ပြန်လာမယ် ။ မေမေက သားရဲ့ထာဝရအမေပါဘဲ ” ဆိုတဲ့ စာစောင်ဖြစ်ပါတယ် ။ သူမသားရဲ့ စာကိုဖတ်ပြီးတဲ့အခါ ထိုအမျိုးသမီးက မျက်ရည်မဆည်နိုင်တော့ဘဲ သူမ
ဟာ ငိုကြွေးခဲ့ပါတယ် ။ နောက်ဆုံးတော့ သားဖြစ်သူက သူမကိုထားခဲ့ဖို့ ဘယ်တော့မှမရည်ရွယ်ဘူးဆိုတာသိလိုက်ပြီး တစ်နေ့သူတို့အတူတူပျော်ရွှင်စွာအတူနေသွားမှာပါဆိုတဲ့စိတ်နဲ့ သူမပျော်ရွှင်ခဲ့ပါတယ် ။