အေထြအေထြဗဟုသုတ

သာမန်ရွယ်တူများနှင့်မတူဘဲ အရပ် ၇ ပေ ၅ လက်မ (၂.၂၆ မီတာ)အထိရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး

တရုတ်နိုင်ငံရှိ Shandong ပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် Zhang Ziyu အမည်ရှိအမျိုးသမီးရဲ့အရပ်ဟာ ပုံမှန်သူမအရွယ်ရှိတဲ့အသင်းဝင်များထပ် အရပ်ရှည်ကာ ၇ ပေ ၅ လက်မ (၂.၂၆ မီတာ) ရှိနေပြီး ဆယ်ကျော်သက်ဘတ်စကက်ဘောအသင်းမှာ သူမပါဝင်တာနှင့်ပတ်သက်ပြီး သူမရဲ့အကြောင်းဟာ တစ်

 

ကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့သွားခဲ့ပါတယ်။လူအများက Zhang အား အရပ် ၇ ပေ ၆ လက်မ (၂.၃၁ မီတာ) ရှိတဲ့ တရုတ်ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်တဲ့ Yao Ming နှင့်နှိုင်းယှဉ်မှုများ ပြုလုပ်ခဲ့ကြပြီး netizen များက Yao Ming ရဲ့ခြေရာနောက်လိုက်ရန်အတွက် သူမ ကို ထောက်ခံအားပေးနေခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Hubei ပြည်နယ် ၊ Jingzhou မြို့မှာကျင်းပတဲ့ အသက် ၁၅ နှစ်အောက် 42-point game ပြိုင်ပွဲမှာ Zhang ဟာ 25 rebounds and six blocks ရရှိိခဲ့တဲ့အကြောင်းဟာ Weiboပေါ်မှာ ပျံ့နှံ့သွားတာကြောင့် လူများက သူမရဲ့အကြောင်းကို ပိုမိုသိရှိလာခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ Global Times သတင်းစာအရ Zhangဟာ ပထမတန်းမှာ အရပ် ၁.၆ မီတာရှိပြီး ခြောက်တန်းမှာတော့ ၂.၁ မီတာကျော်လာခဲ့ပါတယ်။ပြည်တွင်းသတင်းမီဒီယာများက Zhang ရဲ့မိဘများဟာ

ပရော်ဖက်ရှင်နယ်ဘတ်စကက်ဘောကစားသမားများဖြစ်ပြီး သူမရဲ့မိခင် Yu Ying က တရုတ် Chinese national အသင်းဝင်တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Zhang ရဲ့အရပ်က အရပ် (၂.၁၃ မီတာ)ရှိတဲ့ဖခင်ဖြစ်သူ နှင့် အရပ် (၁.၉၈ မီတာ) ရှိတဲ့မိခင်ဖြစ်သူတို့ထက် ပိုမိုရှည်ထွက်နေခဲ့ပါတယ်။အချို့ဆိုရှယ်မီဒီယာသုံးစွဲသူများက သူမ အသက်ကြီးကာ ကြီးထွားလာတာနှင့်တစ်ပြိုင်နက် သူမ ဘယ်ထိဆက်လက်မြင့်မားလာမှာကို စိတ်ဝင်တစားရှိနေကာ စောင့်ကြည့်နေခဲ့ကြပါတယ်။

 

Mia (kbdailynews

Zawgyi

တ႐ုတ္ႏိုင္ငံရွိ Shandong ျပည္နယ္မွ အသက္ ၁၄ ႏွစ္အ႐ြယ္ Zhang Ziyu အမည္ရွိအမ်ိဳးသမီးရဲ႕အရပ္ဟာ ပုံမွန္သူမအ႐ြယ္ရွိတဲ့အသင္းဝင္မ်ားထပ္ အရပ္ရွည္ကာ ၇ ေပ ၅ လက္မ (၂.၂၆ မီတာ) ရွိေနၿပီး ဆယ္ေက်ာ္သက္ဘတ္စကက္ေဘာအသင္းမွာ သူမပါဝင္တာႏွင့္ပတ္သက္ၿပီး သူမရဲ႕အေၾကာင္းဟာ တစ္ကမာၻလုံးအတို

 

င္းအတာအထိ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။လူအမ်ားက Zhang အား အရပ္ ၇ ေပ ၆ လက္မ (၂.၃၁ မီတာ) ရွိတဲ့ တ႐ုတ္ဘတ္စကတ္ေဘာသမားတစ္ဦးျဖစ္တဲ့ Yao Ming ႏွင့္ႏႈိင္းယွဥ္မႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး netizen မ်ားက Yao Ming ရဲ႕ေျခရာေနာက္လိုက္ရန္အတြက္ သူမ ကို ေထာက္ခံအားေပးေနခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က Hubei ျပည္နယ္ ၊ Jingzhou ၿမိဳ႕မွာက်င္းပတဲ့ အသက္ ၁၅ ႏွစ္ေအာက္ 42-point game ၿပိဳင္ပြဲမွာ Zhang ဟာ 25 rebounds and six

blocks ရရွိိခဲ့တဲ့အေၾကာင္းဟာ Weiboေပၚမွာ ပ်ံ႕ႏွံ႔သြားတာေၾကာင့္ လူမ်ားက သူမရဲ႕အေၾကာင္းကို ပိုမိုသိရွိလာခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံရဲ႕ Global Times သတင္းစာအရ Zhangဟာ ပထမတန္းမွာ အရပ္ ၁.၆ မီတာရွိၿပီး ေျခာက္တန္းမွာေတာ့ ၂.၁ မီတာေက်ာ္လာခဲ့ပါတယ္။ျပည္တြင္းသတင္းမီဒီယာမ်ားက Zhang ရဲ႕မိဘမ်ားဟာ ပေရာ္ဖက္ရွင္နယ္ဘတ္စကက္ေဘာကစားသမားမ်ားျဖစ္ၿပီး သူမရဲ႕မိခင္ Yu Ying က တ႐ုတ္ Chinese national အသင္းဝင္တစ္ဦးျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

 

Zhang ရဲ႕အရပ္က အရပ္ (၂.၁၃ မီတာ)ရွိတဲ့ဖခင္ျဖစ္သူ ႏွင့္ အရပ္ (၁.၉၈ မီတာ) ရွိတဲ့မိခင္ျဖစ္သူတို႔ထက္ ပိုမိုရွည္ထြက္ေနခဲ့ပါတယ္။အခ်ိဳ႕ဆိုရွယ္မီဒီယာသုံးစြဲသူမ်ားက သူမ အသက္ႀကီးကာ ႀကီးထြားလာတာႏွင့္တစ္ၿပိဳင္နက္ သူမ ဘယ္ထိဆက္လက္ျမင့္မားလာမွာကို စိတ္ဝင္တစားရွိေနကာ ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။