Q ဝင်ပြီး တပတ်ကျော် ပြန်ခါနီး 3 4 ရက်အလိုကနဲ့တူတယ်။ ရွှေသံလွင်ဘိုးဘွားရိပ်သာ က အဖိုးတွေအဖွားတွေ covid p+ ဖြစ်လို့တဲ့ Happy covid centerကို ရောက်လာမယ်တဲ့ ။ စိတ်ထဲမကောင်းဘူး သနားပါတယ်။ သူတို့တွေကြောက်နေကြမလား မသိဘူး။ လူနာချင်းတွေ volunteerပြန်လုပ်ကြတဲ့အကိုအမတွေနဲ့ တူတူစောင့်နေကြ ဖိုးဖွားတွေလာကြမယ်ဆိုတော့ လိုအပ်တာ လိုက်ကူကြမယ်ပေါ့။
မကြာပါဘူး ရောက်လာကြပါတယ် ဖိုးတွေဖွားတွေကားပေါ်ကဆင်းလာကြ PPE ဆရာတွေက ဝီးချဲ ပေါ်တင်ပေး Register လုပ်နေတဲ့ချိန် အဲ့အခန်းက အရမ်းအေးတော့ စောင်တွေကို Warehouseကနေချက်ချင်းထုတ် လိုက်ခြုံပေး။ ဖိုးတွေက ဆီးသွားချင်တယ် ပြောလာတော့ q centerထဲကို ပို့ အထဲက လူနာချင်းလုပ်အားပေး အကိုတွေကတွဲခေါ် အိမ်သာလိုက်ပို့ပေးကြ။
အဖိုးတွေထဲက တယောက်က ဆီး ဝမ်းမကွဲတော့ ဝမ်း တွေ လမ်းမှာ ထွက်ကြကုန်။ အဲ့အဖိုးဆိုအားနာလိုက်တာ မြေးလေးရယ်တဲ့ သူနဲ့တွဲပါသွားတဲ့အကိုက ပုံရှင်းအဝင်း လေ သူက မူပိုင်နာမည် ရှိပြီးသားလေ။ အဲ့အကိုကပြောရှာတယ် ဖိုးဘာမှမဖြစ်နဲ့ ကျွန်တော်လုပ်နေကြတဲ့။ ဖိုးဖွားတွေစာရင်းသွင်းပြီးတော့ အခန်းတွေထဲ လူခွဲပြီး လိုက်ပို့ကြ။အထုပ်သယ်တဲ့သူက သယ်ကြနဲ့။ We love Yangonက လူကြီးတွေကလည်း ဖိုးဖွားတွေအတွက် brand ငှက်သိုက်ကို ညတွင်းချင်းရအောင်စီစဉ်ပေးပြီး centerထဲကို ပို့ပေးတယ်။
ကိုယ်တို့တွေလည်း ဖိုးဖွားတွေလိုက်စစ် ချမ်းနေလား နေလို့ကောင်းလား ။ ဖွားတွေ တအားချစ်ဖို့ကောင်းကြတယ်။ သူတို့ဆီခနခနလာပါတဲ့ သူတို့နဲ့စကားလာပြောပါတဲ့ ပစ်မထားပါနဲ့တဲ့ ကိုယ်စိတ်ထိခိုက်သွားတယ် ကိုယ်တခုတွေးမိသွားတယ် ဘဝဆိုတာ ကိုယ်လိုချင်သလို ရွေးချယ်ချင်လို့မရဘူးဆိုတာ။
PPE ဒေါက်တာတွေအဖိုးတွေဆီ round လှည့်တော့ အဖိုးတွေ အကုန်လုံးအခန်းထဲကိုမရှိကြတော့ဘူး …ဟ အဖိုးတွေအကုန်နေကောင်းကြတယ်ဟ အခန်းထဲရောက်ပစ္စည်းချပြီးတာနဲ့ လျှောက်သွားကြပြီလေ။ ဒေါက်တာက သဘောတွေကြလို့။ အယ် အဖိုးတစ်ယောက်ဆို ထမင်းစားရင်းနဲ့ သူ့ရေဒီယိုလေးနားထောင်နေတာ ။သူ့ရေဒီယိုကလည်း အကြီးကြီးနော်။ antique radio နဲ့တူတယ်။ အားရစရာကြီး ကိုယ်ဆိုသဘောကြလိုက်တာ။ သူတို့ဘဝကိုသူတို့ကိုယ်ပိုင်စိတ်ချမ်းသာနည်းနဲ့နေထိုင်ကြတယ်။
အဖွားတွေကလည်း ခေသူတွေမဟုတ်ဘူးနော်။ ပထမတရက် အနားယူကြတယ်။ နောက်ရက်ကျတော့ တယောက်ခန်းကို တယောက်လျှောက်လည်ကြတယ်။ ဟဲ့ နင်က ဘယ်အခန်းတုန်း အေး ငါက A17 နင်တို့ကရော ဘယ်အခန်းတွေတုန်း ငါလာမယ်နော် နင်တို့ဆီ အေး လာခဲ့ ဟဲ့ ဟုတ်နေတာပဲနော် ဖွားတွေချင်းပြောနေကြတာ။
အဖွားတွေ တော်တော်များများက အပျိုကြီးတွေများတယ်။ ကျောင်းဆရာမ တို့ အစိုးရဝန်ထမ်းတို့ ပါကြတယ်။ ကိုယ်နဲ့ သံယောဇဉ်တွယ်သွားခဲ့တဲ့ အဖွားဆို ကျောင်းဆရာမ ရခိုင်လူမျိုး ချောကလည်းချော အသားကလည်းဖြူဖြူ။ အရမ်းရှက်တတ်တာနော်။ ကိုယ့်ကို သူကရေချိုးချင်တယ်သမီးတဲ့ ရတယ် ဖွား ချိုးပေးမယ်လို့။ သူ့ကို ဝီးချဲနဲ့ရေချိုးကန်ကို ခေါ်သွား အဲ့ရောက်တော့ သူက နိကပ် ချိုးမှာတဲ့ ရေချိုးကန် ပတ်ပတ်လည်ကို သွပ်ပြားတွေလည်း အခန်းကန့်ပေးထားတာ။ သူက ရှက်တတ်တာကိုယ်သိတော့ ရေချိုးကန်ရဲ့နောက်ဖက်ကိုခေါ်သွား သူ့ကိုထမီချွတ်ပေး ရေချိုးပေး ။ ပြီးတော့အခန်းကိုဝီးချဲနဲ့ပြန်ခေါ်သွား။
လုပ်အားပေးအကိုအမတွေကလည်း ဖွားတွေဖိုးတွေ ဆီးအိုးကိုသွန်ပေးကြ ။ ထမင်းတွေကျွေးပေး။ ရေပတ်တွေတိုက်ပေး။ ဖွားတွေရဲ့ နေ့စဉ်ကျန်းမာရေး စစ်ဆေးချက်တွေကို မနက်တိုင်းလိုက်စစ်ပေးကြ ၊ အားလုံးပျော်ပျော်ပါးပါးနဲ့ လုပ်ပေးနေကြတာ တကယ်ကို ကုသိုလ်တွေပါ။
ကိုယ်တွေရက်ပြည့်လို့ ဆေးရုံဆင်းခဲ့ရပင်မဲ့ ကိုယ်တွေလို လုပ်အားပေးလုပ်ချင်တဲ့ အစ်မတွေ အများကြီးထပ်ပေါ်လာတော့ ဖွားတွေဖိုးတွေအတွက် စိတ်ချသွားရတယ်။ ဆေးရုံရက် မပြည့်လို့ ကျန်ခဲ့ရတဲ့ အစ်မတွေက ဖွားတွေအတွက် မနက်ဆိုမနက် ညဆိုည အသေးစိတ် လိုက်လုပ်ပေးကြ အစားအသောက်ကအစ ကိုယ်တိုင်ကျွေးပေး ဆီးအိုးတွေသွန်ပေးကြ ။ သူတို့ကတောင် ဖွားတွေနဲ့ selfie ဆွဲ ဟုတ်နေတာပဲ။ ဖွားတွေကလည်း သူတို့တွေကိုပဲ နေ့တိုင်းမျှော် ပြီးတော့ ချွဲကလည်းချွဲသေး ဖွားက မြေးတို့ကိုမျှော်နေတာတဲ့ မြေးတို့က ဖွားကိုပစ်ထားတယ်တဲ့။
ကြွေပြီလေဖွားရယ်။ ပြောသေးတယ် မြေးကိုတိုင်ရအုန်းမယ်တဲ့ ရိပ်သာမှာနေတုန်းက ဝန်ထမ်းတွေက သူတို့ကို ခုလိုဘယ်သူမှဂရုမစိုက်ကြဘူးတဲ့ ကိုယ့်ဘာသာထမင်းစား ကိုယ့်ဘာသာရေချိုး ကိုယ့်ဘာသာဆေးသောက်တဲ့ အရမ်းဆူတာပဲတဲ့ တခုခုလုပ်မိပြောမိရင် ဆူနေတာပဲတဲ့ ကိုယ်တကယ်စိတ်မကောင်းဖြစ်မိတယ်။ လူလူချင်းတူပင်မဲ့ ဘဝချင်းကမတူကြဘူးနော်။
ကိုယ်တွေနောက်မှ ဆင်းရမဲ့ အစ်မတစ်ယောက်ကဆို ညီမတို့က ကျန်းမာရေးဝန်ထမ်းတွေလားတဲ့ မဟုတ်ပါဘူး လူနာတွေပါလို့ ဒါပေမဲ့ အကူအညီလိုအပ်နေတဲ့သူကို ပြန်ကူညီပေးနေကြတာပါအစ်မ။ သူက အရမ်းအံ့ဩသွားတယ် ကိုယ်လည်းလူနာသူလည်းလူနာ လူနာချင်းတူပင်မဲ့ ငါကျတော့ အခန်းထဲအခန့်သားလှဲနေတယ် သူတို့ကျတော့ လိုအပ်သူကိုကူနေတယ်၊ ရှက်လိုက်တာတဲ့၊ ညီမတို့လိုအပ်တာပြောပါ အစ်မတို့ညီအစ်မတွေလည်း လိုက်ကူမယ်တဲ့။ အရမ်းဝမ်းသာမိတယ် အစ်မသန္တာရေ ။
ဆေးရုံဆင်းရက်မပြည့်လို့ ကျန်ခဲ့တဲ့အစ်ကိုအစ်မတွေက ၂၅ ရက်နေ့ဆို ဆင်းရမယ်လေ။ ဒါပေမဲ့ မဆင်းသေးဘူးတဲ့ ဖွားတို့က ၂၆ ရက်နေ့ဆင်းမှာဆိုတော့ ဖွားတို့နဲ့တူတူလိုက်ဆင်းမယ်တဲ့ တကယ်ကို စိတ်ထားပြည့်တဲ့အစ်မအစ်ကိုတွေ။ လူနာချင်းလုပ်အားပေးအသစ်တွေလည်း ထပ်ပေါ်ပေါက်လာတယ်။ တကယ်ကို ပီတိဖြစ်မိတယ်။ အရမ်းလည်းဝမ်းသာတယ်။
ဒီနေ့ ဖိုးတွေဖွားတွေဆေးရုံဆင်းရတော့မယ်။ သံသရာမှာရေစက်ပါခဲ့ကြလို့ အခုဒီဘဝမှာ ပြန်ဆုံခဲ့ကြရတယ် ပြန်ဆုံခဲ့ရတဲ့အခိုက်အတန့်မှာ အဖိုးတွေအဖွားတွေကို အကောင်းဆုံးလုပ်ပေးနိုင်ခဲ့လို့ ကျေနပ်တယ်။ ဝမ်းသာတယ်။ ဖိုးတွေဖွားတွေကို အမြဲဆုတောင်းပေးနေပါတယ်။ ရောက်လေရာဘဝတိုင်းမှာ စေတနာစစ် စေတနာမှန် မေတ္တာစစ်မေတ္တာမှန်တွေနဲ့ကြုံရပါစေလို့။ အဖိုးအဖွားတွေကို ဝိုင်းပြုစု ဂရုစိုက်ပေးကြတဲ့ လူနာချင်းလုပ်အားပေး အကိုအမ ညီမလေးတွေကိုလည်း ချီးကျူးပါတယ် ။
ကိုယ်လုပ်ပေးတာထက် သူတို့က အများကြီး လုပ်ပေးနိုင်ကြတယ်။ တကယ့်ကိုစိတ်ထားပြည့်ကြတဲ့ အကိုအမ ညီမလေးတွေပါ။ မှတ်ချက် အစိမ်းဝတ်စုံတွေကလည်း လူနာတွေပါပဲ လူနာကြားထဲ လုပ်အားပေးလူနာဆိုပြီး တမင်ဝတ်ထားကြတာပါ။
Phue Phue