” ကဗ်ာမဆန္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ရည္းစားစာ
အခ်ိန္က ၁၉၇၂ ခုႏွစ္။မိုက္ကယ္အဲရစ္ နဲ႕ လက္ထပ္ဖို႕ ၈ လ အလိုမွာ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ေရးသားခဲ့တဲ့ ရည္းစားစာ။
” ျမန္မာျပည္က ကြ်န္မ ကိုလိုအပ္လာၿပီဆိုရင္ ျပည္သူေတြ နဲ႕အတူ ကြ်န္မ ကိုရွင့္ဘက္က ကူညီဖို႕ပဲ ကြ်န္မ ေတာင္းဆိုခ်င္ပါတယ္။’ အဲ႕ဒီလို အေျခအေနမ်ိဳး ျဖစ္လာမယ္လို႔ ရွင္ထင္လား။ေသေသခ်ာမေျပာႏိုင္ေပမဲ႕ ျဖစ္ႏိုင္ေခ်ေတာ့ ရွိေနတယ္။ ”
” တစ္ခါတစ္ခါေတာ့လည္း ကြ်န္မတို႕ ရဲ႕ ေပ်ာ္ရႊင္ေနတဲ႕ဘဝ ကို အမ်ိဳးသားေရး ကိစၥ နဲ႕ အေျခအေန အရပ္ရပ္က တကြဲတျပားစီ ဖန္တီးလိုက္မွာကို ေတြးေၾကာက္မိတယ္။ ဒါေပမဲ႕ အေၾကာက္အရြံ႕ေတြက အခ်င္းႏွီး အက်ိဳးမၿပီးတဲ႕ အရာေတြ ပါ။
ကြ်န္မတို႕ တစ္ေယာက္ နဲ႕ တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး ခ်စ္ေနၾကမယ္ဆိုရင္ ခ်စ္ႏိုင္မယ္ဆိုရင္ အဆံုးမွာ ခ်စ္ျခင္းေမတၱာ နဲ႕ ကရုဏာတရား က ေအာင္ႏိုင္မွာပါ ”
ရည္းစားစာက ကဗ်ာ မဆန္ပါဘူး။ ဗိုလ္ခ်ဳပ္သမီးပဲ ဒီေလာက္ေတာ့ ရွိတာေပါ့။ ဒါေပမဲ႕ သူမ ခ်စ္ျခင္းတရား နဲ႕ စိုးရိမ္စိတ္က တစ္ခ်ိဳ႕ေသာ အထင္လြဲ မွားေစတဲ႕ သူမ ကို ၁၉၈၈ ခုႏွစ္ ေရာက္မွ ႏိုင္ငံေရး ေလာက ထဲ ဝင္လာတယ္လို႕ ေျပာၾကတဲ႕ သူေတြ ကို ေျဖာင့္ေျဖာင့္ ႀကီး ဆန္႔က်င္ ျပသလိုက္တာပါပဲ။
တကယ္တမ္းက်ေတာ့ သူမ ဟာ လူမွန္းသိတက္စ အရြယ္ကတည္းက ဖခင္ ဗိုလ္ခ်ဳပ္ ေရးသားခဲ႕တဲ႕ စာအုပ္ေတြကို ရွာေဖြ စုးေဆာင္းဖတ္ရႈ ၿပီး ျမန္မာ့ႏိုင္ငံေရး ကို အၿမဲတမ္း ေတြးေတာစဥ္းစား ေနခဲ႕တာပါ။
ၿပီးေတာ့ အခု မိုက္ကယ္အဲရစ္ ကို ေရးခဲ႕တဲ႕ ရည္းစားစာ မွာကိုက သူမ ဟာ အာဏာရွင္ လက္ထဲက ခပ္ႏြမ္းႏြမ္း ျမန္မာျပည္အတြက္ အဆင္သင့္ျဖစ္ေနခဲ႕ တယ္ ဆိုတာ အေကာင္းဆံုး သက္ေသတစ္ခုပါပဲ ။
မင္းရသ
ကိုးကား : မိုက္ကယ္အဲရစ္ ေရးသားထားတဲ႕ ‘ စုကိုလြမ္းေနသည္ ‘ စာမ်က္ႏွာ ၈+၉
ရည္ညြန္း : စာေရးဆရာ ႏိုင္ဦး ျမန္မာျပန္ဆိုတဲ႕ ”အေၾကာက္တရား မွ လြတ္ေျမာက္ေရး ”
Unicode
” ကဗျာမဆန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရည်းစားစာ”
အချိန်က ၁၉၇၂ ခုနှစ်။မိုက်ကယ်အဲရစ် နဲ့ လက်ထပ်ဖို့ ၈ လ အလိုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ရည်းစားစာ။
” မြန်မာပြည်က ကျွန်မ ကိုလိုအပ်လာပြီဆိုရင် ပြည်သူတွေ နဲ့အတူ ကျွန်မ ကိုရှင့်ဘက်က ကူညီဖို့ပဲ ကျွန်မ တောင်းဆိုချင်ပါတယ်။’ အဲ့ဒီလို အခြေအနေမျိုး ဖြစ်လာမယ်လို့ ရှင်ထင်လား။သေသေချာမပြောနိုင်ပေမဲ့ ဖြစ်နိုင်ချေတော့ ရှိနေတယ်။ ”
” တစ်ခါတစ်ခါတော့လည်း ကျွန်မတို့ ရဲ့ ပျော်ရွှင်နေတဲ့ဘဝ ကို အမျိုးသားရေး ကိစ္စ နဲ့ အခြေအနေ အရပ်ရပ်က တကွဲတပြားစီ ဖန်တီးလိုက်မှာကို တွေးကြောက်မိတယ်။ ဒါပေမဲ့ အကြောက်အရွံ့တွေက အချင်းနှီး အကျိုးမပြီးတဲ့ အရာတွေ ပါ။
ကျွန်မတို့ တစ်ယောက် နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး ချစ်နေကြမယ်ဆိုရင် ချစ်နိုင်မယ်ဆိုရင် အဆုံးမှာ ချစ်ခြင်းမေတ္တာ နဲ့ ကရုဏာတရား က အောင်နိုင်မှာပါ ”
ရည်းစားစာက ကဗျာ မဆန်ပါဘူး။ ဗိုလ်ချုပ်သမီးပဲ ဒီလောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ သူမ ချစ်ခြင်းတရား နဲ့ စိုးရိမ်စိတ်က တစ်ချို့သော အထင်လွဲ မှားစေတဲ့ သူမ ကို ၁၉၈၈ ခုနှစ် ရောက်မှ နိုင်ငံရေး လောက ထဲ ဝင်လာတယ်လို့ ပြောကြတဲ့ သူတွေ ကို ဖြောင့်ဖြောင့် ကြီး ဆန့်ကျင် ပြသလိုက်တာပါပဲ။
တကယ်တမ်းကျတော့ သူမ ဟာ လူမှန်းသိတက်စ အရွယ်ကတည်းက ဖခင် ဗိုလ်ချုပ် ရေးသားခဲ့တဲ့ စာအုပ်တွေကို ရှာဖွေ စုးဆောင်းဖတ်ရှု ပြီး မြန်မာ့နိုင်ငံရေး ကို အမြဲတမ်း တွေးတောစဉ်းစား နေခဲ့တာပါ။
ပြီးတော့ အခု မိုက်ကယ်အဲရစ် ကို ရေးခဲ့တဲ့ ရည်းစားစာ မှာကိုက သူမ ဟာ အာဏာရှင် လက်ထဲက ခပ်နွမ်းနွမ်း မြန်မာပြည်အတွက် အဆင်သင့်ဖြစ်နေခဲ့ တယ် ဆိုတာ အကောင်းဆုံး သက်သေတစ်ခုပါပဲ ။
မင်းရသ
ကိုးကား : မိုက်ကယ်အဲရစ် ရေးသားထားတဲ့ ‘ စုကိုလွမ်းနေသည် ‘ စာမျက်နှာ ၈+၉
ရည်ညွန်း : စာရေးဆရာ နိုင်ဦး မြန်မာပြန်ဆိုတဲ့ ”အကြောက်တရား မှ လွတ်မြောက်ရေး ”