ဂီတာတီးလွယ်ကူစွာ တတ်မြောက်ဖို့ စနစ်တကျလေ့ကျင့်ရန် အချက် ၆ ချက်
၁။မိမိလက်ဝယ်ထံ ..ဂီတာတလတ် ရှိထားရပါမယ်။
၂။မိမိတို့ ရဲ့ ဂီတာကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်း တတ်ရပါမယ်။
၃။ဂီတာအတီး စသင်မယ်ဆိုရင်…
မိမိတို့ရဲ့ စိတ်ကို ဆန္ဒမစောဖို့၊မလောဖို့၊ဇွဲမလျော့တမ်း အစဉ်တစိုက် ကြိုးစားနေဖို့ (အထူး )လိုအပ်သလို စနစ်တကျ မှန်ကန်စွာ လေ့ကျင့်သွားရပါမယ်
၄။ဂီတာကို ကိုင်တွယ်ရာ.. မိမိခန္ဓာနဲ့ Smooth ဖြစ်အောင် လိုက်လျောညီထွေကိုင်နိူင်စေရန်
၁။လက်တန်း မပါတဲ့ ထိုင်ခုံပေါ် တွင် လေ့ကျင့်ရာ
မိမိ၏ ခါးအား သက်တောင့်သက်သာ မတ်လျက် အနေထားဖြင့်..
ဂီတာအား မိမိပေါင်ပေါ် တင်ထားပါ
ဝမ်းဗိုက်နဲ့ ဂီတာအနောက်ကျောပြင် အရမ်းနီးကပ်မနေရ။ ဂီတာ ကျောပြင်ကိုယ်ထည်သည် အပေါ် ဘက်သို့ အရမ်းမလန်နေစေရ။
၂။ဂီတာဖလတ်ကို ၂၀ ဒီဂရီ အနည်းငယ် ထောင်မတ်ပေးထားရန်၊
၃။ဂီတာ ကောဒ့် ကိုင်မည့် လက်ရဲ့ လက်မနဲ့ အရှေ့ လက်ချောင်းတို့သည်” ပ ” ပုံစံ (တနည်း) ဂဏန်းလက်မပုံစံအနေအထား ရှိရမည်။
ဂီတာ ဖလပ်ရဲ့ပထမအကွက် နောက်ကျောဖလပ်တွင် လက်မကို ထားရှိပြီး..အရှေ့ လက်ချောင်းတို့သည် ဖလပ်ပထမ အရှေ့ကွက်တွင် ယာယီ ဖုံထားပါ။
လက်မနဲ့ အရှေ့လက်ချောင်းတို့သည် ဖလပ်ကို ကိုင်တွယ်ရာမှာ ” ပ” ပုံစံ ရှိရမည်။ ဖလပ်နဲ့ လက်ဖဝါးတို့ မထိကပ်ရ။
၄။လက်ခက်ပြားအား ကိုင်တွယ်ရာမှာ..လက်ညိုးနဲ့ လက်မကြားမှာ လက်ခက်ကို သုံးပုံ နှစ်ပုံလောက်ကိုသာ လက်မဖြင့် ဖုံပြီး ကိုင်တွယ်ပါ။
လက်ခတ်ထိပ်ဖြားကို တစ်ပုံခန့်လောက်သာ အရှေ့သို့ ထွက်နေပါစေ။
လက်ခက်ကို ရှည်ရှည် မထုတ်ထားရ။
လက်ခက်ကိုင်တွယ်ရာ.. လက်ညိုးနဲ့လက်မကို ဖိညှစ်ပြီ မကိုင်တွယ်ရ။မလျော့မတင်း အလိုက်သင့်ကိုင်တွယ်ထားရန် လိုအပ်ပါတယ်
၅ ။ ဂီတာတီးခက်မည့် လက်အနေအထားကတော့ ဂီတာ တီးခက်မည့်လက်သည် ဂီတာဘရိတ်ခုံပေါ် လက်ဖနောက်ဖြင့် တင်ကပ်လျက် အနေထားရှိပြီး..
လက်ခက်တဲ့အခါ ” လက်ကောက်ဝတ်အဆစ်ကို နာရီချိန်သီး ပမာ ” လွဲခတ်ပေးရမည်
လက်ကောက်ဝတ်ကို တောင့်တောင့်ကြီး တင်းပြီး မတီးခက်ရပါ။ကြိုးများကို လက်ခတ်ဖြင့် ဖိခြစ်ပြီး တီးခတ်ခြင်းမျိုး မပြုလုပ်ရပါ။
အားဖြင့် လက်လွဲ မခတ်ရ။အသံ ဆူညံစွာ ကျယ်လောင်တတ်သည်။
၆။တီးခတ်တဲ့အခါ
On/Off Beat စည်းချက် လိုက်မှတ်၍ တီးခတ်ရန် အထူး လိုအပ်သည်။On Beat ကို .. ခြေဖဝါးအကျ OFF Beat ကို..ခြေဖဝါး အတတ် လို့ သိရှိထားရပါမယ်
(Down Strum)ဂီတာကြိုးတွေကို” အပေါ် ဘက်မှ အောက်သို့ ” လက်ခက် လွဲချတဲ့အခါ “On Beat ခြေဖဝါး အကျ “…
( Up Strum) ဂီတာကြိုးတွေကို
” အောက်မှ အပေါ် သို့ ပြန်တတ်တဲ့” အခါ OFF Beat ခြေဖဝါး အတတ်.. လို့ စည်းချက်လိုက်ပြီး..တချက်ချင်း စည်းချက် လိုက်မှတ်ရင်း တီးခတ်သွားဖို့လည်း… အထူး လိုအပ်ပါတယ်။
ဂီတာ တီးခတ်မည့် Beginner များအနေနဲ့ ဂီတာ တီးခတ်မည့် အခြေခံ သဘောတရားများကိုသိရှိ နားလည်မယ်လို့..စာရေးသူ Admin မှာယုံကြည်မိပါတယ်
Music Knowledge များကို ဝေမျှရင်း
Credit ; Ko Thura Music