ျပည္တြင္းသတင္း

စားသောက်ကုန်တွေ ငွေ၁ဝဝနဲ့ရောင်းချတဲ့အဖွဲ့ကို သက်ဆိုင်ရာက တားမြစ်တဲ့အတွက် အိမ်တိုင်ရာရောက်ရောင်းချပေး

စားသောက်ကုန်တွေ ငွေ၁ဝဝနဲ့ရောင်းချတဲ့အဖွဲ့ကို သက်ဆိုင်ရာက တားမြစ်တဲ့အတွက် အိမ်တိုင်ရာရောက်ရောင်းချပေး

ရန်ကုန်၊သြဂုတ် ၃-၂၀၂၁

KK(VOM)

စားသောက်ကုန်ပစ္စည်း(၄)မျိုးကို ငွေ၁ဝဝနဲ့ ရောင်းချပေးနေတဲ့ MazelyFannelအဖွဲ့ကို သက်ဆိုင်ရာကနေ လူစုလူဝေးဖြစ်တယ်ဆိုပြီး တားမြစ်တဲ့အတွက် ဒီကနေ့မှာ အိမ်တိုင်ရာရောက်လိုက်လံရောင်းချပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ တောင်ဒဂုံမြို့နယ်အတွင်းရှိအခြေခံလူတန်းစားတွေအတွက် ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်နီ ကုန်ပစွည်း(၄)မျိုးကို ငွေ၁ဝဝနဲ့ အိမ်တိုင်ရာရောက် သွားရောက်ရောင်းချပေးခဲ့တယ်လို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက VOMကိုပြောပါတယ်

“လှိုင်မှာရောင်းတုန်းက သတ်မှတ်ထားတဲ့လူဦးရေထက်များတယ်ဆိုပြီး သက်ဆိုင်ရာကလာတားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့အစီအစဉ်ကိုလုပ်လိုက်တာ”လို့ သူကရှင်းပြပါတယ်။

တောင်ဒဂုံရှိ သစ်ဆိမ့်ရပ်ကွက်၊၆၅ရပ်ကွက်၊၁ဝရရပ်ကွက်အပါအဝင် ရပ်ကွက်အချို့ရှိ အိမ်ထောင်စု ၃ဝဝကိုရောင်းချခဲ့တယ်လို့ သိရပါတယ်။Mazely Flannel အဖွဲ့က ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ငါးဆယ်ကျပ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားကို ငွေတစ်ရာကျပ်နဲ့ ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်က လှိုင်မြို့နယ်မှာရှိတဲ့ လူဦးရေ သုံးရာနီးပါးကိုရောင်းချခဲ့ပါသေးတယ်

အဲ့ဒီအဖွဲ့ဟာ နောက်ရက်တွေမှာလည်း သာကေတ၊ရွှေပြည်သာ၊လှိုင်သာယာ၊ဒလတို့မှယ ထပ်မံလှူဒါန်းသွားမယ်လို့ သိရပါတယ်။

voiceofmyanamr

စားေသာက္ကုန္ေတြ ေငြ၁၀၀နဲ႔ေရာင္းခ်တဲ့အဖြဲ႕ကို သက္ဆိုင္ရာက တားျမစ္တဲ့အတြက္ အိမ္တိုင္ရာေရာက္ေရာင္းခ်ေပး

ရန္ကုန္၊ၾသဂုတ္ ၃-၂၀၂၁

KK(VOM)

စားေသာက္ကုန္ပစၥည္း(၄)မ်ိဳးကို ေငြ၁၀၀နဲ႔ ေရာင္းခ်ေပးေနတဲ့ MazelyFannelအဖြဲ႕ကို သက္ဆိုင္ရာကေန လူစုလူေဝးျဖစ္တယ္ဆိုၿပီး တားျမစ္တဲ့အတြက္ ဒီကေန႔မွာ အိမ္တိုင္ရာေရာက္လိုက္လံေရာင္းခ်ေပးခဲ့ရတယ္လို႔ သိရပါတယ္

ဒီကေန႔မနက္ပိုင္းမွာ ေတာင္ဒဂုံၿမိဳ႕နယ္အတြင္းရွိအေျခခံလူတန္းစားေတြအတြက္ ဆန္၊ဆီ၊ၾကက္ဥ၊ၾကက္သြန္နီ ကုန္ပစြည္း(၄)မ်ိဳးကို ေငြ၁၀၀နဲ႔ အိမ္တိုင္ရာေရာက္ သြားေရာက္ေရာင္းခ်ေပးခဲ့တယ္လို႔ အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက VOMကိုေျပာပါတယ္

“လွိုင္မွာေရာင္းတုန္းက သတ္မွတ္ထားတဲ့လူဦးေရထက္မ်ားတယ္ဆိုၿပီး သက္ဆိုင္ရာကလာတားတယ္၊ အဲ့ဒါေၾကာင့္ က်ေနာ္တို႔အိမ္တိုင္ရာေရာက္ လိုက္ေရာင္းတဲ့အစီအစဥ္ကိုလုပ္လိုက္တာ”လို႔ သူကရွင္းျပပါတယ္။

ေတာင္ဒဂုံရွိ သစ္ဆိမ့္ရပ္ကြက္၊၆၅ရပ္ကြက္၊၁၀၇ရပ္ကြက္အပါအဝင္ ရပ္ကြက္အခ်ိဳ႕ရွိ အိမ္ေထာင္စု ၃၀၀ကိုေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။Mazely Flannel အဖြဲ႕က ျပည္သူတစ္ဦးလၽွင္ ဆန္တစ္ျပည္၊ ဆီ ငါးဆယ္က်ပ္သား၊ၾကက္ဥဆယ္လုံး၊ၾကက္သြန္နီငါးဆယ္သားကို ေငြတစ္ရာက်ပ္နဲ႔ ေရာင္းခ်ခဲ့ၿပီး ၿပီးခဲ့တဲ့ ဇူလိုင္ ၁ရက္က လွိုင္ၿမိဳ႕နယ္မွာရွိတဲ့ လူဦးေရ သုံးရာနီးပါးကိုေရာင္းခ်ခဲ့ပါေသးတယ္

အဲ့ဒီအဖြဲ႕ဟာ ေနာက္ရက္ေတြမွာလည္း သာေကတ၊ေရႊျပည္သာ၊လွိုင္သာယာ၊ဒလတို႔မွယ ထပ္မံလႉဒါန္းသြားမယ္လို႔ သိရပါတယ္။

voiceofmyanamr

CategoriesMM-NEWS