သူအီးပေါက်ရင် ခြင်တွေအများကြီးသေနိုင်တဲ့အစွမ်းကြောင့် ဒေါ်လာသန်းချီရနေတဲ့အမျိုးသား
ခြင်ဆိုတဲ့ အကောင်တွေဟာ လူတွေကို ဒုက္ခအတော်ပေးတာပါ…နား နားမှာ တဝီဝီနဲ့ လာမြည်ပျံသန်းနေရင် စိတ်အနှောင့်အယှက်ဖြစ်ရသလို ခြင်ကိုင်ခံရရင်လည်း ယားပြီး ကုတ်ရတဲ့ ဒုက္ခက မသေးပါဘူး.သွေးလွန်းတုပ်ကွေးဗိုင်းရပ်စ်ရှိတဲ့
ခြင်အကိုက်ခံရပြန်ရင်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရပါသေးတယ် ဒီလို လူတွေကို အဘက်ဘက်ကနေ ဒုက္ခပေးနေတဲ့ ခြင်တွေကို ခြင်ဆေးတွေဖြန်း…ခြင်ဆေးခွေတွေ ထွန်းနဲ့ ကာကွယ်ရာမှာလည်း အဲဒီဆေးတွေရဲ့ အနံ့က လူတွေကို
ဒုက္ခပေးတတ်ပါသေးတယ် ခုအခါမှာတော့ နှိမ်နင်းရခက်တဲ့ ခြင်တွေကို အီးပေါက်လိုက်ရုံနဲ့ သတ်နိုင်တယ်လို့ လူတစ်ဦးက ဆိုခဲ့ပါပြီ….ယူဂန်းဒါးနိုင်ငံ၊ ကမ်ပါလာက အသက်၄၈နှစ်အရွယ်ရှိတဲ့ Joe Rwamirama ဆိုသူက ခြင်တွေကို ၆ မီတာ
အကွာကနေ အီးပေါက်လိုက်တာနဲ့ သတ်နိုင်တယ်လို့ ဆိုခဲ့တာပါ သူဟာနေ့တိုင်းရေချိုးပြီး သူ့ရဲ့ အီးနံ့က သာမန်လူတွေလိုပဲလို့ ဆိုပါတယ်တခုထူးခြားတာကတော့ သူ့အီးနံ့က သေးငယ်တဲ့ ပိုးမွှားတွေကို သေစေနိုင်ပြီး အထူးသဖြင့် ခြင်တွေကို
နှိမ်နင်းနိုင်တယ်လို့ ဆိုခဲ့တာပါသူ့အပေါ်ကိုလည်း ဘယ်ပိုးမွှားမှ မကပ်ဘူးလို့လည်း သိရပါတယ်…အခုအခါမှာတော့ အဆိုပါ အီးပေါက်ရုံနဲ့ ခြင်သတ်နိုင်တဲ့ လူဟာ သူနေတဲ့ မြို့မှာ နာမည်ကြီးနေပါတယ် မြို့ခံတွေကတော့ သူဟာ ခြင်တွေကို
အီးပေါက်ရုံနဲ့ နှိမ်နင်းနိုင်တာကြောင့် အကူအညီတောင်းခံ မှုတွေရှိပြီး တကယ့်ကို အလုပ်ဖြစ်တယ်လို့လည်း ထောက်ခံပြောဆိုနေကြပါတယ်ဒီလို သတင်းကြီးလာတာကြောင့် Joe Rwamirama ဟာ ခြင်ဆေးထုတ်တဲ့ ကုမ္ပဏီတစ်ခုမှာ
အလုပ်ရသွားပြီ ဖြစ်ပြီး အဲဒီအတွက် လစာအဖြစ် သန်းချီဝင်ငွေ ရရှိနေပြီလို့ သိရပါတယ်…တကယ့်ကိုအံ့သြစရာကြီးပဲနော် ပရိသတ်ကြီးရေ…ပရိသတ်ကြီးတို့ရော အဆိုပါလူအပေါ် ဘယ်လိုမြင်လဲ..မှတ်ချက်လေးတွေ ရေးသွားခဲ့ပါအုံးနော်။

photo credit

ခရစ်ဒစ်