Unicode
ဒေသရှိအုန်းပင်မြင့်ပေါ်ကို မကြောက်မရွံ့ တက်နိုင်ဆဲဖြစ်သောအသက် ၈ဝအရွယ် အဖွားအို
ဗီယက်နမ်နိုင်ငံ Tra Vinhပြည်နယ်ရှိ ကျေးလက်ဒေသတွင် နေထိုင်သော Hoi Datongအမည်ရှိ အသက် ၈၀နှစ်အရွယ် အဖွားအိုသည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာသည့်အတွက် စားဝတ်နေရေးအတွက် ငယ်ရွယ်စဥ်ကတည်းက လက်လုပ်လက်စားဘဝနှင့် ရုန်းကန်လာခဲ့ရသည်။
အဖွားအိုသည် အသက် ၁၅နှစ်အရွယ်တွင် မိန်းမသားတစ်ယောက်ဖြစ်သော်လည်း ရွာထဲရှိ အုန်းပင်ပေါ်သို့ တက်ပြီး အုန်းသီးခူးပေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ သည်။
အုန်းပင်သည် အမြင့်ကြီးဖြစ်သော် လည်း ကြိုးလေးတစ်ချောင်းချည်ကာ တက် ခဲ့ပြီး တဖြည်းဖြည်း ကျွမ်းကျင်လာသည့်အခါ ရပ်ကွက်ထဲမှ အုန်းပင်တက်ဖို့ဆိုရင် အဖွားအို ကိုသာ ငှားရမ်းခဲ့ကြတော့သည်။
အဖွားအိုခမျာ အပင်ပေါ်တက်ရခြင်းဖြင့် အန္တရာ ယ်များလှပြီး ခက်ခဲပင်ပန်းလွန်းသော်လည်း စား ဝတ်နေရေးက ရှိသေးတာကြောင့် ထိုအလုပ်ကိုစွန့်လွှတ်၍မရပဲဖြစ်ရာ ၆၂နှစ်ကြာသည်ထိ အုန်းပင်ပေါ်တက်ခဲ့ သည်။
Credit Myat