ျပည္တြင္းသတင္း

ေနာက္ဆံုးရ မိုးေလဝသသတင္း….(အားလံုးပဲသတိထားၾကပါေနာ္)

ေနာက္ဆံုးရ မိုးေလဝသသတင္း….(အားလံုးပဲသတိထားၾကပါေနာ္…)

ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းျဖစ္ေနၿပီး မိုးေကာင္းေနခ်ိန္တြင္ ဧရာဝတီျမစ္ေရ သတိေပးခ်က္ထုတ္ျပန္ထားသည့္အျပင္ ေဒသအႏွံ႔မွ ဆည္ ၁၇ခုလည္း ဆည္ ေရျပည့္မွတ္ကိုေက်ာ္လြန္ေနသည္ဟု သိရသည္။

ၾသဂုတ္လကုန္ မွတ္တမ္းအရ ေဒသအႏွံ႔ ဆည္ေပါင္း ႏွစ္ရာေက်ာ္အနက္ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊စစ္ကိုင္း တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္မေကြးတိုင္းေဒသႀကီးတို႔မွ ဆည္ ၁၇ ခုသည္ ေရပိုလႊဲမွ ေရလွ်ံေနသည္ဟု ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္

သို႔ေသာ္ ယင္းအေျခအေနသည္ ဆည္ေရႏွင့္ ပတ္သက္ေသာ ေရေဘးအတြက္ စိုးရိမ္ရန္ မလိုအပ္ေသးေၾကာင္း ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန႔္ခြဲေရးဦးစီးဌာန အရာရွိတစ္ဦးကေျပာသည္။

ယခုရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံအထက္ပိုင္းေဒသမ်ား၌ မိုးေကာင္းခဲ့ၿပီး ဧရာဝတီျမစ္ေရ ျမင့္တက္လာေနသည္။ၾသဂုတ္၃၀ ရက္ တိုင္းတာခ်က္အရ ဧရာဝတီျမစ္ေရသည္ ေညာင္ဦးၿမိဳ႕၊ ဆိပ္သာၿမိဳ႕၊ ဟသၤာတၿမိဳ႕ႏွင့္ ဇလြန္ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အနီးေရာက္ေန၍ ျမစ္ကမ္းအနီးေနသူမ်ား ေရးေဘးသတိျပဳရန္ မိုးဇလက သတိေပး ထားသည္။

ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္ဝန္းျဖစ္ေနၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ၊ မႏၲေလး တိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလက ယေန႔သတိေပး ထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသအခ်ိဳ႕၌ မိုးေကာင္းၿပီး ျမစ္ေရတက္ေနခ်ိန္ ျမစ္ကမ္းပါးၿပိဳက်သည့္ေဘးကို ေဒသခံမ်ား ႀကဳံေတြ႕ေနသည္။

ၾသဂုတ္လ ပထမလပတ္အတြင္းတြင္ကရင္၊မြန္ျပည္နယ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး၌ မိုးေကာင္းခဲ့ၿပီး ျမဝတီ၊ ၾကာအင္းဆိပ္ႀကီး၊ င႐ုတ္ေကာင္းၿမိဳ႕နယ္ႏွင့္ ေရးၿမိဳ႕တို႔တြင္ ေျမနိမ့္ပိုင္းေနရာမ်ား၌ ေရႀကီးနစ္ျမဳပ္မႈ ရင္ဆိုင္ခဲ့ရသည္။

ၾသဂုတ္လလယ္ခန႔္ကစတင္ကာ ေနရာကြက္မိုးႀကီး၍ ေတာင္က်ေရစီးျခင္း၊ ေျမၿပိဳျခင္းတို႔ေၾကာင့္ ကခ်င္ျပည္နယ္ မိုင္ဂ်ာယန္ ႏွင့္ မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္တြင္ အနည္းဆုံး လူ ၁၇ဦး ေသဆုံးခဲ့သည္။ Crd

နောက်ဆုံးရ မိုးလေဝသသတင်း….(အားလုံးပဲသတိထားကြပါနော်…)

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး မိုးကောင်းနေချိန်တွင် ဧရာဝတီမြစ်ရေ သတိပေးချက်ထုတ်ပြန်ထားသည့်အပြင် ဒေသအနှံ့မှ ဆည် ၁၇ခုလည်း ဆည် ရေပြည့်မှတ်ကိုကျော်လွန်နေသည်ဟု သိရသည်။

သြဂုတ်လကုန် မှတ်တမ်းအရ ဒေသအနှံ့ ဆည်ပေါင်း နှစ်ရာကျော်အနက် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှ ဆည် ၁၇ ခုသည် ရေပိုလွှဲမှ ရေလျှံနေသည်ဟု ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

သို့သော် ယင်းအခြေအနေသည် ဆည်ရေနှင့် ပတ်သက်သော ရေဘေးအတွက် စိုးရိမ်ရန် မလိုအပ်သေးကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အရာရှိတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မိုးကောင်းခဲ့ပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာနေသည်။သြဂုတ်၃၀ ရက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တွင် စိုးရိမ်ရေမှတ်အနီးရောက်နေ၍ မြစ်ကမ်းအနီးနေသူများ ရေးဘေးသတိပြုရန် မိုးဇလက သတိပေး ထားသည်။

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ယနေ့သတိပေး ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသအချို့၌ မိုးကောင်းပြီး မြစ်ရေတက်နေချိန် မြစ်ကမ်းပါးပြိုကျသည့်ဘေးကို ဒေသခံများ ကြုံတွေ့နေသည်။

သြဂုတ်လ ပထမလပတ်အတွင်းတွင်ကရင်၊မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၌ မိုးကောင်းခဲ့ပြီး မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ငရုတ်ကောင်းမြို့နယ်နှင့် ရေးမြို့တို့တွင် မြေနိမ့်ပိုင်းနေရာများ၌ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်ခဲ့ရသည်။

သြဂုတ်လလယ်ခန့်ကစတင်ကာ နေရာကွက်မိုးကြီး၍ တောင်ကျရေစီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် ကချင်ပြည်နယ် မိုင်ဂျာယန် နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်တွင် အနည်းဆုံး လူ ၁၇ဦး သေဆုံးခဲ့သည်။ Crd