Uncategorized

ေဇာ္ဝင္းထြဋ္ရဲ႕သား အဆိုေတာ္ အီတိုး ဖ.မ္း.ဆီးခံရ

ေဇာ္ဝင္းထြဋ္ရဲ႕သား အဆိုေတာ္ အီတိုး ဖ.မ္း.ဆီးခံရ

အဆိုေတာ္ေဇာ္ဝင္းထြဋ္၏ သားျဖစ္သူ အဆိုေတာ္အီတိုးအား စက္တင္ဘာလ ၈ရက္ေန႔က သူ၏ေနအိမ္တြင္ ဖမ္းဆီးခံခဲ့ရေၾကာင္း နီးစပ္ရာအသိုင္းအဝိုင္းမွ သိရပါတယ္။

အဆိုေတာ္အီတိုးကို သူ၏ေနအိမ္မွာ ဝင္ေရာက္ဖမ္းဆီးၿပီးေနာက္ အီတိုးႏွင့္ဆက္စပ္သူ လူငယ္မ်ားကိုလည္း ဖမ္းဆီးသြားေၾကာင္း သိရပါတယ္။

 

အဆိုေတာ္ အီတိုးရဲ႕ မိသားစုဝင္တဦးက “အသက္အ႐ြယ္တခုေရာက္လာၾကၿပီဆိုေတာ့ ေတာ္႐ုံဆို သိပ္မတုန္လႈပ္ဘဲ ခံႏိုင္ရည္ရွိလာၿပီလို႔ ထင္ထားခဲ့ၾကတာ။ အခုႏွစ္ပိုင္းေတြမွာ စိတ္ညစ္စရာ ၊ စိတ္ရႈပ္စရာေတြ မ်ားလြန္းလို႔

ဒီထက္ေတာ့ ပိုမဆိုးႏိုင္ေတာ့ဘူးလို႔လည္း ထင္ထားခဲ့ၾကတာ။ ဒီတကြက္ကေတာ့ အားလုံးအရႈိက္ကိုထိတယ္။ အစစအရာရာအဆင္ေျပၿပီး အႏၲရာယ္ကင္းပါေစ”လို႔ ေျပာထားပါတယ္။

 

အဆိုေတာ္အီတိုးဖမ္းဆီးခံရမႈအေပၚ အႏုပညာအသိုင္းအဝိုင္းမွ ေဘးကင္းကင္းနဲ႔ အျမန္ဆုံးလြတ္ေျမာက္ဖို႔အတြက္ ဝိုင္းဝန္းဆုေတာင္းလ်က္ရွိပါတယ္။

unicode

ဇော်ဝင်းထွဋ်ရဲ့သား အဆိုတော် အီတိုး ဖ.မ်း.ဆီးခံရ

အဆိုတော်ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုးအား စက်တင်ဘာလ ၈ရက်နေ့က သူ၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရပါတယ်။

အဆိုတော်အီတိုးကို သူ၏နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အီတိုးနှင့်ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း သိရပါတယ်။

 

အဆိုတော် အီတိုးရဲ့ မိသားစုဝင်တဦးက “အသက်အရွယ်တခုရောက်လာကြပြီဆိုတော့ တော်ရုံဆို သိပ်မတုန်လှုပ်ဘဲ ခံနိုင်ရည်ရှိလာပြီလို့ ထင်ထားခဲ့ကြတာ။ အခုနှစ်ပိုင်းတွေမှာ စိတ်ညစ်စရာ ၊ စိတ်ရှုပ်စရာတွေ များလွန်းလို့

ဒီထက်တော့ ပိုမဆိုးနိုင်တော့ဘူးလို့လည်း ထင်ထားခဲ့ကြတာ။ ဒီတကွက်ကတော့ အားလုံးအရှိုက်ကိုထိတယ်။ အစစအရာရာအဆင်ပြေပြီး အန္တရာယ်ကင်းပါစေ”လို့ ပြောထားပါတယ်။

 

အဆိုတော်အီတိုးဖမ်းဆီးခံရမှုအပေါ် အနုပညာအသိုင်းအဝိုင်းမှ ဘေးကင်းကင်းနဲ့ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ဝိုင်းဝန်းဆုတောင်းလျက်ရှိပါတယ်။