ဒီေခတ္လူငယ္ေတြ ဘာမွန္းမသိတဲ့ “ ေဈး အစ” “ ဇာတ္ အလယ္ ” “ ဖာ အဆုံး ”
ဒီစကားေလးက မိတ္ေဆြတို႔ရဲ႕ရင္ကို တခုခု ျဖစ္ေပၚ ေစလိမ့္မည္ဟု ထင္မိပါသည္ ။ ။
ဖာ ဆိုေသာ စကားက အဓိပၸါယ္ ႏွစ္ခြထြက္ေနေသာ စကားျဖစ္ပါသည္ ။ ။
မိတ္ေဆြတို႔ ရင္ထဲတြင္ ဖာဆိုေသာ စကားၾကားသည္ႏွင့္ ယုတ္ညံ့ေသာ စကားဟု ထင္ေကာင္း ထင္ပါလိမ့္မည္ ။ ။
ထို အေတြးႏွင့္ အတူ စကားတစ္ခု ကိုလည္း ႐ိုင္းျပသည္ဟု ထင္ပါလိမ့္မည္ ။ ။
” ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ” ဆိုတဲ့ ေရွးလူႀကီး သူမတို႔၏ အခ်ိန္ကာလ ႏွင့္ ေနရာ ေဒသ ေ႐ြးတတ္ရန္မွာ ၾကားခဲ့ေသာ စကားစုသည္ ။ ။
ယခု ေခတ္ကာလတြင္ ႐ိုင္းျပေသာ ေနရာတြင္ သုံးႏႈန္းေန ၾကသည္မွာ သိပ္ကို ဝမ္းနည္းဖို႔ ေကာင္းပါသည္ ။ ။
ေဈးအစဆိုသည္မွာ ေဈးဝယ္မည့္ သူသည္ မနက္ေစာေစာ ထ၍ ေဈးအစဆုံး ဖြင့္ခ်ိန္တြင္ သြားေရာက္ ဝယ္ယူရမည္ဟု ဆိုလိုပါသည္ ။ ။
ထိုသို႔ ေဈးအစဆုံး ဖြင့္ခ်ိန္ သြားေရာက္ဝယ္ယူမွ သူမ်ားထက္ဦးစြာ လတ္ဆတ္ ေကာင္းမြန္ေသာ ကုန္စည္မ်ားကို ဝယ္ယူႏိုင္မွာပါ ။ ။
ေဈးအစတြင္ မဝယ္ယူပဲ ေနာက္က် မွ သြားေရာက္ ဝယ္ယူလွ်င္ သူမ်ားမလိုခ်င္၍ က်န္ေနေသာ ကုန္စည္ခပ္ညံ့ညံ့သာ ရရွိမွာ ျဖစ္ပါတယ္ ။ ။ ဒါ့ေၾကာင့္ ေဈးအစဟု ဆိုေရးရွိတာပါ ။ ။
ဇာတ္အလယ္တဲ့ ဇာတ္ကသည့္ သူမ်ားဟာ ညလယ္ပိုင္းမွာ ဗုဒၶဝင္တို႔ ျပဇာတ္တို႔ ကဲ့သို႔ေသာ မွတ္သားထိုက္သည္မ်ားကို ကျပ တတ္ေသာေၾကာင့္
ဇာတ္ၾကည့္မယ္ ဆိုလွ်င္ ညလယ္ပိုင္းသည္ အဓိက ၾကည့္သင့္သည္ဟု ၫႊန္ျပခဲ့ျခင္း ျဖစ္ပါသည္ ။ ။
ဖာ အဆုံးတဲ့ ယခု စကားပုံတြင္ ပါေသာ ဖာဆိုသည္မွာ ထန္းေခါက္ဖာကို ေျပာတာ ျဖစ္ပါသည္ ။ ။
အဝတ္အစား ပစၥည္းကိရိယာမ်ား ထည့္သြင္း သိမ္းဆည္းထားႏိုင္ေသာ ေသတၱာ ကဲ့သို႔ေသာ ဖာ ေသတၱာကို ဆိုလိုျခင္း ျဖစ္သည္ ။ ။
ထိုဖာမ်ားကို ေရာင္းခ်မည့္ သူမ်ားသည္ ဖာ ေသတၱာမ်ားကို အဆင့္ဆင့္ ထပ္ကာ ထမ္းပိုး ေရာင္းခ်ၾကပါသည္ ။ ။
ထိုသို႔ အဆင့္ဆင့္ ထပ္ထားေသာ ဖာ ေသတၱာမ်ားတြင္ ေအာက္ဆုံး၌ ေတာင့္တင္း ခိုင္မာေသာ ဖာ ကိုထားေလ့ ရွိပါသည္ ။ ။
သို႔မွသာ ေအာက္ဆုံးဖာ သည္ သူ႔အေပၚမွ ဖာမ်ား၏ အေလးခ်ိန္ကို ခံႏိုင္မွာ ျဖစ္ပါတယ္ ။ ။ ထို႔ေၾကာင့္ ဖာေသတၱာ ဝယ္ယူမည္ဆိုလွ်င္ ေအာက္ဆုံးဖာကို ဝယ္ယူဖို႔ ၫႊန္ၾကားထားတာ ျဖစ္သည့္အတြက္ ဖာအဆုံးဟု ဆိုေရးရွိခဲ့တာ ျဖစ္ပါတယ္ ။
ထို႔ေၾကာင့္ ေဈးအစ ဇာတ္အလယ္ ဖာအဆုံး ဟူေသာ စကားပုံ အဓိပၸါယ္ကို မွန္ကန္စြာ သိ၍ အေျခအေနအခ်ိန္ ကာလကို သိတတ္ သူမ်ား ျဖစ္ၾကပါေစဟု ။ ။
အာလုံး မဂၤလာအေပါင္းနဲ႔ ျပည္စုံႏိုင္ၾကပါေစ… ။ ။
orginal writer
Unicode
ဒီခေတ်လူငယ်တွေ ဘာမှန်းမသိတဲ့ “ ဈေး အစ” “ ဇာတ် အလယ် ” “ ဖာ အဆုံး ”
ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခု ဖြစ်ပေါ် စေလိမ့်မည်ဟု ထင်မိပါသည် ။ ။
ဖာ ဆိုသော စကားက အဓိပ္ပါယ် နှစ်ခွထွက်နေသော စကားဖြစ်ပါသည် ။ ။
မိတ်ဆွေတို့ ရင်ထဲတွင် ဖာဆိုသော စကားကြားသည်နှင့် ယုတ်ညံ့သော စကားဟု ထင်ကောင်း ထင်ပါလိမ့်မည် ။ ။
ထို အတွေးနှင့် အတူ စကားတစ်ခု ကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည် ။ ။
” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ဆိုတဲ့ ရှေးလူကြီး သူမတို့၏ အချိန်ကာလ နှင့် နေရာ ဒေသ ရွေးတတ်ရန်မှာ ကြားခဲ့သော စကားစုသည် ။ ။
ယခု ခေတ်ကာလတွင် ရိုင်းပြသော နေရာတွင် သုံးနှုန်းနေ ကြသည်မှာ သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါသည် ။ ။
ဈေးအစဆိုသည်မှာ ဈေးဝယ်မည့် သူသည် မနက်စောစော ထ၍ ဈေးအစဆုံး ဖွင့်ချိန်တွင် သွားရောက် ဝယ်ယူရမည်ဟု ဆိုလိုပါသည် ။ ။
ထိုသို့ ဈေးအစဆုံး ဖွင့်ချိန် သွားရောက်ဝယ်ယူမှ သူများထက်ဦးစွာ လတ်ဆတ် ကောင်းမွန်သော ကုန်စည်များကို ဝယ်ယူနိုင်မှာပါ ။ ။
ဈေးအစတွင် မဝယ်ယူပဲ နောက်ကျ မှ သွားရောက် ဝယ်ယူလျှင် သူများမလိုချင်၍ ကျန်နေသော ကုန်စည်ခပ်ညံ့ညံ့သာ ရရှိမှာ ဖြစ်ပါတယ် ။ ။ ဒါ့ကြောင့် ဈေးအစဟု ဆိုရေးရှိတာပါ ။ ။
ဇာတ်အလယ်တဲ့ ဇာတ်ကသည့် သူများဟာ ညလယ်ပိုင်းမှာ ဗုဒ္ဓဝင်တို့ ပြဇာတ်တို့ ကဲ့သို့သော မှတ်သားထိုက်သည်များကို ကပြ တတ်သောကြောင့်
ဇာတ်ကြည့်မယ် ဆိုလျှင် ညလယ်ပိုင်းသည် အဓိက ကြည့်သင့်သည်ဟု ညွှန်ပြခဲ့ခြင်း ဖြစ်ပါသည် ။ ။
ဖာ အဆုံးတဲ့ ယခု စကားပုံတွင် ပါသော ဖာဆိုသည်မှာ ထန်းခေါက်ဖာကို ပြောတာ ဖြစ်ပါသည် ။ ။
အဝတ်အစား ပစ္စည်းကိရိယာများ ထည့်သွင်း သိမ်းဆည်းထားနိုင်သော သေတ္တာ ကဲ့သို့သော ဖာ သေတ္တာကို ဆိုလိုခြင်း ဖြစ်သည် ။ ။
ထိုဖာများကို ရောင်းချမည့် သူများသည် ဖာ သေတ္တာများကို အဆင့်ဆင့် ထပ်ကာ ထမ်းပိုး ရောင်းချကြပါသည် ။ ။
ထိုသို့ အဆင့်ဆင့် ထပ်ထားသော ဖာ သေတ္တာများတွင် အောက်ဆုံး၌ တောင့်တင်း ခိုင်မာသော ဖာ ကိုထားလေ့ ရှိပါသည် ။ ။
သို့မှသာ အောက်ဆုံးဖာ သည် သူ့အပေါ်မှ ဖာများ၏ အလေးချိန်ကို ခံနိုင်မှာ ဖြစ်ပါတယ် ။ ။ ထို့ကြောင့် ဖာသေတ္တာ ဝယ်ယူမည်ဆိုလျှင် အောက်ဆုံးဖာကို ဝယ်ယူဖို့ ညွှန်ကြားထားတာ ဖြစ်သည့်အတွက် ဖာအဆုံးဟု ဆိုရေးရှိခဲ့တာ ဖြစ်ပါတယ် ။
ထို့ကြောင့် ဈေးအစ ဇာတ်အလယ် ဖာအဆုံး ဟူသော စကားပုံ အဓိပ္ပါယ်ကို မှန်ကန်စွာ သိ၍ အခြေအနေအချိန် ကာလကို သိတတ် သူများ ဖြစ်ကြပါစေဟု ။ ။
အာလုံး မင်္ဂလာအပေါင်းနဲ့ ပြည်စုံနိုင်ကြပါစေ… ။ ။
orginal writer