Uncategorized

သက်တော်စောင့် ချယ်ရီထက် ဖမ်းဆီးခံရ

သက်တော်စောင့် ချယ်ရီထက် ဖမ်းဆီးခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ကို စက်တင်ဘာ ၂၁ ရက် က နေအိမ်အကျယ်ချုပ် ထားရှိရာကနေ စစ်ဆေးမြန်းမေးဖို့ခေါ်ဆောင်သွားခဲ့ပြီး စက်တင်ဘာ ၂၃ ရက်က နေပြည်တော် အမှတ် (၁) မြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် သိမ်းယူပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ခဲ့သလို စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ ချယ်ရီထက်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သူတွေနဲ့ အဆက်အသွယ်ရှိတဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ချယ်ရီထက် ဖမ်းဆီးခံရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး CDM ရဲတပ်ဖွဲ့ဝင်တွေကို CDM ကုတ်နံပါတ်ထုတ်ပေးတဲ့ Myanmar Police CDM Channel ကလည်း အတည်ပြုပြောဆိုပါတယ်။

သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ ဖမ္းဆီးခံရ

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ သက္ေတာ္ေစာင့္တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဒုရဲအုပ္ ခ်ယ္ရီထက္ကို စက္တင္ဘာ ၂၁ ရက္ က ေနအိမ္အက်ယ္ခ်ဳပ္ ထားရွိရာကေန စစ္ေဆးျမန္းေမးဖို႔ေခၚေဆာင္သြားခဲ့ၿပီး စက္တင္ဘာ ၂၃ ရက္က ေနျပည္ေတာ္ အမွတ္ (၁) ၿမိဳ႕မရဲစခန္းမွာ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) နဲ႔ အမႈဖြင့္လိုက္တယ္လို႔ တပ္တြင္းသတင္းအရင္းအျမစ္ေတြထံကေန သိရပါတယ္။

နိုင္ငံေတာ္အာဏာကို စစ္တပ္က တရားမဝင္ သိမ္းယူၿပီးေနာက္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ သက္ေတာ္ေစာင့္ ခ်ယ္ရီထက္နဲ႔ပတ္သက္ၿပီး သတင္းအမ်ိဳးမ်ိဳး ထြက္ခဲ့သလို စစ္ေကာင္စီလက္ေအာက္မွာ ဆက္လက္တာဝန္ထမ္းေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ခဲ့ပါတယ္။

တပ္တြင္းသတင္းအရင္းအျမစ္ေတြရဲ့ ေျပာဆိုခ်က္အရ ခ်ယ္ရီထက္ကို အမ်ိဳးသားညီညြတ္ေရးအစိုးရအဖြဲ႕က သူေတြနဲ႔ အဆက္အသြယ္ရွိတဲ့ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးသြားတာလို႔ သိရပါတယ္။

ခ်ယ္ရီထက္ ဖမ္းဆီးခံရေၾကာင္း NUG ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး CDM ရဲတပ္ဖြဲ႕ဝင္ေတြကို CDM ကုတ္နံပါတ္ထုတ္ေပးတဲ့ Myanmar Police CDM Channel ကလည္း အတည္ျပဳေျပာဆိုပါတယ္။