လွန်ခဲ့သော ၂၀၀၇ ခုက Loren Krytzer အမည်ရှိတဲ့ အမျိုးသား တစ်ဦးဟာ ကားမတော် တဆမှုကြောင့် ခြေထောက် တဖက် ဆုံးရှုံးခဲ့ရပြီး မသန် မစွမ်း ဘဝဖြစ်ခဲ့ကာ
အဲ့ဒီကြောင်း ကြောင့်ပဲလ က်ရှိ အလုပ်ကပြုတ်ခဲ့ပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရ သလို သူ့ရဲ့ဆေးရုံ စရိတ်တွေကြောင့် သူ့မိသားစုအနေနဲ့ ထိုအချိန်က ငွေကြေးအလွန် ခက်ခဲနေခဲ့ရ ပါတယ်။
သူဒီလိုဖြစ်ပျက် နေတဲ့ တချိန်တည်းမှာပဲ သူ့အဖွားက သေဆုံးသွား တဲ့တွက် အဖွား ကို သူကတိပေးထားတဲ့ အတိုင်း အဖွားရဲ့စာအုပ် များကို စုဆောင်းပြီး သိမ်းဆည်း ရန်အတွက် သူ့အိမ်သို့ သွားခဲ့သည်။
သူအိမ်ကို ရောက်တဲ့အချိန်မှာတော့ အစ်မနှင့်အမေက အဖွားရဲ့ ကျန်ရစ်တဲ့ ပစ္စည်းတွေ ထဲမှ ကောင်းသောအရာ တိုင်းကို အ စောထဲ က လုယူပြီးသားဖြစ်လို့ နေခဲ့လေသည်။
သူ့အတွက် အနေနဲ့ အဘိုး နဲ့အဖွားတို့ လက်ထက်ထဲက အသုံးပြု လာကြတဲ့ စောင်လေး နှစ်ထည်ကို အိတ်ထဲ ထည့်ပြီး သူ့ရှေ့ကို အစ်မဖြစ် သူကပစ်ချ ပေးလေသည်။
စောင်နှစ်ထည်မှာ တထည် က နူးညံ့ပျော့ ပျောင်းသော Hudson’s Bay အမှ တ်တံဆိပ် စောင်တစ်ထည်နဲ့ နောက်တစ်ထည်က သူ့အဖွား မွေးထားသော ကြောင် ပေါက်စလေးတွေ အိပ်ရန် အိပ်ယာအဖြစ် အသုံးပြုခဲ့တဲ့ စောင်ဟောင်း တစ်ထည်တို့ပဲ ဖြစ်ပါတယ်။
အဖွားရဲ့အမွေအနေနဲ့ သူ့ရဲ့မောင် နှမ မိသားစုဝင်ထဲ က ဘယ်သူ တစ်ဦးတစ်ယောက် ကမှ မလိုချင် ကြတဲ့ စောင်အဟောင်း နှစ်ထည်ကို အမွေအဖြစ်နဲ့ သူ ဆက်ခံရရှိခဲ့ ပါတယ်။
“ဒီလောက် ညစ်ပတ် ပေရေပြီး ဟောင်းနွမ်းနေ တဲ့စောင် ကို ငါတော့မလိုချင်ဘူး”…လို့ အစ်မနဲ့ မိခင်ဖြစ်သူတို့ရဲ့ ပြောခဲ့တဲ့စကားကို သတိရပြီး ပြောပြပါတယ်။
မသန်မစွမ်းဖြစ်ပြီး နောက်ဆုံးတွင် ဇနီးဖြစ်သူ Lisa နဲ့ အတူ ကာလီဖိုးနီးယား ပြည်နယ်၊ Palmdale အ နီးရှိ မိတ်ဆွေတစ်ဦးရဲ့ အိမ်ငယ်လေး တစ်လုံးသို့ သူတို့ ပြောင်းရွှေ့ နေထိုင်ကြရန် ဆုံးဖြတ်ခဲ့ပြီး ငှါးရမ်းခကိုလဲ ဒေါ်လာ ၇၀၀ အထိ လျှော့ချပေးခဲ့လို့ သူတို့လင်မယား အတွက်
ဒေါ်လာ ၂၀၀ ခန့် လက်ကျန်ရှိ ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တော့ Loren ဟာ Antiques Roadshow လို့အမည်ရတဲ့ ရုပ်သံ အစီအစဉ် ပြပွဲတစ်ခု ရဲ့ အပိုင်းတွဲကို ကြည့်ရှု နေခဲ့ပါတယ်။
ဒီအစီအစဉ်မှာ အမျိုးမျိုးသော ရှေးဟောင်း ပစ္စည်းတွေ ကို အများအပြားပြသသွားတာကို စိတ်ဝင်စားမှုသိပ်မပါ ပဲ သူထိုင်ကြည့် နေခဲ့ပေမယ့် အာ့ဒီပစ္စည်းတွေ အများကြီး ထဲမှ တစ်ခုသော အရာက သူ့ကိုလုံးဝ ရှော့ရသွားစေတဲ့အထိ ဆွဲဆောင် လိုက်ပါတော့တယ်။
ထိအ ရာဝတ္ထုတစ်ခုကတော့ သူ့အဖွားဖြစ် သူရဲ့ အမွေ ဖြစ်ရရှိခဲ့တဲ့ ဘယ်သူမှ မလိုချင်ကြတဲ့ ညစ်ပက်နေတဲ့ စောင် တထည်ဟာ ရက်အင်ဒီယန်း လူမျိုးတွေရဲ့ မူလ ပထမ လက်ရာ Navajo လို့ခေါ်တဲ့ ရှားပါး စောင်တစ်ထည်ဖြစ်ပြီး
ဒီစောင်တစ်ထည်ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၅ သိန်းခန့် တန် ဖိုးရှိကြောင်း ဖော်ပြသွားတာကို မြင်တွေ့ လိုက်ရတဲ့အတွက် သူအရမ်း တုန်လှုပ် သွားခဲ့ရပါတယ်။
အာ့ဒါနဲ့ သူလည်း .. “ငါ TV အစီအစဉ်ကြည့်တာ ခဏ ရပ်လိုက်တယ်။ ပြီးတော့ စောင်ကို သွားယူပြီး သေချာကြည့်တယ်။ တီဗွီ ထဲက စောင်မှာပါတဲ့အစင်း ကြောင်းတွေနဲ့ ငါ့စောင်မှာပါတဲ့ အစင်း တွေနဲ့ တူနေတာ သေချာလားဆိုပြီး စစ်ဆေး ခဲ့တယ်။အစင်းတွေ ကိုက်ညီမှု ရှိ မရှိ ကြည့်တယ်”လို့ Loren ပြန်ပြော ပြပါသည်။
ဒီလို စစ်ဆေးပြီးတာနဲ့ TV မှာပါတဲ့စောင်နဲ့ သူ့စောင်ဟာ အကုန်နီး ပါး တူညီနေကြောင်း သူ သေချာသဘော ပေါက်လိုက်ပါတော့တယ်။ Krytzer သည် မိခင်ဖြစ်သူရဲ့ အိမ်ကို သွားရောက်ခဲ့ပြီး သူ့အမေအား ထိုဗီဒီ ယိုကို ပြသခဲ့သေးသည်။ ထိုအခါ မိခင်ဖြစ်သူက“အင်း… ဟုတ်ပါတယ် …ကောင်းတယ်။
ဒါပေမယ့် ဘယ်သူမှ မင်းကို ဒီဟာတွက်နဲ့ ၁၀ ဒေါ် လာ တောင် ပေးမှာမဟုတ်ဘူး”လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ပထမဆုံး ရှေးဟောင်း ပစ္စည်း ရောင်းဝယ်ဖေါက်ကား သူ ကုန်သည် များကို ဆက်သွယ်ရန် Krytzer အနေနဲ့က အလှမ်းဝေးခဲ့သည်။
ဒါနဲ့Online မှာ ရှာဖွေရင်းနဲ့ စိတ်ပျက်စရာ လူတွေနဲ့လည်း ကြုံတွေ့ခဲ့လာရပြီး သူ့ရဲ့ နောက်ဆုံး ကြိုး စားတဲ့ အနေနဲ့ ဌာနေ အမေရိကန် တိုင်းရင်းသားများရဲ့
ရှေးဟောင်း ပစ္စည်းများကို ရောင်းဝယ်ရာ တွင် နာမည်ကြီးတဲ့ ဒေသခံ မိသားစုပိုင် လေလံ ကုမ္ပဏီ ဖြစ်သည့် John Moran Auctioneersသို့ ဆက်သွယ် ခဲ့ပါသည်။
အဆက်သွယ် ရပြီးတဲ့နောက် Krytzer သည် မိနစ် ၃၀ကြာ ကားမောင်းပြီး လေလံတင် ရောင်းချခဲ့သည့် အကြီးဆုံး ဈေးတခု ဖြစ်သည့် Moran ကုမ္ပဏီ၏ ပိုင်ရှင် ဖြစ်သူ Jeff Moran ရှေ့တွင်စောင်ကို ချထားလိုက်သည် စောင်နဲ့ ပတ်သတ်တဲ့ ပိုင်ဆိုင်သူ သမိုင်းကြောင်း
ကို မေးရာ Krytzer က ဒီစောင်ဟာ သူ့အဖိုးရဲ့ အဘိုးဖြစ်သူ(great-great- grandfather) Dakota မှ ကုန်သည်ကြီး John Chantland,ဆိုသူ လက်ထက် ၁၈၀၀ခုနှစ်ခန့်မှ ပိုင်ဆိုင်လာခဲ့သော စောင်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
Moran သည် စောင်ကို အထပ်ထပ် စစ်ဆေးစမ်းသပ် ခဲ့သလို လေ့လာအကဲ ဖြတ်သူတ ဦးဖြစ်ပြီး အထူးကျွမ်းကျင်သူ တဦးလည်း ဖြစ်သော… Joshua Baer က…ဒီစောင်သည် ကမ္ဘာပေါ်တွင်
အကောင်းဆုံးနဲ့ အရှားပါးဆုံး ဖြစ်သော နယ်ဗာဟိုဒေသ အကြီးအကဲ၏ စောင်များထဲမှ တခုဖြစ်သည် ဟုအတည်ပြု ပြောကြားခဲ့သည်။
လေလံပွဲသည် ၇၇ စက္ကန့်သာ ကြာမြင့်ခဲ့ပါသည်။ Krytzer ၏စောင်ကို တင်ဒါ ဈေးနှုန်း ဒေါ်လာ ၁၅၀,၀၀၀ ဖြင့် စတင်ခဲ့ပြီး ထိုမှတဆင့် ဒေါ်လာ ၅၀၀,၀၀၀။
ထို့နောက်မှာ ၁သန်းအထိ မြင့်တက်ကာ နောက်ဆုံး လေလံအတွက် ဒေါ်လာ ၁.၅သန်း ဖြင့် လေလံ အောင်မြင်ခဲ့ပါသည်။ အခွန်ခကြေးငွေများရှင်း အပြီးတွင် Krytzer ဟာ စောင်တစ်ထည်အတွက် ဒေါ်လာ ၁.၃ သန်းရရှိခဲ့ပါ သည်။
ဒီနောက်မှာတော့ ခြေထောက်ကျိုးပြီး အလုပ် မရှိ အလုပ် လက်မဲ့ဖြစ်ခဲ့ရ သလို သူ့ခလေးတွေကို ပြုစု စောင့်ရှောက်ဖို့အတွက်အပါအဝင် ငွေကြေးလိုအပ် နေမှုတွေကြောင့်
စိတ်ဓါတ်တွေ ကျနေတဲ့ Loren Krytzer ဟာကယ်လီဖိုးနီးယားရှိ လေလံ ပွဲ ခန်းမထဲ ကို သန်းကြွယ်သူဌေး တစ်ယောက်ဖြ စ်လာခဲ့ပါတော့တယ်။ ဒီတော့
ဘိုးဘွားမိဘတွေရဲ့ အမွေအနှစ် ဆိုတာ “ရထိုက် ခံစား ထိုက်သောသူ” မှသာ ခံစား စံစားကြရပါတယ်။ အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်ကြီးလည်း ကျန်း မာ ပျော်ရွှင်သော နေ့ရက်များကို သက်ဆုံး တိုင် ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။credit reallity show