နှာစေးနှာပိတ်တာကို(၁၅)မိနစ်အတွင်းပျောက်ကင်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့်နည်း
နှာစေးလို့နှာခေါင်းပိတ်တာက ခံရခက်ပြီး ညဘက်အိပ်လို့မရအောင် အနှောက်အယှက်ပေးတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ နှာပိတ်နေတဲ့သူက နှာပိတ်တာမြန်မြန်ပျောက်ဖို့ကလွဲပြီး တခြားဘာကိုမှ လိုချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှာစေး၊နှာပိတ်တာကို ၁၅ မိနစ်အတွင်းပျောက်ကင်းစေမယ့် အရေးပေါ်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်ခုံးမွေးနှစ်ခုကြားကိုနှိပ်နယ်ပါ
မျက်ခုံးမွေးနှစ်ခုကြားနေရာကို လက်ချောင်းထိပ်လေးတွေနဲ့ ဖိနှိပ်ပေးလိုက်ပါ။ ၁၀ မိနစ်လောက်နှိပ်ပေးတာနဲ့ နှာပိတ်တာကို သက်သာစေပြီး အိပ်ပျော်စေပါတယ်။
(၂) နှုတ်ခမ်းအပေါ်ဘက်ကအချိုင့်လေးကို နှိပ်ပေးပါ
နှုတ်ခမ်းအပေါ်ဘက်က ချိုင့်လေးကို လက်ညှိုးထိပ်လေးနဲ့ ၁၀ မိနစ်လောက်ဖိနှိပ်ပေးလိုက်ပါ။ နှာပိတ်တာကို ချက်ချင်းသက်သာစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။
(၃) နှာခေါင်းအပေါ်ဘက်ကိုအဝတ်ပူလေးနဲ့အုပ်ပေးပါ
အပူပေးထားတဲ့အဝတ်နဲ့ နှာခေါင်းကို ၁၅ မိနစ်လောက်အုပ်ထားပေးလိုက်ရင် နှာပိတ်တာကို ချက်ချင်းသက်သာစေပါတယ်။ နှာပိတ်လို့အိပ်မပျော်တဲ့သူတွေလုပ်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။
(၄) သွေးပူလေ့ကျင့်ခန်းလုပ်ပါ
ဦးခေါင်းပိုင်းသွေးလှည့်ပတ်မှုကောင်းရင် နှာပိတ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ဦးခေါင်းပိုင်းသွေးလှည့်ပတ်မှုကောင်းအောင် ဒိုက်ထိုးလေ့ကျင့်ခန်းကို ၁ဝမိနစ်လောက်လုပ်ပေးလိုက်ပါ။
ႏွာေစးႏွာပိတ္တာကို(၁၅)မိနစ္အတြင္းေပ်ာက္ကင္းေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစမယ့္နည္း
ႏွာေစးလို႔ႏွာေခါင္းပိတ္တာက ခံရခက္ၿပီး ညဘက္အိပ္လို႔မရေအာင္ အေႏွာက္အယွက္ေပးတဲ့အေျခအေနတစ္ခုျဖစ္ပါတယ္။ ႏွာပိတ္ေနတဲ့သူက ႏွာပိတ္တာျမန္ျမန္ေပ်ာက္ဖို႔ကလြဲၿပီး တျခားဘာကိုမွ လိုခ်င္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ႏွာေစး၊ႏွာပိတ္တာကို ၁၅ မိနစ္အတြင္းေပ်ာက္ကင္းေစမယ့္ အေရးေပၚနည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) မ်က္ခုံးေမြးႏွစ္ခုၾကားကိုႏွိပ္နယ္ပါ
မ်က္ခုံးေမြးႏွစ္ခုၾကားေနရာကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ဖိႏွိပ္ေပးလိုက္ပါ။ ၁၀ မိနစ္ေလာက္ႏွိပ္ေပးတာနဲ႔ ႏွာပိတ္တာကို သက္သာေစၿပီး အိပ္ေပ်ာ္ေစပါတယ္။
(၂) ႏႈတ္ခမ္းအေပၚဘက္ကအခ်ိဳင့္ေလးကို ႏွိပ္ေပးပါ
ႏႈတ္ခမ္းအေပၚဘက္က ခ်ိဳင့္ေလးကို လက္ညႇိုးထိပ္ေလးနဲ႔ ၁၀ မိနစ္ေလာက္ဖိႏွိပ္ေပးလိုက္ပါ။ ႏွာပိတ္တာကို ခ်က္ခ်င္းသက္သာေစၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။
(၃) ႏွာေခါင္းအေပၚဘက္ကိုအဝတ္ပူေလးနဲ႔အုပ္ေပးပါ
အပူေပးထားတဲ့အဝတ္နဲ႔ ႏွာေခါင္းကို ၁၅ မိနစ္ေလာက္အုပ္ထားေပးလိုက္ရင္ ႏွာပိတ္တာကို ခ်က္ခ်င္းသက္သာေစပါတယ္။ ႏွာပိတ္လို႔အိပ္မေပ်ာ္တဲ့သူေတြလုပ္သင့္တဲ့ နည္းလမ္းျဖစ္ပါတယ္။
(၄) ေသြးပူေလ့က်င့္ခန္းလုပ္ပါ
ဦးေခါင္းပိုင္းေသြးလွည့္ပတ္မႈေကာင္းရင္ ႏွာပိတ္တာကို သက္သာေစပါတယ္။ ဒါေၾကာင့္ ဦးေခါင္းပိုင္းေသြးလွည့္ပတ္မႈေကာင္းေအာင္ ဒိုက္ထိုးေလ့က်င့္ခန္းကို ၁ဝမိနစ္ေလာက္လုပ္ေပးလိုက္ပါ။