အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေဝယ်ရင်အဲဒါကိုကြည့်ပါ အဲဒါလေးကို Star rating လို့ခေါ်ပါတယ်။
အဲဒါမပါရင် ဘာတံဆိပ်ဖြစ်ဖြစ် စွမ်းအင်သုံးစွဲမှုက ကိုယ်တိုင်တိုင်းကြည့်မှကောင်းမကောင်းသိရမှာပါ။ပုံမှန်ကတော့1-Star ကနေ 5-Star ထိရှိပါတယ်။ နိုင်ငံအလိုက် Rating သတ်မှတ်ချက်တော့ကွဲပြားနိုင်ပါတယ်။
အိမ်သုံးအဲကွန်းမှာတော့Start rating မြင့်ရင်မြင့်သလိုဝယ်ရင်းဈေးတော့ Rating နိမ့်တဲ့စက်တွေစာရင် ၂၅% လောက်ပိုကောင်းပိုနိုင်ပါတယ်။
လျှပ်စစ်ပစ္စည်းတွေဝယ်တိုင်းCOP , EER ဘယ်လောက်ရှိလဲမေးကြည့်ပါCOP-3.5 အောက် ၊EER-11အောက်စက်တွေဝယ်မယ်ဆိုရင်ဒါလေးဖတ်ကြည့်ပေးပါမဖြေနိုင်ရင်..မဝယ်ပါနဲ့။
ဝယ်မိရင်အိမ်ပေါ်မှာ အိမ်တွင်းသူခိုးတကောင်ရောက်နေသလိုပါပဲ။ဥပမာ အဲကွန်း ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတွေဆိုပါတော့သူ့တို့ကိုသုံးရာမှာစက်အမျိုးအစားတစ်ခုချင်းစီလိုက်လို့.အမျိုးအစားနဲ့
ကွဲပြားတဲ့ထုတ်လုပ်သူလိုက်လိို့မီတာခကုန်တာမတူပါပါဘူး သူ့ရဲ့ COP သို့မဟုတ် EER ပေါ်မူတည်ပါတယ်။COP ဆိုတာ (coefficient of performance) ကိုဆိုတာပါ။EER ဆိုတာ (Energy Efficiency Ratio)ကိုပြောတာပါ။
ဒေသတွင်းကဆို ယိုးဒယားနဲ့ စင်္ကာပူ နိုင်ငံတွေရဲ့ Rating ကအစစ်အမှန်ရထားတာဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းဖြစ်ပါတယ်။5-star အဆင့်လျှပ်စစ်ပစ္စည်းတွေက စွမ်းအင်သုံးစွဲအရမ်းသက်သာပါတယ်။
ဒါပေမယ့် တနှစ်မကြာခင်မှာပဲ မီတာခသက်သာသွားလို့ နောက်နှစ်တွေမှာ တနှစ်ကိုမီတာခ သိန်းကျော်သက်သာနိုင်ပါတယ်။ဈေးကွက်ထဲမှာတော့ Star rating မပါပဲမီတခသက်သာတဲ့ အဲကွန်းတွေလည်းရှိပါတယ်၊ ဒါပေမယ့်နားလည်မှသိနိုင်မှာပါ။
ဥပမာ အဲကွန်းအတွက်ဆိုပါတော့အရိုးရှင်းဆိုးပြောရရင်စက်တလုံးရဲ့တစ်နာရီအတွင်းအခန်းထဲကအပူကိုထုတ်ပြီးအခန်းကိုအေးအောင်လုပ်နိုင်တဲ့ပမာနဲ့အေးအောင်လုပ်ဖို့ ကုန်သွားတဲ့ စက်ရဲ့စားသုံးတဲ့လျှပ်စစ်စွမ်းအားအချိုးကိုဖော်ပြထားတဲ့ကိန်းဂဏန်းပါ။
တခြားလျှပ်စစ်ပစ္စည်းတွေဆိုရင်လည်း ဥပမာပြောရရင်လေးလုံးဝင်ပေါင်းအိုးဆိုပါတော့ထမင်းကျက်တာခြင်းအတူတူလျှပ်စစ်ကုန်တာချင်းမတူပါဘူး။လေးလုံးစာထမင်းကျက်ဖို့တခုက 500 Watt ကုန်နေချိန်တခြားတံဆိပ်တခုက Watt 600ကုန်နေတာမျိုးဆိုတာပါ။
အဲကွန်းမှာဆို ရာသီတစ်ခု ဒါမှမဟုတ် တစ်နှစ်စာအတွင်းစက်တွေဟာ တစ်ရက်နဲ့တစ်ရက် တစ်နာရီနဲ့တစ်နာရီ အခန်းတွင်းက
အပူချိန်နဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ လျှပ်စစ်စားသုံးမှူကလည်း မတူပြန်ပါဘူး။
အဲဒီတော့ တစ်နာရီစာမဟုတ်ပဲတစ်နှစ်တစ်ရာသီစာ အတွက် ယူတဲ့ EER ကိုတော့ SEER(seasonal energy efficiency ratio)လို့ခေါ်ပါတယ်။သူကတော့ စက်တစ်လုံးစီရဲ့စက်တစ်မျိုးချင်းစီရဲ့
စွမ်းအင်သုံးစွဲမှုကိုရာသီတစ်ခုလုံးနဲ့ ယှဉ်ပြီး ပြောတာဖြစ်လို့ ပိုပြီးတိကျပါတယ်။ဒီမှာတော့ EER နဲ့ COP ကိုပဲဖော်ပြပေးပါမယ်။အိမ်သုံးအဲကွန်းတွေထဲကမှ အင်ဗာတာမဟုတ်တဲ့စက်တွေကတော့
ပုံမှန်လည်နေတာဖြစ်လို့စက်လည်ပြီဆိုတာနဲ့ပုံသေသတ်မှတ်ထားတဲ့အတိုင်း မောင်းချိန်နာရီလိုက်လို့လျှပ်စစ်စားပါတယ်။အင်ဗာတာစက်အမျိုးအစားတွေကတော့..အခန်းတွင်းအပူပမာဏလိုက်လို့
လည်ပတ်မှုကအချိန်တိုင်းပြောင်းနေလို့..တစ်နာရီချင်းစီ.ပုံသေနှုန်းနဲ့တွက်မရတတ်ပါဘူး။အဲဒါကြောင့် ကာလတစ်ခုနဲ့ချိန်ထိုးတွက်ရပါတယ်။အကြမ်းဖျင်းပြောရရင်..စက်တွေရဲ့Name Plate မှာPower input ဆိုတာရေးထားပါတယ်။
နောက်ပြီးCooling Input ဆိုပြီးတော့လည်းရေးထားတတ်ပါတယ်။Power input ခေါ် လျှပ်စစ်စားသုံးမှုကတော့တစ်နာရီမောင်းရင်အဲဒီအဲကွန်းကလျှပ်စစ်စားသုံးမှုဘယ်လောက်ကုန်တယ်ဆိုတာပြောတာပါ။
အများစုကတော့..အရပ်အခေါ်တစ်ကောင်စက်1Hp အတွက်ဆိုရင်ပြည်တွင်းလက်ရှိသုံးနေတဲ့ အဲကွန်းအများစုက800Watt ကနေ 1000Watt ကြားရှိပါတယ်800 Watt အောက်နည်းတဲ့အဲကွန်းအမျိုးအစားအနည်းအကျဉ်းရှိပါတယ်။
တွက်ချက်မှုအနေနဲ့လျှပ်စစ်ဓာတ်အား1000Watt ကို တစ်နာရီသုံးရင်မီတာတစ်ယူနစ်(1kW Hr) ၁ ကီလိုဝပ်နာရီတက်ပါတယ်။အဲဒါကြောင့်ပျမ်းမျှယူရရင်1Hp အဲကွန်းကို တစ်နာရီမောင်းရင်.0.85 ယူနစ်(၁ ယူနစ်နီးပါးတက်ပါတယ်)။
တရုတ်စက်တွေကတော့..လူအထင်ကြီးအောင်..Power input ကို800Watt ဘာညာရေးထားပေမယ့်သူပြောထားတာထက်ပိုကုန်တဲ့စက်တွေကများပါတယ်။Energy Efficiency Ratio(EER) သို့
COPဆိုတာ Btu per hour ကို Input Watt(W) နဲ့ စားထားတဲ့ အချိုး (ဒါမှမဟုတ်)COP=Heat KW /Electric Kwကအပူထုတ်နိုင်စွမ်း (Colling capacity) KiloWattကို လျှပ်စစ်ကီလိုဝပ်နဲ့စားတာပါ။
နိုင်ငံလိုက်လို့ အခေါ်အဝေါ်ကွဲတတ်ပါတယ်။တချို့နိုင်ငံတွေမှာက COP နဲ့ EER ကို အတူတူပဲခေါ်ကြပါသေးတယ်။ဒီမှာ COP နဲ့ EER ကို ယျေဘူယျ အနေနဲ့ နှစ်မျိုးခွဲတွက်ပြပါမယ်ပထမတစ်မျိုးကEER/COP= BTU/Input electric wattနဲ့တွက်တဲ့ပုံစံပါ။
US မှာသုံးပါတယ်။နောက်တစ်မျိုးအနေနဲ့ပြောရင်COP နဲ့ EER ကို ဒီလိုတွက်ကြပါသေးတယ်။EER or COP=Heat KW /Electric Kwကိုစားတဲ့နည်းနဲ့ပါ။တနည်းအားဖြင့် သူတို့နှစ်ခုရဲ့KW(coolingcapacity) /kW(electric)နဲ့အချိုးပါ။
ဥပမာ အပူထုတ်နိုင်စွမ်း 2.65KW (2650Watt)ရှိတဲ့ အဲကွန်းကိုတစ်နာရီ မောင်းဖို့ လျှပ်စစ်ဓာတ်အား845Watts ကုန်တယ်ဆိုပါစို့။အစားထိုးရင် COP=2650/845=3.136~3.14 COP ရပါတယ်။
အဲကွန်းတွေဟာ COP တန်ဖိုးမြင့်လေ စွမ်းဆောင်ရည် Efficiency ကောင်းလေပါ။အဲဒီအမှတ်တွေကိုသတ်မှတ်ပြိးEnergy start rating ဆိုတာနိုင်ငံတကာမှာသတ်မှတ်ပါတယ်။ဂဏန်းကြီးရင်star rating မြင့်ပါတယ်။
COP မြင့်ပါတယ်။COP နိမ့်တဲ့စက်တွေလျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေဆိုရင်သွင်းကုန်ခွန် မြှင့်တာတို့ တင်သွင့်ခွင့်ပိတ်ပင်တာတို့နဲ့တားဆီးထားလေ့ရှိပါတယ်။COP မြင့်တဲ့စက်တွေဆိုရင်
အခွန်လျှော့ပေးတာအထူးအခွင့်အရေးပေးတာတွေနဲ့နိုင်ငံရေးအရ မက်လုံးပေးပါတယ်။နောက်ပြီးCOP အလိုက် Star Ratingတွေကိုလျှပ်စစ်အသုံးအဆောင်တွေရဲ့အပေါ်မှာကပ်ထားတာတွေ့နိုင်ပါတယ်။
တရား ဝင်ကပ်ထားပေးပါတယ်။ဝယ်သူတွေရွေးချယ်နိုင်ဖို့ပါ။အခုလက်ရှိမြန်မာပြည်ကတရုတ်အဲကွန်းတွေကတော့ Airconditioner တွေမှာ COP 2~3 အတွင်းသာအများစုရှိပါတယ်။Star rating လည်းမကပ်ထားပါ။
ဘယ်လိုပဲဖြစ်ဖြစ်EER နဲ့ COP ဟာသဘောတရားတူတူပါ။အပူထုတ်နိုင်စွမ်းနဲ့လျှပ်စစ်စားသုံးရဲ့အချိုးပါတခုကတော့cooling capacity-KW နဲ့ လျှပ်စစ်စားသုံးမှု kWတွေရောတတ်ပါတယ်။
Cooling Capacity. ဆိုတာအပူထုတ်နိုင်စွမ်းPower input ဆိုတာ..လျှပ်စစ်စားသုံးမှုပါ။ဥပမာ အဲကွန်းစက်အမျိုးအစားတခုကတစ်တန်(1.5 hp) အပူထုတ်နိုင်စွမ်းရှိတယ်ဆိုပါစို့။
သူ့ရဲ့ အပူထုတ်နိုင်စွမ်းက12000Btu ဖြစ်ပြီးPower Inputခေါ် 12000Btu အပူထုတ်နိုင်ဖို့ပေးသွင်းကုန်ဆုံးရတဲ့ လျှပ်စစ်ဝပ်အားပမာဏ1120 Watt ဆိုပါတော့။
အဲဒါဆိုရင်12000Btu/1120Watts=10.71 ရပါမယ်အဲဒါကြောင့်အဲဒီစက်ဟာ..EER အနေနဲ့10.71ရှိတယ်လို့ဆိုပါတယ်။
နောက်စက်တလုံးက 12000Btu/hr
အပူထုတ်ဖို့လျှပ်စစ်စားသုံးမှု Power Input1200Watts ရှိတယ်ဆိုရင်သူ့ရဲ့ COP or EER =12000/1200=10ရပါမယ်။ဒါဆို ဒီစက်က စောစောကစက်ထက် စွမ်းဆောင်ရည်နိမ့်ပြီး လျှပ်စစ်ပိုကုန်ပါတယ်။ဝယ်မယ်ဆိုအပေါ်ကစက်အမျိုးအစားကိုဝယ်ရမှာပါ။
တလုံးနှစ်လုံးစာ မသိသာပေမယ့်တနိုင်ငံလုံးအတွက်ဆိုရင်EER 10 လောက်ရှိတဲ့ စက်ကိုဝယ်မိရင်စက်တ လုံးတနာရီမောင်းရင် 8 Watts ဆိုတော့စက်အလုံးရေ တသန်းဆိုရင်1000000 x 8Watt/hr=8000000 Watts(8မဂ်ဂါဝပျနာရီ) ကုန်ပါမယ်။
တနေ့ (10)နာရီ နဲ့ ရက်ပေါင်း (300)သုံးနေကြရင်10x300x 8=24000 မဂ်ဂါဝပျနာရီ အလကားကုန်ပါတယ်။အဲဒီလျှပ်စစ်ပမာဏဟာနိုင်ငံတကာအဆင့်အလုပ်သမား ဦးရေ 100000 လောက်ရှိတဲ့စက်မှုဇုန်သုံးခုလောက်ကို တနှစ်စာ လျှပ်စစ်ပေးထားလို့ရပါတယ်။
အဲဒီအတွက် လူငယ်တွေအလုပ်အကိုင်အခွင့်အလမ်းတွေတိုင်းပြည်ဝင်ငွေတွေ လျှပ်စစ်ချွေတာခြင်းကနေ ပိုတိုးလာမှာပါ။
ဒါကို ကုန်ထုတ်လုပ်မှုမှာမသုံးပဲကျေးရွာတွေကိုမျှပေးနိုင်ရင်ကျေးလက်ရဲ့ ကျန်းမာရေး၊ပညာရေးနဲ့လူမှုစီးပွားရေးတွေ အများကြီးတိုးတက်လာမှာပါ။ဒါကြောင့်လျှပ်စစ်ချွေတာတာ ၊ COP ကောင်းတဲ့စက်တွေကိုပဲသုံးခွင့်ပြုတာကတကယ့်နိုင်ငံရေးတခုပါ။
တိုင်းပြည်မွဲလိို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်မတည်ခင်သုံးနေတဲ့လျှပ်စစ်ပစ္စည်းတွေရဲ့တင်သွင်းခွင့်အရည်အသွေးကိုနည်းနည်းလေးကြပ်မတ်ယုံနဲ့ အပိုလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေတည်စရာမလိုပဲအထောက်အကူရပါတယ်။
မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေပါလိမ့်မယ်။EER နဲ့ COPတန်ဖိုးဟာ..အဲကွန်းရဲ့အပူထုတ်နိုင်စွမ်းနဲ့ကုန်ဆုံးတဲ့လျှပ်စစ်ဓာတ်အားတို့ရဲ့အချိုးဆိုတာထပ်ပြောပါမယ်။
အပူထုတ်တာချင်းအတူ လျှပ်စစ်ဝပ်အားပိုကုန်ရင်EER နဲ့ COP တန်ဖိုးနည်းသွားမှာပါ။EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con ဈေးလဲ လိုက်များလာပါတယ်။ဒီမှာတင်သွင်းနေတဲ့Air Con အများစုကတော့ EER 8.9 ကနေ 10.7ကြားမှာပဲ ရှိကြပါတယ်။
အရည်အသွေးညံ့ကြတယ်ပေါ့။စွမ်းအင်သုံးစွဲမှုအရမ်းတင်းကြပ်တဲ့နိုင်ငံတွေမှာတော့..EER 11 အောက်စက်တွေကို တင်သွင်းခွင့်မပြုခြင်းဖြင့် စွမ်အင်မူဝါဒနဲ့ တင်းကြပ်ထားပါတယ်။
တင်သွင်းချင်ရင်လည်းEER မြင့်တဲ့စက်ထက်အခွန်အများကြီးပိုကောက်ပါတယ်။Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ကြားရှိကြပါတယ်။24 နာရီ 7 ရက်လုံး ဆက်တိုက်
အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆိုEER မြင့်တဲ့ Air Con ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ဒါဟာကိုယ့်အတွက်လည်းငွေကြေးချွေတာပြီးသားဖြစ်သလိုနိုင်ငံတော်ကိုလည်းကူညီရာရောက်ပါတယ်။
အဲကွန်းတွေကိုတင်သွင်းခွင့်ပြုရာမှာEER မြင့်တဲ့ အဲကွန်းတွေတင်သွင်းခွင့်ပြုလေတိုင်းပြည်ရဲ့ လျှပ်စစ်ပြုန်းတီးမှုသက်သာလေပါ။