knewledge အေထြအေထြဗဟုသုတ

[ဂစ်တာကြိုးသံချေးမတက်အောင်လုပ်ဆောင်သင့်တဲ့အချက်လေးချက်👀]

[ဂစ်တာကြိုးသံချေးမတက်အောင်လုပ်ဆောင်သင့်တဲ့အချက်လေးချက်👀]

ဂစ်တာကြိုးသံချေးတက်တယ်ဆိုတာကတော့ ဂစ်တာတီးသူတိုင်းကြုံတွေ့နေရတဲ့ပြဿနာလေးတစ်ခုပါဗျ…🤗
ဂစ်တာကြိုးသံချေးတက်လာတာနဲ့ တီးရတာလဲအဆင် မပြေတော့သလို ကြိုးတွေသံချေးတက်နေတာကြောင့်ကြိုးပြတ်ဖို့လဲ ပိုလွယ်ကူပါတယ်…🤷‍♂️
ဒါကြောင့် ကြိုးတွေသံချေးမတက်အောင်ကာကွယ်ဖို့နည်းလမ်းလေးတွေsharingလုပ်ပေးလိုက်ပါတယ်…

1.ဂစ်တာမတီးခင်လက်ဆေးပါ👏

ကျနော်တို့သတိမထားမိကြပေမယ့် ကျနော်တို့လက်တွေမှာ အစိုဓာတ်နဲ့အဆီတွေက အမြဲရှိနေတတ်ပါတယ်..အဲ့ဒီအစိုဓာတ်နဲ့အဆီတွေကပဲ ဂစ်တာကြိုးတွေကိုသံချေးတက်မြန်စေပါတယ်…
ဒါကြောင့်ဂစ်တာမတီးခင်လက်သေချာဆေးပါ…ဆေးပြီးတာနဲ့အဝတ်နဲ့လက်ကိုခြောက်အောင်သုတ်ပြီးမှဂစ်တာကို တီးပါဗျ…ဒီနည်းလမ်းလေးကလဲ ဂစ်တာကြိုးသံချေးတက်ခြင်းကိုကာကွယ်နိုင်ပါတယ်

 

2.ဂစ်တာတီးပြီးတဲ့အချိန် ကြိုးတွေကိုအဝတ်သန့်သန့်နဲ့သေချာပြန်သုတ်ပါ🎸

ဂစ်တာတီးပြီးတဲ့အချိန်မှာ ကျနော်တို့ရဲ့ဂစ်တာကိုပြန်မသိမ်းခင် ဂစ်တာကြိုးတွေကို အဝတ်သန့်လေးနဲ့တစ်ကြိုးစီ ပြန်သုတ်ပေးပါ..အဝတ်ကလဲ ခြောက်သွေ့နေဖို့လိုပါတယ်.. ဒီနည်းလမ်းလေးကလဲ ဂစ်တာကြိုးသံချေးမတက်အောင်ကာကွယ်လို့ရတဲ့နည်းလမ်းလေးပဲ ဖြစ်ပါတယ်

 

3.ဂစ်တာမတီးဖြစ်ရင်အိတ်ထဲမှာပဲထည့်ထားပေးပါ🎸

ဂစ်တာကိုတီးပြီးလို့ပဲ ဖြစ်ဖြစ် မတီးဖြစ်လို့ပဲ ဖြစ်ဖြစ် အိတ်ထဲမှာပဲထည့်ထားပါ…ဒီနည်းလမ်းလေးကလဲသင့်ဂစ်တာကြိုးတွေကိုသံချေးတက်မဲ့အန္တရာယ်ကနေကာကွယ်ပေးနိုင်ပါတယ်… အပြင်ဘက်ကလေထုစိုထိုင်းမှုရှိနေရင်လည်းကြိုးတွေသံချေးတက်နိုင်ပါတယ်ဗျ…
(ဂစ်တာအိတ်မရှိရင်လဲ စိုထိုင်းဆနည်းတဲ့နေရာမှာထားထားပေးပါ)

 

4.ဂစ်တာကြိုးကောင်းကောင်းလေးဝယ်သုံးပေးပါ🎸

Anti-rust coatingကြိုးဆိုပိုကောင်းပါတယ်…
Coatingပါတဲ့ကြိုးတွေဟာ ပုံမှန်ကြိုးတွေထက်တော့စျေးကြီးပါလိမ့်မယ်ဗျ…ဒါပေမယ့် ပုံမှန်ဂစ်တာကြိုးတွေထက်တီးရတာပိုအရသာရှိသလို ပိုပြီးလဲကြာရှည်ခံပါတယ်

ကျနော်အခုsharingလုပ်ပေးသွားတဲ့ အချက်လေးတွေကိုသေချာလိုက်လုပ်ပေးမယ်ဆိုရင်တော့ ဂစ်တာကြိုးလေးတွေသံချေးမတက်ဖို့အထောက်အကူပြုပါလိမ့်မယ်ဗျ…
အားလုံးပဲ ကျေးဇူးတင်ပါတယ်
မဂ်လာရှိတဲ့နေ့ရက်လေးဖြစ်ပါစေ❤

credit December Guitar Store

 

ZAWGYI

 

[ဂစ်တာကြိုးသံချေးမတက်အောင်လုပ်ဆောင်သင့်တဲ့အချက်လေးချက်👀]

ဂစ္တာႀကိဳးသံေခ်းတက္တယ္ဆိုတာကေတာ့ ဂစ္တာတီးသူတိုင္းႀကဳံေတြ႕ေနရတဲ့ျပႆနာေလးတစ္ခုပါဗ်…🤗
ဂစ္တာႀကိဳးသံေခ်းတက္လာတာနဲ႔ တီးရတာလဲအဆင္ မေျပေတာ့သလို ႀကိဳးေတြသံေခ်းတက္ေနတာေၾကာင့္ႀကိဳးျပတ္ဖို႔လဲ ပိုလြယ္ကူပါတယ္…🤷‍♂️
ဒါေၾကာင့္ ႀကိဳးေတြသံေခ်းမတက္ေအာင္ကာကြယ္ဖို႔နည္းလမ္းေလးေတြsharingလုပ္ေပးလိုက္ပါတယ္…

1.ဂစ္တာမတီးခင္လက္ေဆးပါ👏

က်ေနာ္တို႔သတိမထားမိၾကေပမယ့္ က်ေနာ္တို႔လက္ေတြမွာ အစိုဓာတ္နဲ႔အဆီေတြက အၿမဲရွိေနတတ္ပါတယ္..အဲ့ဒီအစိုဓာတ္နဲ႔အဆီေတြကပဲ ဂစ္တာႀကိဳးေတြကိုသံေခ်းတက္ျမန္ေစပါတယ္…
ဒါေၾကာင့္ဂစ္တာမတီးခင္လက္ေသခ်ာေဆးပါ…ေဆးၿပီးတာနဲ႔အဝတ္နဲ႔လက္ကိုေျခာက္ေအာင္သုတ္ၿပီးမွဂစ္တာကို တီးပါဗ်…ဒီနည္းလမ္းေလးကလဲ ဂစ္တာႀကိဳးသံေခ်းတက္ျခင္းကိုကာကြယ္ႏိုင္ပါတယ္

2.ဂစ္တာတီးၿပီးတဲ့အခ်ိန္ ႀကိဳးေတြကိုအဝတ္သန္႔သန္႔နဲ႔ေသခ်ာျပန္သုတ္ပါ🎸

ဂစ္တာတီးၿပီးတဲ့အခ်ိန္မွာ က်ေနာ္တို႔ရဲ႕ဂစ္တာကိုျပန္မသိမ္းခင္ ဂစ္တာႀကိဳးေတြကို အဝတ္သန္႔ေလးနဲ႔တစ္ႀကိဳးစီ ျပန္သုတ္ေပးပါ..အဝတ္ကလဲ ေျခာက္ေသြ႕ေနဖို႔လိုပါတယ္.. ဒီနည္းလမ္းေလးကလဲ ဂစ္တာႀကိဳးသံေခ်းမတက္ေအာင္ကာကြယ္လို႔ရတဲ့နည္းလမ္းေလးပဲ ျဖစ္ပါတယ္

3.ဂစ္တာမတီးျဖစ္ရင္အိတ္ထဲမွာပဲထည့္ထားေပးပါ🎸

ဂစ္တာကိုတီးၿပီးလို႔ပဲ ျဖစ္ျဖစ္ မတီးျဖစ္လို႔ပဲ ျဖစ္ျဖစ္ အိတ္ထဲမွာပဲထည့္ထားပါ…ဒီနည္းလမ္းေလးကလဲသင့္ဂစ္တာႀကိဳးေတြကိုသံေခ်းတက္မဲ့အႏၲရာယ္ကေနကာကြယ္ေပးႏိုင္ပါတယ္… အျပင္ဘက္ကေလထုစိုထိုင္းမႈရွိေနရင္လည္းႀကိဳးေတြသံေခ်းတက္ႏိုင္ပါတယ္ဗ်…
(ဂစ္တာအိတ္မရွိရင္လဲ စိုထိုင္းဆနည္းတဲ့ေနရာမွာထားထားေပးပါ)

4.ဂစ္တာႀကိဳးေကာင္းေကာင္းေလးဝယ္သုံးေပးပါ🎸

Anti-rust coatingႀကိဳးဆိုပိုေကာင္းပါတယ္…
Coatingပါတဲ့ႀကိဳးေတြဟာ ပုံမွန္ႀကိဳးေတြထက္ေတာ့ေစ်းႀကီးပါလိမ့္မယ္ဗ်…ဒါေပမယ့္ ပုံမွန္ဂစ္တာႀကိဳးေတြထက္တီးရတာပိုအရသာရွိသလို ပိုၿပီးလဲၾကာရွည္ခံပါတယ္

က်ေနာ္အခုsharingလုပ္ေပးသြားတဲ့ အခ်က္ေလးေတြကိုေသခ်ာလိုက္လုပ္ေပးမယ္ဆိုရင္ေတာ့ ဂစ္တာႀကိဳးေလးေတြသံေခ်းမတက္ဖို႔အေထာက္အကူျပဳပါလိမ့္မယ္ဗ်…
အားလုံးပဲ ေက်းဇူးတင္ပါတယ္
မဂ္လာရွိတဲ့ေန႔ရက္ေလးျဖစ္ပါေစ❤

credit December Guitar Store