အဖမ္းခံထားရတဲ့ ဆရာလင္းညိဳ႕တာရာရဲ႕ ေဟာခ်က္ထဲက နံပါတ္ ၁၀ ၁၄ တကယ္ျဖစ္လာျပန္ၿပီ
စစ္အာဏာရွင္က်ဆုံးေရး လူမႈကြန္ရက္တြင္ အစီအရင္မ်ား တင္သျဖင့္ ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈျဖင့္ ဖမ္းဆီးခံထားရေသာ ေဗဒင္ပညာရွင္ လင္းညိဳ႕တာရာ၏ ၂၀၂၁ ေရွ႕ျဖစ္ေဟာကိန္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၂ စစ္အာဏာသိမ္းေကာင္စီ၏ အာ ဏာသိမ္းမႈကို ဆန႔္က်င္ေနသည့္အေနျဖင့္ ယၾတာအစီအရင္မ်ား ေဆာင္႐ြက္သျဖင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ အဖမ္းခံလိုက္ရေသာ ေဗဒင္ပညာရွင္ ဟိန္းမင္းေအာင္ ခ လင္းညိဳ႕တာရာက ျမန္မာႏိုင္ငံ၏
၂၀၂၁ ေဟာကိန္းကို ၂၀ ၂၀ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔တြင္ သူ၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္ထားခဲ့သည္။ အဆိုပါ ေဟာကိန္းကို ျပန္လည္ ေဖာ္ျပေပးလိုက္ပါသည္
ျမန္မာႏိုင္ငံႀကီး၏ ၂၀၂၁ အတြက္ အေျခခံေဟာခ်က္မ်ား (လင္းညိဳ႕တာရာႏွစ္စဥ္ႏွစ္တိုင္း ႏွစ္သစ္တစ္ခုမစခင္မွာ ႏွစ္သစ္တြင္ ျဖစ္ႏိုင္ေျခမ်ားေသာ အျခင္းအရာမ်ားအား ႀကိဳတင္နိမိတ္ထုတ္ေလ့ရွိပါသည္။
၁. အခ်ိဳ႕ေသာ လက္နက္ကိုင္မ်ားျဖင့္ ခ်စ္ၾကည္ေရးျဖစ္ၿပီး ေျပလည္မႈမ်ား ျဖစ္တတ္သည္။
၂. ျပည္တြင္းစစ္မ်ား သိသာစြာ အားနည္းလာတတ္ေသာ္လည္း စီးပြားေရးထိုးစစ္မ်ားျဖင့္ အၿပိဳင္အဆိုင္မ်ား ျဖစ္ေပၚလာတတ္သည္။
၃. ျမန္မာျပည္ႀကီး ၏ အျမင့္ဆုံး အဖြဲ႕အစည္းမ်ားစြာတို႔ အေျပာင္းအလဲမ်ားစြာျဖစ္တတ္သည္။
၄. ဩဇာအာဏာႀကီးမားေသာ ဆရာေတာ္ႀကီးမ်ား ႏွင့္ ပုဂၢိဳလ္ႀကီးမ်ား သုံးပါး သို႔ သုံးေယာက္ ေသဆုံးမႈ ျဖစ္မည္။
၅. ႏိုင္ငံတကာတြင္ ျမန္မာႏိုင္ငံ ၏ သတင္းမ်ား ထိုးတက္ေအာင္ကို အေျပာင္းအလဲအဆိုးအေကာင္း မ်ားစြာ ျဖစ္ေပၚတတ္သည္။
၆. တန္ဖိုးႀကီး အလြန္ရွားပါးေသာ ရတနာႀကီးတစ္ခု သို႔ တစ္ခုထက္ မနည္း တူးေဖာ္ရရွိတတ္သည္။
၇. အစိုးရပိုင္းဆိုင္ရာ ရာထူးအေျပာင္းအလဲမ်ား အလြန္မ်ားေသာႏွစ္ျဖစ္ၿပီး စပ္စပ္ထိမခံေသာ အစိုးရတစ္ရပ္ ျဖစ္ေပၚတတ္သည္။
၈. နာမည္ႀကီး တန္ခိုးႀကီး ဘုရားတစ္ဆူၿပိဳလဲျခင္း သို႔ ထိုဘုရားျဖင့္ ပတ္သက္ေသာ ပုရဝိုဏ္ ပ်က္စီးျခင္း ျဖစ္ေပၚတတ္သည္။
၉. ႏိုင္ငံေတာ္တစ္ဝွမ္း စီးပြားေရးအလြန္အားေကာင္းလာၿပီး စီးပြားေရးျဖင့္ ပတ္သက္ေသာ ေၾကျငာခ်က္အသစ္တစ္ခု သို႔ ဥပေဒတစ္ရပ္ ျဖစ္ေပၚလာတတ္သည္။
၁၀. တိုက္ၿပိဳျခင္း ေျမၿပိဳျခင္း တံတားက်ိဳးျခင္း စေသာ ေရ ႏွင့္ ေျမေၾကာင့္ လူအစုလိုက္ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚတတ္သည္။
၁၁. ကမာၻမွာ ေရာဂါဆန္းေပၚလာတတ္ေသာ္လည္း ကို႐ိုနာေလာက္ Epidemic မျဖစ္တတ္ေခ်။
၁၂. ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားၾကားထဲတြင္ ျမန္မာႏိုင္ငံသည္ သိသိသာသာ ေရပန္းစားလာတတ္သည္။
၁၃. ကာလအတန္ၾကာေပ်ာက္ဆုံးေနၾကေသာ ပုဂၢိဳလ္ေဟာင္းမ်ား လူေဟာင္းမ်ား မ်က္ႏွာေဖာ္၍ ျပန္လည္ေပၚေပါက္လာတတ္သည္။
၁၄. ဩဇာအာဏာႀကီးမားေသာ ပုဂၢိဳလ္တစ္ဦး က်န္းမာေရးဆိုင္ရာ အေျပာင္းအလဲ ရွိတတ္သည္။
၁၅. ရာဇဝတ္မႈမ်ား ႏွင့္ မိမိကိုယ္မိမိ သတ္ေသေသာအမႈမ်ား ပိုမိုမ်ားျပားလာတတ္သည္။
၁၆. ဂမၻီရဆိုင္ရာဆရာမ်ား မ်ားျပားလာတတ္ၿပီး ျမန္မာျပည္အေျခစိုက္ ဂမၻီရပညာမ်ား ကမာၻက သိသိသာသာ သိရွိလာတတ္သည္။
၁၇. အထင္ကရ နတ္ပုံေတာ္မ်ား ပ်က္စီးျခင္း နိမိတ္မေကာင္းေသာအျခင္းအရာမ်ား ျဖစ္ျခင္း ျဖစ္ေပၚတတ္သည္။
၁၈. ထူးျခားထင္ရွားေသာ သာသနာနယ္ေျမမ်ား သာသနာအေဆာက္အဦ္းမ်ား ဘုရားမ်ား ပုံမွန္ထက္ပိုလြန္ၿပီး ထူးျခားစြာျဖစ္ေပၚတတ္သည္။ ဥပမာ – ကမာၻ႔ပထမဆုံး ဘုရား ၊ အႀကီးဆုံးဘုရား စသျဖင့္ပါ။
၂၀၂၁ သည္ ၂၀၂၀ ထက္စာရင္ ပိုမိုေကာင္းမြန္ေသာ ေန႔ရက္မ်ားစြာ ရွိတတ္ပါသည္။ အစိုးရပိုင္းဆိုင္ရာ ရႈပ္ေထြးမႈမ်ားသည္ သာမန္ထက္ပိုမို လြန္ကဲတတ္ၿပီး အတြင္းပိုင္း ျပႆနာမ်ားျဖင့္ အဆင္မေျပမႈမ်ား ျဖစ္ေနတတ္သည္။
ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ စီးပြားေရးမ်ား ျပန္လည္တိုး တက္လာတတ္ၿပီး ႏိုင္ငံတကာျဖင့္ လက္တြဲႏိုင္သည့္ လုပ္ငန္းမ်ားစြာ တျဖည္းျဖည္း ျပန္လည္တိုးတက္လာေစေသာ ႏွစ္တစ္ႏွစ္ေလးပါ။လူေတြအေနနဲ႔ အရင္ထက္ ေလာဘ ၊ ေဒါသ ၊ ေမာဟ ပိုမို မ်ားျပားလာတတ္ပါသည္။ ဒီအရာကသာ မန္မဟုတ္ေသာ ေသဆုံးျခင္းဆီကို ပို႔ေဆာင္ေပးတတ္ပါသည္။
စိတ္ေၾကာင့္ပိုမို ေသဆုံးမႈမ်ား ျဖစ္တတ္ေပသည္။ ကမာၻလုံးဆိုင္ရာအားျဖင့္ အလြန္ႀကီးမားေသာ ရွာေဖြေတြ႕ ရွိမႈႀကီးတစ္ခု ဒီႏွစ္မွာ ရွာေဖြမိတတ္ေပသည္။ ျမန္မာႏိုင္ငံျဖင့္ မသက္ဆိုင္ေသာ္ျငားလည္း 21 ရာစု၏ အႀကီးဆုံး ေတြ႕ရွိမႈႀကီးတစ္ခု ျဖစ္သြားတတ္ေပသည္။အခုလို ဝင္ေရာက္ဖတ္ရႈ႕ေပးၾကတဲ့ တစ္ေယာက္ျခင္းစီတိုင္း က်န္းမာေပ်ာ္႐ႊင္ေသာ ေန႔ရက္မ်ားပိုင္ဆိုင္ႏိုင္က်ပါေစ။
crd
Unicode
အဖမ်းခံထားရတဲ့ ဆရာလင်းညို့တာရာရဲ့ ဟောချက်ထဲက နံပါတ် ၁၀ ၁၄ တကယ်ဖြစ်လာပြန်ပြီ
စစ်အာဏာရှင်ကျဆုံးရေး လူမှုကွန်ရက်တွင် အစီအရင်များ တင်သဖြင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသော ဗေဒင်ပညာရှင် လင်းညို့တာရာ၏ ၂၀၂၁ ရှေ့ဖြစ်ဟောကိန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်အာဏာသိမ်းကောင်စီ၏ အာ ဏာသိမ်းမှုကို ဆန့်ကျင်နေသည့်အနေဖြင့် ယတြာအစီအရင်များ ဆောင်ရွက်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အဖမ်းခံလိုက်ရသော ဗေဒင်ပညာရှင် ဟိန်းမင်းအောင် ခ လင်းညို့တာရာက မြန်မာနိုင်ငံ၏ ၂၀၂၁ ဟောကိန်းကို ၂၀ ၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။ အဆိုပါ ဟောကိန်းကို ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံကြီး၏ ၂၀၂၁ အတွက် အခြေခံဟောချက်များ (လင်းညို့တာရာနှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် ဖြစ်နိုင်ခြေများသော အခြင်းအရာများအား ကြိုတင်နိမိတ်ထုတ်လေ့ရှိပါသည်။
၁. အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။
၂. ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။
၃. မြန်မာပြည်ကြီး ၏ အမြင့်ဆုံး အဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။
၄. ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများ နှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါး သို့ သုံးယောက် သေဆုံးမှု ဖြစ်မည်။
၅. နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ သတင်းများ ထိုးတက်အောင်ကို အပြောင်းအလဲအဆိုးအကောင်း များစွာ ဖြစ်ပေါ်တတ်သည်။
၆. တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခု သို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။
၇. အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။
၈. နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း သို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။
၉. နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခု သို့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။
၁၀. တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်း စသော ရေ နှင့် မြေကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။
၁၁. ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။
၁၂. ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။
၁၃. ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။
၁၄. ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။
၁၅. ရာဇဝတ်မှုများ နှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။
၁၆. ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာက သိသိသာသာ သိရှိလာတတ်သည်။
၁၇. အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။
၁၈. ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦ်းများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။
၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။ အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည်တိုး တက်လာတတ်ပြီး နိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ တဖြည်းဖြည်း ပြန်လည်တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟ ပိုမို များပြားလာတတ်ပါသည်။ ဒီအရာကသာ မန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေးတတ်ပါသည်။
စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။ မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း 21 ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွားတတ်ပေသည်။အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ တစ်ယောက်ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များပိုင်ဆိုင်နိုင်ကျပါစေ။
crd