အေထြအေထြဗဟုသုတ
သင်္ဘောသီးအစေ့က အလွန်ဆေးဖက်ဝင်လို့လွှင့်မပစ်စေချင်
သင်္ဘောသီးအစေ့က အလွန်ဆေးဖက်ဝင်လို့ လွှင့်မပစ်စေချင်
လူတိုင်း သဘောင်္သီးမှည့်စားမယ်ဆိုရင် အရင်ဦးဆုံး အစေ့တွေကို ဖယ်ပြီးမှ စားလေ့ရှိပါတယ်။ အမှန်တကယ်တော့ သဘောင်္သီးစေ့တွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါဆဲလ်ပြန့်ပွားမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။
သဘောင်္သီးစေ့ကို ဒီအတိုင်းဝါးစားနိုင် ပါတယ်။ အရသာက ခါးသက်သက်ရှိတာကြောင့် အချို့လူတွေကတော့ နွားနို့ သို့မဟုတ် ပျားရည်တို့နှင့် တွဲဖက်စားသုံးကြပါတယ်။ ဒါပေမယ့် နို့တိုက်ကျွေးနေသော မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ သင်္ဘောသီးစေ့ကို မစားသုံးသင့်ပါဘူး။
(၁) အစာချေမှုစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေဟာ အစားအစာမှာပါဝင်တဲ့ အသားဓာတ် ( ပရိုတင်းဓာတ်) ကို ကောင်းမွန်စွာ ချေဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်္ဘောသီးစေ့ကို စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် အထောက်အကူလည်းဖြစ်စေပြီး ကြွက်သားဆဲလ်များကိုလည်း ကျန်းမာစေပါတယ်။
(၂) ကင်ဆာရောဂါဆဲလ်ပြန့်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ခြင်း သင်္ဘောစေ့တွင် ပါဝင်သော Isothiocyannates ဓာတ်သည် အသားပိုထွက်ခြင်းနှင့် ကင်ဆာဖြစ်စေသောဆဲလ်ပြန့်ပွားမှုနှုန်းများကို အများဆုံး လျှော့ချပေးနိုင်ပါသည်။ ထို့ပြင် သဘောင်္သီးစေ့အား သာမာန်ထက် ပိုမိုစားသုံးလျှင် သွေးကင်ဆာရောဂါ၊ အဖိုသုတ်ရည်ဂလင်းကင်ဆာရောဂါ၊ အူမကြီးကင်ဆာရောဂါ၊ ရင်သားကင်ဆာနှင့် အဆုတ်ကင်ဆာဆဲလ်များ ပြန့်ပွားမှုများကို လျှော့ချပေးနိုင်ပါသည်။
(၃) အသည်းရောဂါကို ကာကွယ်ပေးနိုုင်ခြင်း အရက်သေစာများကို အလွန်အကျွံသောက်သုံးလျှင်၊ အသည်းရောင်နာ B C စသော ရောဂါခံစားရလျှင် အသည်းဆဲလ်များ ပျက်စီးပြီး Cirrhosis ဟုခေါ်သော အသည်းဆဲလ်ပျက်စီးခြင်းရောဂါများကို ခံစားရနိုင်ပါသည်။ ထိုရောဂါကို ခံစားရပြီဆိုလျှင် သဘောင်္သီးစေ့ ၅ စေ့ ၆ စေ့ကို ကြိတ်ပြီး သံပရာသီးဖျော်ရည်ထဲသို့ ထည့်သောက်လျှင် အသည်းရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် အသည်းရောဂါကို ခံစားနေရလျှင် နေ့စဉ် ယခုကဲ့သို့ ပြုလုပ်ပြီး လအနည်းငယ်အထိ သောက်သုံးပေးသင့်ပါသည်။ ထိုသို့ သောက်သုံးခြင်းဖြင့် ပျက်စီးနေသော အသည်းတစ်ရှူးများကို ပြန်လည်ကောင်းမွန်လာစေပါသည်။
(၄) ကျောက်ကပ်ရောဂါအတွက် ဆေးကောင်းတစ်လက် ကျောက်ကပ်တွင် အဆိပ်အတောက်များ စုပုံလာသည့်အခါ ကျောက်ကပ်သည် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သည့်အခါ ကျောက်ကပ်ရောဂါဝေဒနာများကို ခံစားရပါသည်။ ထိုသို့ ကျောက်ကပ်တွင် အဆိပ်အတောက်များ စုပုံလာခြင်းကို ကာကွယ်နိုင်ရန် သဘောင်္သီးမှည့်အစေ့ကို စားသုံးပေးသင့်ပါသည်။
(၅) သေးငယ်လွန်းသည့် ရောဂါပိုးမွှားများမှ ကာကွယ်ပေးနိုင်ခြင်း သဘောင်္
သီးစေ့သည် အလွန်သေးငယ်သော၊ လူတို့၏ မျက်စိဖြင့် မမြင်နိုင်သော ရောဂါပိုးမွှားများအန္တရာယ်မှ အထူးကာကွယ်ပေးနိုင်ပါသည်။ ဥပမာ – တိုက်ဖွိုက်ရောဂါ ကဲ့သို့သော ရောဂါများအတွက် အထူးကာကွယ်ပေးနိုင်ပါသည်။ ဒါကြောင့် သဘောင်္သီးစေ့များကို ကြိတ်ချေပြီး နွားနို့နှင့် တွဲဖက်၍ သောက်သုံးပေးနိုင်ပါသည်။
(၆) ကပ်ပါးကောင်၊ သန်ကောင်များကို သေစေနိုင်ခြင်း ဝမ်းတွင်းရှိ သန်ကောင်များကို သေစေနိုင်သည့်အတွက် ကလေးငယ်များကို တစ်ခါတစ်ပတ် သင်္ဘောသီးမှည့်နှင့် အစေ့များကို ဖျော်ရည်ပြုလုပ်ပြီး တိုက်ပေးသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကလေးများ၏ အူများတွင် တယ်ကပ်နေနိုင်သော သန်ကောင်များကို ဖယ်ရှားပေးနိုင်ပါသည်။ သို့သော် အရမ်းငယ်လွန်းသေးသော ကလေးငယ်များကို သင်္ဘောသီးစေ့ဖျော်ရည်တိုက်ကျွေးခြင်းများကို ရှောင်ကြဉ်ရပါမယ်။ မိမိဘာသာအိမ်တွင် စားသုံးမည်ဆိုလျှင်ပင် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ သင်္ဘောသီးစေ့စားသုံးခြင်းကို ပြုလုပ်သင့်ပါသည်။
(ကျန်းမာရေးအတွက်ဆေးတစ်ခွက်)
Credit
Unicode
Credit