အေထြအေထြဗဟုသုတ

ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း

ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း

ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။

လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့ နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ်။

(၁) ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ။

ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခု ဖြစ်ပါတယ်။

ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး

(၂) သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့။

လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။

ဒါကြောင့် သင်ဟာ ချွေးအလွန်ထွက်တတ်သူ သို့မဟုတ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူဆိုပါက ရေချိုးဖို့ လိုအပ်ပေမယ့် ချွေးသိပ်မထွက်တဲ့ သူတွေအနေနဲ့ ဆောင်းတွင်းမှာ ရေ တစ်ရက်တလေ မချိုးတာဟာ ကိစ္စမရှိပါဘူး။

(၃) ရေချိုးခြင်းကြောင့် အရေပြား ခြောက်သွေ့စေတယ်လေ။

သင်ဟာ ဆောင်းတွင်းမှာ ရေအေးနဲ့ ရေချိုးရမှာကြောက်ပြီး ရေနွေးနဲ့ ချိုးနေမိပါသလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ပါပြီ။

ဘာလို့ဆိုရင် ရေနွေးကြောင့် အရေပြားကို အစိုဓာတ်ပေးတဲ့ သဘာဝအဆီတွေကို ပျက်စီးစေလို့ အသားခြောက်စေပါတယ်။ မဖြစ်မနေ ချိုးရမယ်ဆိုပါက အချိန်တိုအတွင်း အပြီးချိုးသင့်ပါတယ်။

(၄) အရေပြားပေါ်က ကောင်းကျိုးပြု ဘက်တီးရီးယားတွေ သေစေတယ်။

အရေပြားကို ကာကွယ်ဖို့နဲ့ ကျန်းမာစေဖို့ ကောင်းကျိုးပြုဘက်တီးရီးယားတွေကို အရေပြားက ထုတ်လုပ်ပေးပါတယ်။

သင်ဟာ နေ့စဉ်ရေချိုးမယ်ဆိုပါက ထိုဘက်တီးရီးယားတွေ သေစေနိုင်တာမို့ ဆောင်းတွင်းလိုကာလမှာ ၂-၃ ရက်တစ်ကြိမ်သာ ရေချိုးသင့်ကြောင်း အရေပြားဆရာဝန်တွေ အကြံပေးထားပါတယ်

(၅) လက်သည်းတွေ ပျက်စီးစေတယ်။

ဆောင်းတွင်းမှာ ရေနွေးဖြင့် နေ့စဉ်ရေချိုးပါက လက်သည်းတွေ နူးအိပြီး ကျိုးလွယ်စေမှာနော်။ ဒါလည်း နေ့တိုင်း ရေမချိုးသင့်တဲ့အချက်တွေထဲက တစ်ခုပါ။

(၆) ရေ မဖြုန်းပါနဲ့။

လေ့လာချက်တွေအရ လူတစ်ယောက်ဟာ ရေ တစ်ခါချိုးတိုင်း ရေ ၅၅ လီတာ ကုန်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ ချမ်းတာနဲ့ရောပြီး ရေကို တစ်ပါတည်း ချွေတာနိုင်ပါသေးတယ်။

လေပြေနုသွေး (ဆေး-၂)

credit

ေဆာင္းရာသီမွာ ေန႔စဥ္ေရမခ်ိဳးသင့္တဲ့ အေၾကာင္းအရင္း

ေဆာင္းတြင္း မနက္ခင္းတိုင္း ေရခ်ိဳးခန္းထဲဝင္ဖို႔ တိုက္ပြဲဝင္ရသူေတြရွိသလား။ ဒါဆိုရင္ေတာ့ ဒီစာစုေလးက သင့္ကို ေပ်ာ္ရႊင္ေစမွာ ျဖစ္ပါတယ္ေနာ္။

ေလ့လာသူေတြက ေဆာင္းရာသီမွာ ဘာလို႔ ေန႔စဥ္ေရမခ်ိဳးသင့္လဲဆိုတဲ့ အေၾကာင္းျပခ်က္ေလးမ်ားကို တင္ျပထားၾကပါတယ္။

(၁) ေဆာင္းတြင္းမွာ ေရ ေန႔တိုင္းမခ်ိဳးလည္း ရတာပဲေလ။

ေဆာင္းတြင္းမနက္ခင္းမွာ ေရထိတာနဲ႔ ၾကက္သီးေတြထၾကတာ လူတိုင္းၾကဳံေတြ႕ဖူးပါလိမ့္မယ္။ ဒါဟာ ေကာင္းတဲ့အခ်က္ျပစနစ္တစ္ခု ျဖစ္ပါတယ္။

ကၽြမ္းက်င္သူမ်ားအဆိုအရ ေန႔စဥ္ လိုအပ္တာထက္ ေရခ်ိဳးပါက အေရျပားေပၚတြင္ ေျမာင္းမ်ား ျဖစ္ေပၚလာနိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ေဆာင္းတြင္းမွာ မလိုအပ္ဘဲ ေန႔စဥ္ ေရမခ်ိဳးသင့္ပါဘူး

(၂) သင္ဟာ ညစ္ပတ္သူတစ္ေယာက္ မဟုတ္ရင္ေပါ့။

ေလ့လာခ်က္မ်ားအရ ကၽြန္မတို႔ အေရျပားဟာ အညစ္အေၾကးေတြကို သူ႔အလိုလို သန႔္စင္နိုင္ပါတယ္။

ဒါေၾကာင့္ သင္ဟာ ေခၽြးအလြန္ထြက္တတ္သူ သို႔မဟုတ္ ကာယေလ့က်င့္ခန္းမ်ား ျပဳလုပ္သူဆိုပါက ေရခ်ိဳးဖို႔ လိုအပ္ေပမယ့္ ေခၽြးသိပ္မထြက္တဲ့ သူေတြအေနနဲ႔ ေဆာင္းတြင္းမွာ ေရ တစ္ရက္တေလ မခ်ိဳးတာဟာ ကိစၥမရွိပါဘူး။

(၃) ေရခ်ိဳးျခင္းေၾကာင့္ အေရျပား ေျခာက္ေသြ႕ေစတယ္ေလ။

သင္ဟာ ေဆာင္းတြင္းမွာ ေရေအးနဲ႔ ေရခ်ိဳးရမွာေၾကာက္ၿပီး ေရေႏြးနဲ႔ ခ်ိဳးေနမိပါသလား။ ဒါဆိုရင္ေတာ့ သင့္အေနနဲ႔ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုမ်ားနိုင္ပါၿပီ။

ဘာလို႔ဆိုရင္ ေရေႏြးေၾကာင့္ အေရျပားကို အစိုဓာတ္ေပးတဲ့ သဘာဝအဆီေတြကို ပ်က္စီးေစလို႔ အသားေျခာက္ေစပါတယ္။ မျဖစ္မေန ခ်ိဳးရမယ္ဆိုပါက အခ်ိန္တိုအတြင္း အၿပီးခ်ိဳးသင့္ပါတယ္။

(၄) အေရျပားေပၚက ေကာင္းက်ိဳးျပဳ ဘက္တီးရီးယားေတြ ေသေစတယ္။

အေရျပားကို ကာကြယ္ဖို႔နဲ႔ က်န္းမာေစဖို႔ ေကာင္းက်ိဳးျပဳဘက္တီးရီးယားေတြကို အေရျပားက ထုတ္လုပ္ေပးပါတယ္။

သင္ဟာ ေန႔စဥ္ေရခ်ိဳးမယ္ဆိုပါက ထိုဘက္တီးရီးယားေတြ ေသေစနိုင္တာမို႔ ေဆာင္းတြင္းလိုကာလမွာ ၂-၃ ရက္တစ္ႀကိမ္သာ ေရခ်ိဳးသင့္ေၾကာင္း အေရျပားဆရာဝန္ေတြ အႀကံေပးထားပါတယ္

(၅) လက္သည္းေတြ ပ်က္စီးေစတယ္။

ေဆာင္းတြင္းမွာ ေရေႏြးျဖင့္ ေန႔စဥ္ေရခ်ိဳးပါက လက္သည္းေတြ ႏူးအိၿပီး က်ိဳးလြယ္ေစမွာေနာ္။ ဒါလည္း ေန႔တိုင္း ေရမခ်ိဳးသင့္တဲ့အခ်က္ေတြထဲက တစ္ခုပါ။

(၆) ေရ မျဖဳန္းပါနဲ႔။

ေလ့လာခ်က္ေတြအရ လူတစ္ေယာက္ဟာ ေရ တစ္ခါခ်ိဳးတိုင္း ေရ ၅၅ လီတာ ကုန္ပါတယ္။ ဒါေၾကာင့္ ေဆာင္းတြင္းမွာ ခ်မ္းတာနဲ႔ေရာၿပီး ေရကို တစ္ပါတည္း ေခၽြတာနိုင္ပါေသးတယ္။

ေလေျပႏုေသြး (ေဆး-၂)

credit