ၾကားသိရသမွ်

နောက် ၄၈ နာရီအတွင်း မိုးကြီးနိုင်မည့်ဒေသများ

ယခုအချိန်မှ နောက် ၄၈နာရီအတွင်း စစ်ကိုင်းတိုင်းတစ်တိုင်းလုံး မိုးရွာနိုင်ပြီး ကလေး မော်လိုက် ခမ်းပတ် ဖောင်းပြင် တမူး ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး လဟယ်မြို့များ မိုးကြီးနိုင်ပါတယ်။

ကောက်ပဲသီးနှံများ ရိတ်သိမ်းအခြောက်လှမ်းနေကြတယ်ဆိုရင် အမိုးအကာလုံခြုံအောင် လုပ်ဆောင်ထားကြပါ။

ဒီဇင်ဘာလ ၅ ရက်နေ့ မတိုင်မီ လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ရှိအောင် လုပ်ထားကြပါလို့ တစ်ပတ်ကြိုတင်ခန့်မှန်း သတိပေးပြီးလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ကြီးပါ မိုးရွာပါမယ်။

ခန့်မှန်းချိန် (၅-၁၂-၂၀၂၁ မနက် ၇ နာရီ ၄၂ မိနစ်)

Su Su San (Senior Meteorologist Advanced Weather Forecaster & Meteorological Intelligence Officer)

Zawgyi




