ရန္ကုန္ေသြးေႂကြးဆပ္သည့္အေနျဖင့္ မုံရြာႏွင့္ ကန္ပက္လက္တြင္ စစ္တပ္ႏွင့္ရဲမ်ားကို ဝင္ပစ္၊ ရဲႏွင့္စစ္သားမ်ား ေသဆုံး
ရန္ကုန္၊ ဒီဇင္ဘာ ၅
ရန္ကုန္တြင္ စစ္တပ္က ဆႏၵၿပ လူငယ္မ်ားကို စစ္ကားျဖင့္ တိုက္သတ္ၿပီးေနာက္ မုံရြာႏွင့္ကန္ပက္လက္တို႔တြင္ စစ္ေကာင္စီစခန္းမ်ားႏွင့္ရဲစခန္းမ်ားကို
ေဒသ ကာကြယ္ေရးတပ္မ်ားက ဝင္ေရာက္တိုက္ခိုက္သျဖင့္ ရဲႏွင့္စစ္သားမ်ား ေသဆုံးေၾကာင္းေဒသကာကြယ္ေရးတပ္မ်ားက သတင္းထုတ္ျပန္သည္။
စစ္ကိုင္းတိုင္း၊မုံရြာၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္ေစာင့္ ရဲတပ္သားမ်ား ကို ယေန႔ ညေန၅နာရီဝန္းက်င္ခန႔္က မုံရြာၿမိဳ႕ျပေျပာက္က်ားအဖြဲ႕Generation Defense Forceက
ေသနတ္ျဖင့္တရစပ္ပစ္ခတ္ရာ ရဲတစ္ဦး ေသဆုံးသြားေၾကာင္း မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက RNA သို႔ေျပာဆိုသည္။
“လူငယ္ႏွစ္ဦးပဲ၊ေသနတ္နဲ႔တရစပ္ပစ္သြားတာ၊ေ ခြးတစ္ေကာင္ေတာ့ေသတယ္၊လူကေပ်ာ့ေခြၿပီး ကားေပၚတင္သြားတာေတြ႕တယ္၊လိုက္ေတာ့ပစ္တယ္၊ပစ္တဲ့ေကာင္ေလးေတြေဘးကင္းတယ္”ဟု ေဒသခံတစ္ဦးက ေျပာသည္။
မုံရြာၿမိဳ႕ျပေပ်ာက္က်ား Generation Defense Forceအဖြဲ႕က ယေန႔ ပစ္ခတ္မႈသည္ ရန္ကုန္အတြက္ ေသြးေၾကးဆပ္မႈဟု တရားဝင္ ေျပာဆိုသည္။
အလားတူ စစ္ကိုင္းတိုင္း၊မုံရြာၿမိဳ႕နယ္ ေညာင္ျဖဴပင္ရဲစခန္းကို ယေန႔ညပိုင္း လက္ပစ္ဗုံးျဖင့္ တိုက္ခိုက္ၿပီး ေသနတ္သံမ်ား ထြက္ေပၚလာေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
“ေသနတ္သံေတြၾကားရတယ္၊ဗုံးလဲႏွစ္လုံးေပါက္တယ္၊တစ္လုံးကေစာနက၊တစ္လုံးက ခုနက၊အျပန္အလွစ္ပစ္ခတ္တယ္လို႔လည္း သိရတယ္၊လမ္းသြားရင္ ကို႔လူေတြက ဗုံးနဲ႔လမ္းၾကဳံထုသြားတာ၊အခုလည္း ရြာကလူေတြ ထြက္ေျပးပုန္းေရွာင္ေနရတယ္”ဟု ေဒသခံတစ္ဦးက ဆိုသည္။
အလားတူ ခ်င္းျပည္နယ္၊ ကန္ပက္လက္တြင္ ယေန႔ ညေန ၃ နာရီတြင္ ရန္ကုန္အတြက္ ေသြးေႂကြးဆပ္သည့္အေနျဖင့္ ကန္ပက္လက္တြင္
ၿမိဳ႕တြင္းတိုက္ပြဲေဖာ္ေဆာင္ၿပီး စစ္ေကာင္စီ တပ္သား ၁ ဦးကို သတ္ျဖတ္ေၾကာင္း CDF ကန္ပက္လက္က သတင္းထုတ္ျပန္သည္။
unicode
ရန်ကုန်သွေးကြွေးဆပ်သည့်အနေဖြင့် မုံရွာနှင့် ကန်ပက်လက်တွင် စစ်တပ်နှင့်ရဲများကို ဝင်ပစ်၊ ရဲနှင့်စစ်သားများ သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်တွင် စစ်တပ်က ဆန္ဒပြ လူငယ်များကို စစ်ကားဖြင့် တိုက်သတ်ပြီးနောက် မုံရွာနှင့်ကန်ပက်လက်တို့တွင် စစ်ကောင်စီစခန်းများနှင့်ရဲစခန်းများကို
ဒေသ ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲနှင့်စစ်သားများ သေဆုံးကြောင်းဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် ရဲတပ်သားများ ကို ယနေ့ ညနေ၅နာရီဝန်းကျင်ခန့်က မုံရွာမြို့ပြပြောက်ကျားအဖွဲ့Generation Defense Forceက
သေနတ်ဖြင့်တရစပ်ပစ်ခတ်ရာ ရဲတစ်ဦး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက RNA သို့ပြောဆိုသည်။
“လူငယ်နှစ်ဦးပဲ၊သေနတ်နဲ့တရစပ်ပစ်သွားတာ၊ေ ခွးတစ်ကောင်တော့သေတယ်၊လူကပျော့ခွေပြီး ကားပေါ်တင်သွားတာတွေ့တယ်၊လိုက်တော့ပစ်တယ်၊ပစ်တဲ့ကောင်လေးတွေဘေးကင်းတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
မုံရွာမြို့ပြပျောက်ကျား Generation Defense Forceအဖွဲ့က ယနေ့ ပစ်ခတ်မှုသည် ရန်ကုန်အတွက် သွေးကြေးဆပ်မှုဟု တရားဝင် ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို ယနေ့ညပိုင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ပြီး သေနတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
“သေနတ်သံတွေကြားရတယ်၊ဗုံးလဲနှစ်လုံးပေါက်တယ်၊တစ်လုံးကစောနက၊တစ်လုံးက ခုနက၊အပြန်အလှစ်ပစ်ခတ်တယ်လို့လည်း သိရတယ်၊လမ်းသွားရင် ကို့လူတွေက ဗုံးနဲ့လမ်းကြုံထုသွားတာ၊အခုလည်း ရွာကလူတွေ ထွက်ပြေးပုန်းရှောင်နေရတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်အတွက် သွေးကြွေးဆပ်သည့်အနေဖြင့် ကန်ပက်လက်တွင်
မြို့တွင်းတိုက်ပွဲဖော်ဆောင်ပြီး စစ်ကောင်စီ တပ်သား ၁ ဦးကို သတ်ဖြတ်ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။