ဝက္လက္ၿမိဳ႕နယ္အေရွ႕ပိုင္းကတိုက္ပြဲ စစ္တပ္အက်အဆုံးမ်ားၿပီးေနာက္ ေက်း႐ြာကိုရဟတ္ယာဥ္ႏွင့္လာေရာက္ပစ္ခတ္
ဇန္နဝါရီ။
စစ္ကိုင္းတိုင္း၊ဝက္လက္ၿမိဳ႕နယ္ဘုရားေလးကုန္းေက်း႐ြာမွာစစ္တပ္ကတပ္လာစြဲခ်ိန္ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္စစ္ေကာင္စီတပ္သားေတြဟာေက်း႐ြာအတြင္းကေနအိမ္တခ်ိဳ႕ကိုမီးရႈိ႕ခဲ့သလိုယေန႔ညေနပိုင္းမွာစစ္တပ္ရဟတ္ယာဥ္နဲ႔လာေရာက္ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္ ။
ရွိမ္းမကားေက်း႐ြာ၏အေနာက္ဘက္ဗ်ဴဟာလမ္းေထာင့္တြင္သစ္စိမ့္ေက်း႐ြာစခန္းမႉးကား မိုင္းဆြဲခံရၿပီးစခန္းမႉးအပါအဝင္ ငါးဦးေသဆုံးၿပီးေနာက္တြင္ရွိမ္းမကားေက်း႐ြာတြင္ စစ္တပ္ကလာေရာက္တပ္စြဲခဲ့ျခင္းျဖစ္သည္။အဆိုပါစစ္တပ္ကပဲရွိမ္းမကားေက်း႐ြာေျမာက္ဘက္ရွိဘုရားေလးကုန္း႐ြာသို႔ယမန္ေန႔ကေျပာင္းေ႐ြ႕တပ္ဆြဲခဲ့ရာေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားက ပိတ္ဆို႔တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ ။
“တပ္ေနရာေျပာင္းၿပီးလာစြဲတာ။ဒီဘက္မွာရွိတဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြအကုန္ ဝိုင္းတိုက္ၾကတယ္။စစ္တပ္ဘက္ကအထိခိုက္အက်ဆုံးမ်ားတယ္”ဟုေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးကဆိုသည္ ။
တိုက္ပြဲတြင္ စစ္ေကာင္စီဘက္ကထိခိုက္ၾကဆုံးမႈမ်ားရွိေသာ္လည္း ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားတြင္ ထိခိုက္ဒဏ္ရာရသူမရွိေၾကာင္းသိရသည္ ။
စစ္တပ္ဘက္ကအထိနာၿပီးေနာက္ ေက်း႐ြာအတြင္းကေနအိမ္တခ်ိဳ႕ကိုမီးရႈိ႕ကာ ယေန႔ေန႔လည္ပိုင္းကတပ္ျပန္ဆုတ္သြားၿပီး ယေန႔ညေန ငါးနာရီခြဲခန႔္တြင္ ရဟတ္ယာဥ္ႏွင့္ လာေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။
“တစ္ခါပစ္ရင္အတန္းလိုက္ႀကီးပစ္တာ။မဲမဲျမင္ရာအကုန္ပစ္တာ။ေဒသခံေတြကေၾကာက္ၿပီးေရွာင္ေနၾကတာ။တခ်ိဳ႕ေတြကေတာ့႐ြာထဲက်န္ေနခဲ့တာေပါ့။ေလယာဥ္နဲ႔ဆိုေတာ့ေဘး႐ြာေတြကပါေျပးကုန္ၾကၿပီ “ဟု စစ္ေဘးေရွာင္လာသည့္ေဒသခံတစ္ဦးကဆိုသည္။
လက္ရွိအခ်ိန္တြင္ေလယာဥ္သံၿငိမ္ေနေၾကာင္းသိရၿပီးေဒသခံျပည္သူမ်ားထိခိုက္မႈအေျခအေနကိုမသိရေသးေပ။ s o u r c e-m i z z i m a
ဝက်လက်မြို့နယ်အရှေ့ပိုင်းကတိုက်ပွဲ စစ်တပ်အကျအဆုံးများပြီးနောက် ကျေးရွာကိုရဟတ်ယာဉ်နှင့်လာရောက်ပစ်ခတ်
ဇန်နဝါရီ။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ဘုရားလေးကုန်းကျေးရွာမှာစစ်တပ်ကတပ်လာစွဲချိန်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်သားတွေဟာကျေးရွာအတွင်းကနေအိမ်တချို့ကိုမီးရှို့ခဲ့သလိုယနေ့ညနေပိုင်းမှာစစ်တပ်ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည် ။
ရှိမ်းမကားကျေးရွာ၏အနောက်ဘက်ဗျူဟာလမ်းထောင့်တွင်သစ်စိမ့်ကျေးရွာစခန်းမှူးကား မိုင်းဆွဲခံရပြီးစခန်းမှူးအပါအဝင် ငါးဦးသေဆုံးပြီးနောက်တွင်ရှိမ်းမကားကျေးရွာတွင် စစ်တပ်ကလာရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။အဆိုပါစစ်တပ်ကပဲရှိမ်းမကားကျေးရွာမြောက်ဘက်ရှိဘုရားလေးကုန်းရွာသို့ယမန်နေ့ကပြောင်းရွေ့တပ်ဆွဲခဲ့ရာဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တပ်နေရာပြောင်းပြီးလာစွဲတာ။ဒီဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကုန် ဝိုင်းတိုက်ကြတယ်။စစ်တပ်ဘက်ကအထိခိုက်အကျဆုံးများတယ်”ဟုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုများရှိသော်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။
စစ်တပ်ဘက်ကအထိနာပြီးနောက် ကျေးရွာအတွင်းကနေအိမ်တချို့ကိုမီးရှို့ကာ ယနေ့နေ့လည်ပိုင်းကတပ်ပြန်ဆုတ်သွားပြီး ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရဟတ်ယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ။
“တစ်ခါပစ်ရင်အတန်းလိုက်ကြီးပစ်တာ။မဲမဲမြင်ရာအကုန်ပစ်တာ။ဒေသခံတွေကကြောက်ပြီးရှောင်နေကြတာ။တချို့တွေကတော့ရွာထဲကျန်နေခဲ့တာပေါ့။လေယာဉ်နဲ့ဆိုတော့ဘေးရွာတွေကပါပြေးကုန်ကြပြီ “ဟု စစ်ဘေးရှောင်လာသည့်ဒေသခံတစ်ဦးကဆိုသည် ။
လက်ရှိအချိန်တွင်လေယာဉ်သံငြိမ်နေကြောင်းသိရပြီးဒေသခံပြည်သူများထိခိုက်မှုအခြေအနေကိုမသိရသေးပေ။ s o u r c e – m i z z i m a