နား မှာ အပေါက်ပါသူတွေဟာ အလွန်ထူးခြားသူများ ဖြစ်သော်လည်း အန္တရာယ် ရှိ
သင့်ရဲ့ နားရွက် ဝန်းကျင်မှာ သဘာဝ အတိုင်း မွေးရာပါ အပေါက်လေးပါနေရင် အင်မတန်မှ ရှားပါတဲ့သူဖြစ်လို့ ဂုဏ်ယူလိုက်ပါတော့၊ ဒါပေမယ့် ဒီအပေါက်လေးက အန္တရာယ်လည်း ရှိနိုင်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။
ဒီလို နားရွက်နားမှာ အပေါက်ပါသူတွေဟာ တစ်ကမ္ဘာလုံး လူဦးရေနဲ့ဆိုရင် ၂% လောက်သာ ရှိတာကြောင့် အလွန်ထူးခြားသူတွေဖြစ်ပါတယ်။ သိပ္ပံအခေါ်အဝေါ်အရ နားတွင်းပေါက်ငယ် လို့ သိထားတဲ့ အပေါက်လေးဟာ နားရွက်ရဲ့အရှေ့ပိုင်း၊ များသောအားဖြင့် နားရွက်နဲ့ မျက်နှာကြားမှာ ရှိနေတတ်ပါတယ်။
၁၈၆၄ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ သုတေသနစာတမ်းအရ ဒီအပေါက်ငယ်လေးဟာ သန္ဓေသား ၆ ပတ်၊ ဖွဲ့စည်းတည်ဆောက်နေဆဲအချိန်မှာ စဖြစ်လာတာဖြစ်ပြီး အပေါ်ယံကနေ အရိုးနုအမြှေးပါးထိ နက်ရှိုင်းတတ်ကြောင်းဖော်ပြထားပါတယ်။
ပုံမှန်အရဆိုရင် ဒီလိုအပေါက်ငယ်လေး ဖြစ်လာဖို့မရှိပဲ ခန္ဓာကိုယ်ဖွဲ့စည်းစဉ် တစ်စုံတစ်ရာ ချို့ယွင်းခဲ့တာကြောင့် ယခုလို အပေါက်လေး ကျန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဇီဝပညာရှင်များရဲ့အဆိုအရ လူနဲ့ငါးသတ္တဝါဟာ အာခံတွင်းဖွဲ့စည်းပုံဆင်တူပြီး အဲဒီကနေ တစ်ဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဆက်လက်တည်ဆောက်ရာမှာ ငါးတွေမှာက ပါးဟပ် ပုံစံ အသွင်းပြောင်းသွားပြီး လူတွေမှာတော့ နားရွက်အဖြစ်အသွင်ပြောင်း တယ်လို့ဆိုပါတယ်။
ဒါကြောင့် နားရွက်အသွင်ပြောင်းစဉ်မှာ မှားယွင်းမှု တစ်ခုခုကြောင့်သာ အပ်ပေါက်ရာ တစ်နေရာစာလောက် အပေါက်လေး ကျန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒီအပေါက်လေးဟာ အပ်ဖျားလောက်သာ ရှိပေမယ့် လျစ်လျူမရှုသင့်ကြောင်း အထူးသဖြင့် မွေးကင်းစကလေးတွေမှာ ပိုဂရုစိုက်သင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။
အဆိုပါ အပေါက်လေးရဲ့ အတွင်းပိုင်းဟာ မွေးညှင်းပေါက်နေရာဖြစ်တာကြောင့် ချွေးဂလင်းနဲ့ အဆီဂလင်းတို့ နှစ်မျိုးစလုံး အောက်ခြေမှာ ရှိနေပါတယ်။သာမန်အားဖြင့် ဘာမှ ပြဿနာမရှိပေမယ့် ပိုးဝင်တဲ့အခါမှာ အဲဒီအပေါက်ကနေ အနာဖြစ်ကာ ယောင်ရမ်း ပြည်တည်လာတတ်ပါတယ်။
ဒီလို ဝေဒနာရှင်တွေကို ကုသပေးခဲ့ရတဲ့အတွေ့အကြုံအရ ဒီအပေါက်ကို ခွဲစိတ်ဖွင့်ပြီးမှ ကုသရတာဖြစ်တဲ့အတွက် အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။ဒါကြောင့်မို့ ယခုလို ထူးထူးခြားခြား မွေးရာပါ အပေါက်လေး ရှိနေသူတွေ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ..။
Credit:popolay
Zawgyi
နား မွာ အေပါက္ပါသူေတြဟာ အလြန္ထူးျခားသူမ်ား ျဖစ္ေသာ္လည္း အႏၲရာယ္ ရွိ
သင့္ရဲ႕ နား႐ြက္ ဝန္းက်င္မွာ သဘာဝ အတိုင္း ေမြးရာပါ အေပါက္ေလးပါေနရင္ အင္မတန္မွ ရွားပါတဲ့သူျဖစ္လို႔ ဂုဏ္ယူလိုက္ပါေတာ့၊ ဒါေပမယ့္ ဒီအေပါက္ေလးက အႏၲရာယ္လည္း ရွိႏိုင္တယ္ဆိုတာ သတိထားဖို႔လိုပါတယ္။
ဒီလို နား႐ြက္နားမွာ အေပါက္ပါသူေတြဟာ တစ္ကမာၻလုံး လူဦးေရနဲ႔ဆိုရင္ ၂% ေလာက္သာ ရွိတာေၾကာင့္ အလြန္ထူးျခားသူေတြျဖစ္ပါတယ္။ သိပၸံအေခၚအေဝၚအရ နားတြင္းေပါက္ငယ္ လို႔ သိထားတဲ့ အေပါက္ေလးဟာ နား႐ြက္ရဲ႕အေရွ႕ပိုင္း၊ မ်ားေသာအားျဖင့္ နား႐ြက္နဲ႔ မ်က္ႏွာၾကားမွာ ရွိေနတတ္ပါတယ္။
၁၈၆၄ ခုႏွစ္မွာ စတင္မိတ္ဆက္ေပးခဲ့တဲ့ သုေတသနစာတမ္းအရ ဒီအေပါက္ငယ္ေလးဟာ သေႏၶသား ၆ ပတ္၊ ဖြဲ႕စည္းတည္ေဆာက္ေနဆဲအခ်ိန္မွာ စျဖစ္လာတာျဖစ္ၿပီး အေပၚယံကေန အ႐ိုးႏုအေျမႇးပါးထိ နက္ရႈိင္းတတ္ေၾကာင္းေဖာ္ျပထားပါတယ္။
ပုံမွန္အရဆိုရင္ ဒီလိုအေပါက္ငယ္ေလး ျဖစ္လာဖို႔မရွိပဲ ခႏၶာကိုယ္ဖြဲ႕စည္းစဥ္ တစ္စုံတစ္ရာ ခ်ိဳ႕ယြင္းခဲ့တာေၾကာင့္ ယခုလို အေပါက္ေလး က်န္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။
ဇီဝပညာရွင္မ်ားရဲ႕အဆိုအရ လူနဲ႔ငါးသတၱဝါဟာ အာခံတြင္းဖြဲ႕စည္းပုံဆင္တူၿပီး အဲဒီကေန တစ္ဆင့္ ကိုယ္အဂၤါအစိတ္အပိုင္းေတြကို ဆက္လက္တည္ေဆာက္ရာမွာ ငါးေတြမွာက ပါးဟပ္ ပုံစံ အသြင္းေျပာင္းသြားၿပီး လူေတြမွာေတာ့ နား႐ြက္အျဖစ္အသြင္ေျပာင္း တယ္လို႔ဆိုပါတယ္။
ဒါေၾကာင့္ နား႐ြက္အသြင္ေျပာင္းစဥ္မွာ မွားယြင္းမႈ တစ္ခုခုေၾကာင့္သာ အပ္ေပါက္ရာ တစ္ေနရာစာေလာက္ အေပါက္ေလး က်န္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ဒီအေပါက္ေလးဟာ အပ္ဖ်ားေလာက္သာ ရွိေပမယ့္ လ်စ္လ်ဴမရႈသင့္ေၾကာင္း အထူးသျဖင့္ ေမြးကင္းစကေလးေတြမွာ ပိုဂ႐ုစိုက္သင့္ေၾကာင္း ဆရာဝန္ေတြက အႀကံေပးထားပါတယ္။
အဆိုပါ အေပါက္ေလးရဲ႕ အတြင္းပိုင္းဟာ ေမြးညႇင္းေပါက္ေနရာျဖစ္တာေၾကာင့္ ေခြၽးဂလင္းနဲ႔ အဆီဂလင္းတို႔ ႏွစ္မ်ိဳးစလုံး ေအာက္ေျခမွာ ရွိေနပါတယ္။သာမန္အားျဖင့္ ဘာမွ ျပႆနာမရွိေပမယ့္ ပိုးဝင္တဲ့အခါမွာ အဲဒီအေပါက္ကေန အနာျဖစ္ကာ ေယာင္ရမ္း ျပည္တည္လာတတ္ပါတယ္။
ဒီလို ေဝဒနာရွင္ေတြကို ကုသေပးခဲ့ရတဲ့အေတြ႕အႀကဳံအရ ဒီအေပါက္ကို ခြဲစိတ္ဖြင့္ၿပီးမွ ကုသရတာျဖစ္တဲ့အတြက္ အႏၲရာယ္ရွိတယ္လို႔ သတိေပးထားပါတယ္။ဒါေၾကာင့္မို႔ ယခုလို ထူးထူးျခားျခား ေမြးရာပါ အေပါက္ေလး ရွိေနသူေတြ အထူးဂ႐ုစိုက္ၾကဖို႔ တိုက္တြန္းပါရေစ..။
Credit:popolay