၁၇ နှစ်မှ ၃၀ အတွင်း အပျို လူပျိုများသာ ပါဝင်ဆင်နွှဲခွင့်ရတဲ့ အနမ်းဖလှယ်ပွဲတော်
Omed omedan ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီလူမျိုးတို့ စကားအရ ဆွဲ ဆွဲ လို့ အဓိပ္ပါယ်ရသလို ထုံးတမ်းစဉ်လာအရ
အနမ်းပေးကြတဲ့ ပွဲတော် အနမ်းပွဲတော် ဟုလည်း အခုအချိန်မှာ လူသိများနေတဲ့ ကမ္ဘာကျော် ပွဲတော်တစ်ခု ဖြစ်ပါတယ်။
Omed omedan လို့ ဘာလီစကားအရ ခေါ်ကြတဲ့ ဒီရိုးရာ ဓလေ့ပွဲတော်ကို ဘာလီရှိ Banjar Kaja နဲ့ Sesetan Denpasar ဆိုသည့်
ကျေးရွာလေးတွေမှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီပွဲတော်ကို ဆင်နွှဲခဲ့ကြသူတွေက အဆိုပါ ကျေးရွာလေးမှ ဒေသခံ လူငယ်လေးတွေကပဲ အရင်က ကျင်းပြုလုပ်ကာ ဆင်နွဲခဲ့ကြပြီး
ဒီပွဲတော်ဟာ လူငယ်တွေအတွက် အဓိကကျင်းပကြတာလည်း ဖြစ်ပါတယ်။
Bali ဘာသာစကားအရ Omed omedan ဆိုတာ ဆွဲသည် ဆွဲငင်သည် လို့ အဓိပ္ပါယ်ရသလို
ဒီရိုးရာ ဓလေ့ကတော့ လူငယ်များအတွက်ကို ကျင်းပပေးသည့် အခမ်းအနားတစ်ခု ဖြစ်သည်။
ဘာလီဘာသာစကားမှ ဆင်းသက်လာပြီး ဆွဲငင်သည်ဟု အဓိပ္ပါယ်ရတဲ့ ဒီပွဲတော်သည်
ဝက်အထီးနှင့် ဝက်အမတို့ရဲ့ အကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှ အစပြုပြီး အပြုသဘောဆောင်သော
အကောင်းမြင်စေတဲ့ ဆွဲငင်မှုနဲ့ အနှုတ်သဘောဆောင်သော မကောင်းတဲ့ လက္ခဏာ အငွေ့အသက် ၏ တွန်းအားတို့ရဲ့အကြား
အားပြိုင်မှုကို ကိုယ်စားပြုသည့် အနေဖြင့် ကျင်းပခဲ့ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။
သမိုင်းအရ ဒီကျေးလက် ဓလေ့ထုံးတမ်းလာ ပွဲတော်လေးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သလို
အရင်ကတော့ Banjar Kaja နဲ့ Sesetan Denpasar ရွာ ၂ ရွာမှ လူငယ်များသာ ဒီပွဲတော်ကို ပါဝင် ဆင်နွှဲနိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။
မူလပွဲတော်က အခုလိုမျိုး မဟုတ်ဘူးဟု ဆိုခဲ့ကြပေမယ့် အခုလို အုပ်စုလိုက် တဖက်နဲ့ တဖက် အနမ်းပေးတဲ့ ဓလေ့က မည်သည့်အချိန် ကာလမှာ
မည်သူက စပြီး ထည့်သွင်းလို့ စတင်ပေါ်ပေါက်လာသော ဓလေ့ တစ်ခု ဖြစ်ကြောင်း ဟူ၍လည်း ဘယ်သူမှ မသိကြပါဘူး။
သူ့ဟာသူ ဘယ်သူက ဘယ်အချိန်က ဘာကြောင့်ပဲ ဒီဓလေ့ကို ထည့်လို့ ဘယ်အချိန်က ပေါ်လို့ပဲဖြစ်ဖြစ် မပေါ်လို့ပဲ ဖြစ်ဖြစ်
ဒီကိစ္စအပေါ်မှာ ဘယ်သူတွေကမှ ရှင်းရှင်း လင်းလင်း သိချင်တဲ့သူ မရှိဘူးဆိုတာ သေချာ မသိရပေမယ့်လည်း သေချာတာကတော့
ယနေ့မှာ လူငယ်တွေရဲ့အကြားမှာ ဒီပွဲတော်ဟာ ရေပန်းစားတဲ့ ပွဲတော်တစ်ခု ဖြစ်လာခဲ့ပါပြီ။
ဒါပေမယ့် Omed omedan ပွဲတော်ကို လူတိုင်း ပါဝင် ဆင်နွှဲလို့လည်း မရပါဘူး ကန့်သတ်ချက် တစ်ခု ရှိပါတယ်။
အဲဒီ ကန့်သတ်ချက်ကတော့ ပွဲတော်မှာ ပါဝင်ဆင်နွှဲမယ့်သူ အနေနဲ့ လက်မထပ်ရသေးသော အသက် ၁၇ နှစ်မှ အသက် ၃၀ အထိ ရှိတဲ့
လူငယ် ကျား မ မရွေး မည်သူမဆို ပါဝင်ပြီး ဆင်နွှဲခွင့်ရှိတယ် ဆိုတဲ့ စည်းကမ်း ကန့်သတ်ချက် တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကတော့ ရှင်းပါတယ် လူပျို အပျိုဖြစ်နေခဲ့လည်း အသက်က ၃၀ ဆိုရင် မရ ပါ ပွဲတော်ကို နေ့လည် ၂ နာရီဝန်းကျင်မှာ စတင်ပြီး ကျင်းပလေ့ ရှိပါတယ်။
ပွဲတော်အစတွင် လမ်းမပေါ် စီတန်းလှည့်လည်၍ စုပေါင်း ဆုတောင်းကြခြင်းဖြင့် စတင်လေ့ ရှိပါတယ်။
ဆုတောင်းခြင်းအမှု ပြီးတာနဲ့ လမ်းမပေါ်တွင် ယောကျာ်းလေးက တဖက် စုစည်းသွားကြသလို မိန်းကလေးတွေကလည်း
သီးသန့်စုစည်းပြီး တဖက်နဲ့ တဖက် အုပ်စုကြီး နှစ်စုအဖြစ် လမ်းမအပေါ်တွင် မျက်နှာချင်းဆိုင် ထားကြပါတယ်။
ထို့နောက် ပွဲတော်ရဲ့ခေါင်းဆောင်ထဲမှ တစ်ဦးက အချက်ပြလိုက်တဲ့အခါ အုပ်စုကြီးနှစ်စုသည် လမ်းမပေါ်တွင် တဖက်ကို တစ်ယောက်စီ အလှည့်ကျ ရှေ့တန်းတင်ကာ
မျက်နှာချင်း ဆိုင်ပြီး ရင်ဆိုင်တွေ့ကြရန် တဖြေးဖြေးနဲ့ ချဉ်းကပ် လာခဲ့ကြပါတော့တယ်။
ဒီလို ချဉ်းကပ်လာချိန် ဘေးက ရေနဲ့ လောင်းကြ ပက်ကြမှုတွေ ပြုလုပ်ပါတော့တယ်။
ထိုသို့ ရေတွေနဲ့ ဝိုင်း၍ လောင်းနေ ပက်နေခဲ့တဲ့အချိန်ယောကျာ်းလေး အုပ်စုမှ ရှေ့တန်း အပို့ခံရသူ လူငယ်ဟာ
တဖက် မိန်းကလေး အုပ်စုရဲ့ ရှေ့ဆုံးရှိ မိန်းကလေးကို အတင်းဆွဲယူပြီး
ဖက်နမ်းရခြင်း Kissing ရသော ကစားနည်းဖြင့် ကစားရတဲ့ ပွဲတော် ဖြစ်ပါတယ်။
ဒီလို ရှေ့တန်းက လူတွေဖြစ်တာနဲ့ ဘေးမှ တခြားသော လူငယ်ယောကျာ်းလေးတွေကလည်း
တဖက်ရှိ မိန်းကလေးတွေထံ ပြေးကာ ဆွဲယူ ပွေ့ဖက်ကာ နမ်းနိုင်ကြပါပြီ
လူအုပ်ထဲက တခြားလူတွေက ရှေ့ဆုံးမှ နှစ်ယောက် အပါအဝင် ဒီပွဲတော်ကို ဆင်နွဲနေကြတဲ့ လူငယ်များ အပေါ်ကို ရေနဲ့လောင်းကြ ပက်ကြပါတယ်။
သူတို့ရဲ့ယုံကြည်မှုအရ ရေဟာ ပျော်ရွှင်မှုကို တိုးမြှင့်စေပြီး ရေကြောင့် စုံတွဲအတွက် အပူနှင့်
တင်းမာမှုကို လျော့ကျစေပြီး အေးချမ်းစေသည်ဟုလည်း ယုံကြည် ကြပါသည်။
ဒီပွဲတော်ရဲ့ ဒီလိုအခမ်းအနားဟာ Single ဖြစ်နေကြ သူများအတွက် မိမိကို အတွဲ ရရှိစေတဲ့၊ အတွဲဖြစ်ဖို့ရန် မိမိအတွက် အခွင့်အရေးတွေ
အများဆုံး ရှိနေတဲ့ ပွဲတော်နေရာနှင့် တွေ့ဆုံဖို့ရန် သေချာသလောက် နီးပါးရှိတဲ့ တစ်ခုတည်းသော နေရာ ဖြစ်လာ ခဲ့ကြပြီး
စုံတွဲတော်တော်များများကလည်း ဒီပွဲတော်ကြောင့်သာ အခုလို အတူ စုံခဲ့ကြရတဲ့ အတွဲတွေက အများစုပဲ ဖြစ်နေကြပြန်ပါတယ်။
ဒီပွဲတော်မှာ အခုလို နမ်းခြင်းအပြင် ဘာလီဒေသမှ ရိုးရာအစားအစာနှင့် လက်မှုပညာများလည်း ပါရှိတဲ့ လမ်းဘေး ဈေးသည်များလည်း
ရှိမည်ဖြစ်ကာ ပွဲရဲ့ အခမ်းအနား မစတင်မီမှာတော့ တေးဂီတတို့နှင့် ဖျော်ဖြေတင်ဆက်မှုများလည်း ရှိပါတယ်။
အခုလာမယ့် ၂၀၂၂ ခုနှစ်အတွက် ပွဲတော်ကိုတော့ March 22 2022 မှာ ကျင်းပ ပြုလုပ်ကြမှ
ာ ဖြစ်လို့ လေယာဉ်လက်မှတ်လည်း မှာလို့ ဝယ်လို့ ရနေကြပါသေးတယ်။
Credit