အေထြအေထြဗဟုသုတ

သင့်ရဲ့ အကြောင်းကို တစ်စုံတယောက်က ကတွေးနေပြီဆိုရင် သင့်မှာ ခံစားရမယ့် နိမိတ်များ

သင့်ရဲ့ အကြောင်းကို တစ်စုံတယောက်က ကတွေးနေပြီဆိုရင် သင့်မှာ ခံစားရမယ့်နိမိတ်များ

တစ်စုံတစ်ယောက်က သင့်အကြောင်းတွေးနေတာကို သိနိုင်မယ်ထင်လား… သိရော သိချင်လား…။ ခုပြောပြမယ့် အချက်တွေကသင့်အကြောင်းကို တစ်ယောက်ယောက်ကေတွးနေတဲ့အခါ သင့်မှာ ခံစားနေရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။

သင့်အကြောင်းတွေးတယ်ဆိုတာမှာ သင့်ကို ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ တွေးနေနိုင်ပါတယ်။ တကယ်လို့ သင့်ကို ရန်ပြုဖို့ထိတွေးနေ

တယ်ဆိုရင် ဒီအချက်လေးတွေကို သိထားတော့ သင် သတိထားနိုင်တာပေါ့။ ကဲ.. ဘယ်လိုတွေခံစားရမလဲ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်..

နှာချေခြင်း

ဒီယုံကြည်မှုကတော့ အာရှနိုင်ငံတွေမှာ အမြစ်တွယ်နေတဲ့ ယုံကြည်မှုလေးပါနော်..။ တစ်စုံတစ်ဦးက သင့်အကြောင်းတွေးနေတဲ့အခါ သင့်နှာခေါင်းဟာ ယားယံစပြုလာပြီး မကြာခင်ထပ်ခါထပ်ခါ နှာချေမှုကို ဖြစ်စေလိမ့်မယ်တဲ့။

ဒါက နေမကောင်းတဲ့အချိန်အတွက်တော့ အကျုံးမဝင်ပါဘူးနော်။ အအေးပတ်တာလည်း မရှိ နှာခေါင်း ယားယံလောက်အောင် ရှုရှိုက်စရာလည်းမရှိပဲ အသားလွတ်ကြီး နှာတွေထချနေရင်တော့ တစ်စုံတစ်ဦးရဲ့ အတွေးဗဟိုမှာ သင်ရောက်နေပြီလို့ဆိုပါတယ်။

သူတို့ဘာကိုတွေးနေလဲဆိုတာ ထပ်ပြောရမယ်ဆိုရင်၂ ခါနှာချေတာဟာ တစ်စုံတစ်ဦးက သင့်မကောင်းကြောင်း ပြောနေပြီ ဆိုတာပါပဲ။ ၃ ခါနဲ့အထက်နှာချေတာကတော့ သင့်ကောင်းကြောင်းတွေကို တွေးနေတယ်လို့ ဖော်ပြပါတယ်။

ဒါမှမဟုတ် တစ်စုံတစ်ယောက်က သင့်ကိလွမ်းနေပြီး သင့်ကိုချစ်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီလူက ဘယ်သူလဲဆိုတာကို ခန့်မှန်းတဲ့

နည်းလမ်းလေးကိုလည်း ပြောပြဦးမယ်နော်.. ရိုးရာအစဉ်အလာ နည်းလေးအရဆို သင့်ဘေးကလူတစ်ယောက်ယောက်ကို သူကြိုက်တဲ့ဏန်း၃လုံးပါတဲ့ နံပါတ်တစ်ခုကိုပေးဖို့ပြောပါ။

ဒါကို အခြေခံထားပြီးတွက်ချက်ရင် သင့်အကြောင်းကိုတွေးနေတဲ့သူကို ခန့်မှန်းလို့ ရနိုင်ပါတယ်တဲ့..။ ဘယ်လို တွက်ချက်မလဲဆိုတော့ သင့်ကို ၂၊ ၃၊ ၁ ဆိုတဲ့ဂဏန်း ၃လုံးကို ပေးထားတယ်ဆိုပါတော့။ အဲ့ဒါတွေကို ပေါင်းကြည့်ပါ။

၂+၃+၁=၆ ရတယ်။ အက္ခရာစဉ် အရဆို ၆ က “စ”မလား… ဆိုလိုတာက သင့်ကိုစဉ်းစားနေသူရဲ့နာမည်က “စ” လုံးနဲ့စတဲ့ သူတွေ ဖြစ်နိုင်ပါတယ် တဲ့။ စည်သူတို့ စိုးသူတို့ဖြစ်ချင်ဖြစ်မှာပေါ့..။

နား သို့မဟုတ် ပါးမှာ မီးနဲ့တို့ခံရသလို ပူလောင်လာမယ်

ရိုက်ပုတ်မှုရဲ့ နောက်ဆက်တွဲကို မြင်ယောင်ကြည့်ပါ၊ ပူခနဲဖြစ်သွားသလိုပေါ့၊ တစ်စုံတစ်ဦးက သင့်ကိုစဉ်းစားနေပြီး မကောင်းကြောင်း ဆိုးဆိုးဝါးဝါးပြောနေပြီဆိုရင် အဲ့ဒီလိုခံစားချက် ဖြစ်လာပါတယ်။

သင့်ကို စကားလုံးတွေနဲ့ ရိုက်နှက်နေသလိုပေါ့။ ဒီခံစားမှုက သင့်ရဲ့ ပါးနဲ့နားက ရှက်လို့မျက်နှာရဲသွားတာမျိုး မဟုတ်ဘူးနော်။ တစ်ခါတစ်ရံ တော်တော်ကြီးကို သိသိသာသာ နီရဲနေတာမျိုးဖြစ်တာပါ။

တစ်ကယ်လို့သင့်နားနဲ့ မျက်နှာက ပူလောင်တာမျိုးမဟုတ်ပဲ နွေးထွေးမှုကို ခံစားရရင်တော့ တစ်စုံတစ်ယောက်က သင့်ကောင်းကြောင်းတွေကို ပြောနေပြီး သင့်ကို ချစ်ကြိုက်သလို ခံစားနေရပါတယ်လို့ ဆိုပါတယ်။

ကြို့ထိုးခြင်း

ကြို့ထိုးခြင်းဟာ စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ထမင်းစားပြီးတဲ့အခါမှာ သူတို့ကိုရလေ့ရှိတယ်၊ ဒါပေမဲ့ တချို့ယုံ ကြည်မှုတွေအရ ကြို့ထို့ခြင်းဟာ သင့်အကြောင်းစဉ်းစားနေသူတစ်ဦးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက် နိုင်ပါတယ်။

ကံမကောင်းစွာနဲ့ တစ်စုံတစ်ဦးက သင့်ကိုမကောင်းတဲ့ စကားကိုပြောခြင်း သို့မဟုတ် သင်နှင့်ပတ်သက်ပြီး တိုင်ကြားခြင်းဖြစ်နိုင်ပါတယ်။ ဘယ်သူတွေ ဘာစဉ်းစားနေတာကို သင်ပြောနိုင်မဘ့်နည်းလမ်းလည်းရှိပါတယ်။

လူတချို့အနားရောက်မှ သင်ကြို့ထိုးချင်လာတယ် ထိုးလိုက်တယ်။ ဒါကဘာကိုပြောတာလဲဆိုတော့ ဒီလူတွေဟာ သင့်ကို ထိခိုက်နစ်နာအောင်တွေးနေတယ် ပြောခဲ့တယ်ဆိုတာပါပဲ။

ယခု သင်သူတို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်သို့မဟုတ် သင်ကြိုက်သလိုမေးမြန်းကြည့်လို့ရပြီ။ ကြို့ထိုးခြင်းအတွက် ကောက်ချက် မချခင် အခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းတရားတွေကိုတော့ သင် ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။

အစာစားများခြင်း တစ်စုံတစ်ခုသောက်တာ များခြင်း အလွန်လျှင်မြန်စွာ အစာစားခြင်း ဝမ်းဗိုက်ခွဲစိတ်ထားခြင်း အာရုံကြော၊ ယားယံရောဂါများ ရှိခြင်း၊ ဆေးတစ်ခုခုသောက်သုံးထားခြင်း၊ ဒါတွေကိုတော့ ထည့်မတွက်ဖို့ လိုပါတယ်နော်..

အိမ်မက် မက်ခြင်း

သင့်အိပ်မက်ထဲတွင် တစ်စုံတစ်ကို အထူးသဖြင့် ကြာမြင့်စွာမတွေ့ရသေးသောတစ်စုံ တစ်ဦးကို တွေ့မြင်ပါက သူတို့ဟာ သင့်

အကြောင်းကို စဉ်းစားနေနိုင်ပါတယ်။ သင်နှင့်ပတ်သက်သောသူတွေရဲ့ အတွေးတွေက သင်အိပ်မက်မက်ဖို့အတွက် ရုပ်ပုံလွှာတွေကို ထုတ်လွှင့်ပေးနိုင်ပါတယ်။

အိပ်မက်တစ်ခုက သင့်ကို အသေးစိတ်အချက်အလက်တွေတော့ မပေးနိုင်ပါဘူး။ အိမ်မက်အရတော့ သူတို့ သင့်ကောင်းကြောင်းကို တွေးလား… ဆိုးကြောင်းကိုတွေးလား.. ဆိုတာတော့ ယတိပြတ်မပြောနိုင်ပါဘူး။ အိမ်မက်တွေက ဆန်းကြယ်ကြပါတယ်။

သင့်အတွေးတွေကနေတစ်ဆင့်လည်း အိမ်မက်တွေကို ဖန်တီးနိုင်တဲ့အတွက် သင်စွဲလမ်းမှုမရှိပဲ မက်တဲ့အိမ်မက်ကသာလျင် သူတို့သင့်ကို သတိရနေတယ် သင့်အကြောင်းတွေတွေးနေတယ်လို့ပြောနိုင်မှာဖြစ်ပါတယ်။

မရှင်းပြ နိုင်တဲ့ ထိတွေ့မှုကို ခံစားရမယ်

တစ်ယောက်ယောက် သင့်ကို လာထိလိုက်သလို ရုတ်တရက် ခံစားဖူးပါသလား… ဒါဟာကျိန်းသေပေါက် တစ်စုံတစ်ယောက်က သင်နဲ့ပက်သက်ပြီး စိုးရိမ် ပူပန်စိတ်ဖြစ်နေပြီး ဆန်းကြယ်တဲ့ စိတ်ခံစားမှုတွေ ခံစားနေရတာလို့ ဆိုနိုင်ပါတယ်။

တစ်ကယ်လို့ သင့်ကို တစ်စုံတစ်ယောက်က အလွန်ပြင်းပြင်းထန်ထန် စဉ်းစားတွေးတောနေရင် သူတို့ရဲ့ခံစားမှုက သင့်ကို ရုပ်ပိုင်းဆိုင်ရာ အဆက်အသွယ်နဲ့ဆင်တူတဲ့ မက်ဆေ့တစ်ခုခု ပို့ပေးနိုင်ပါတယ်။ ဒါက တယ်လီဖုန်း ဆက်သွယ်သလို ပုံစံမျိုးလိုဖြစ်ပြီး သင့်ကိုလာထိလိုက်သလိုတောင် ခံစားစေရတာပါ။

ဒီအတွေးတွေဟာ ကောင်းလားဆိုးလား သေချာပေါက်ပြောလို့တော့ မရပါဘူး။ ဒါပေမယ့်သင့်ကို လာထိသလို ခံစားလိုက်ရတဲ့အချိန်မှာ ချစ်စရာကောင်းတဲ့ ထိတွေ့မှုလို ခံစားရရင် ဒါက သင့်ချစ်ရသူ ဒါမှဟုတ် သင့်ကို ခံစားချက်ရှိနေသူတစ်ဦးထံက ဖြစ်ပါလိမ့်မယ်။

အဲ့ဒီလိုမဟုတ်ပဲ ထိတွေ့မှုဟာ ညှိုးငယ်ကြောက်ရွံသလို ခံစားရရင် ဒါကသင့်ကို စိတ်ဆိုးနေသူ သို့မဟုတ် သင့်ကြောင့် ဝမ်းနည်းနေရသူ တစ်ဦးဦးထံက ဖြစ်ပါလိမ့်မယ်။

စားနေတုန်း အဆင်မပြေဖြစ်မယ်သင်ကပျော်ပျော်ရွှင်ရွှင် ငြိမ်ငြိမ်သက်သက်စားသောက်နေတယ်၊ ဂရုစိုက်ပြီးစားသောက်နေတုန်း

မှာတောင် အစာတွေကိုစားရတာ ချောချောမွေ့မွေ့မဝင်သွားဘူး၊ မျိုချရတာ ခက်ခဲတယ်လို့ ရုတ်တရက်ခံစားရမယ်၊ ချောင်းဆိုးချင်သလိုဖြစ်လာမယ်၊ ခန္ဓာကိုယ် တုန်လှုပ်သွားမ ယ် ဆိုရင် တစ်ခုခုတော့ မှားနေပြီဖြစ်ပါတယ်။

ဒါဆိုသင့်ဘေးပတ်လည်မှာ သင်နဲ့ပက်သက်ပြီး စိတ်တင်းမာနေတဲ့ လူတစ်ယောက်ယောက် ရှိနေနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ ဘယ်သူမှ မရှိခဲ့ဘူးဆိုရင်တော့ တစ်စုံတစ်ယောက်ရဲ့စိတ်ထဲမှာ သင့်အကြောင်းတွေ ပြေးလွှားယောက်ယက်ခတ်နေနိုင်ပါတယ်။

အဝေးကြီးဖြစ်နေရင်တောင်အဲ့ဒီတွေးတောမှုနဲ့တင်းမာမှုတွေကို သင့်ရဲ့မသိစိတ်ကတစ်ဆင့်ခံစားနေရတာဖြစ်နိုင်ပါတယ်။

မျက်လုံးယားမယ် မျက်ခမ်း လှုတ်မယ်

မျက်ခမ်းလှုပ်တာတို့ မျက်လုံးယားယံတာတို့နဲ့ပက်သက်ပြီး အယူသီးတဲ့ ယုံကြည်မှုတွေရှိကြပါတယ်။ အဲ့ဒီလိုခံစားရရင် တစ်စုံတစ်ယောက်ကသင့်ကိုစိတ်ထဲမှာရှိနေတယ်လို့ဆိုနိုင်ပါတယ်။

အမျိုးသားတွေမှာ ညာဘက်မျက်လုံး ယားယံခြင်းနဲ့လှုပ်ခတ်ခြင်းတို့က တစ်ယောက်ယောက်က သင့်ကောင်းကြောင်းကိုတွေးနေပြီး ဘယ်ဘက်ဆိုရင်တော့ အဆိုးတွေကိုတွေးနေတယ်လို့ ညွှန်ပြနေပါတယ်။

အမျိုးသားတွေနဲ့ အမျိုးသမီးတွေကတော့ ပြောင်းပြန်လို့ နားလည်ပေးပါနော်။ တစ်ကယ်လို့ ဒါဟာ ဓါတ်မတည့်လို့ မျက်စိပြဿနာရှိလို့

ဖြစ်နေတာဆိုရင် ဒါတွေကိုလျစ်လျူရှုနိုင်ပါတယ်။ စိတ်ဖိစီးမှု အစားအစာမောပန်းမှုနဲ့ အခြားအချက်တွေ မျက်စိကိုတုန်ယင်စေနိုင်တာတော့ သတိပြုပေါ့နော်။

နောက်ဆုံး အတွေးများ

အပေါ်မှာဖော်ပြခဲ့တဲ့ နိမိတ်လက္ခဏာတွေဟာ သင့်အကြောင်းတစ်ယောက်ယောက် စဉ်းစားနေတယ်ဆိုတာ သိနိုင်တဲ့ အရာတွေပါ။ ဒါတွေကို တချို့တွေက ယုံကြည်ချင်မှ ယုံကြည်ပါလိမ့်မယ်။ ဒါတွေကိုအရေးမပါလို့ သင့်စိတ်ထဲက ဖယ်ထုတ်ထားမယ်ဆိုလည်း ရပါတယ်။

ဒါပေမယ့် အတွေးတွေဟာ လောကမှာ အင်အား အကြီးဆုံးပါပဲ။ ပြောရမယ်ဆိုရင် စိတ်ပေါ့။ သင့်မှာ အထက်ကဖော်ပြခဲ့သလို ထူးဆန်းတဲ့ခံစားမှုတွေခံစားရမယ် ပေါ်လာမယ်ဆိုအပေါ်ကအချက်တွေနဲ့ နှိုင်းယှဉ် ချင့်ချိန်နိုင်ပါတယ်နော်..

ကဲ…သင်တို့ ခံစားခဲ့ရတဲ့ ထူးဆန်းမှုတွေရှိရင်လည်း မျှဝေပေးသွားပါဦးနော်…Credit