အစာလည်းဆေး…ဆေးလည်းအစာ မုန်လာဥဖြူတစ်လုံးနဲ့ကျောက်ကပ်အလွယ်ဆေးကြမယ်
ကျောက်ကပ်ရောင်သည်ဖြစ်စေ ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့်ခါးနာ၊ခါးကိုက်ခြင်း ၊နှူံးချိ အော့အန်ခြင်းများအတွက်။
မုန်လာဥဖြူတစ်လုံးကိုသန့်စင်စွာဆေးကြောပြီး ရေအနည်းထည့်၍ကြိတ်ချေပါ၊အဖတ်များစစ်ထုတ်ပြီးအရည်ကိုသောက်ပေးလိုက်ပါ။
၎င်းကြိတ်ရည်ဝမ်းထဲဝင်သွားသည်နှင့်ခါးနာခါးကိုက်ယူပစ်သလိုပျောက်ကင်းသက်သာသွားမည်။
မုန်လာဥဖြူကြိတ်ရည်ဟာ ကျောက်ကပ်ကိုချက်ချင်းဆေးကြောပေးပါတယ်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါတယ်။
ဒါ့အပြင်တစ်ပါတ်တစ်ခါကြိုတင်ကာကွယ်သောအားဖြင့်လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးခြင်းဖြင့်ကျောက်ကပ်ကိုဆေးကြောထိန်းသိမ်းသင့်ပါတယ်။
မုန်လာဥအစိမ်းကိုသံပုရာသီးနှင့်နှပ်ပြီးအစိမ်းသုပ်သုပ်စားပါကပို၍ဆေးဘက်ဝင်ပါတယ်။
မုန်လာဥဖြူ စားသုံးခြင်းဖြင့်ရရှိနိုင်တဲဲ့အကျိုးကျေးဇူးတွေက
ကင်ဆာရောဂါမဖြစ်စေရန်ကာကွယ်ပေးတယ်။သွေးသွင်းသကြားဓာတ်ကိုထိန်းညှိပေးတယ်။ကျောက်ကပ်ကျန်းမာစေတယ်။သွေးပေါင်ချိန်ကိုမှန်စေတယ်။ဝမ်းမှန်စေတယ်။
ကိုယ်အလေးချိန်ကျစေတယ်။အသားအရည်စိုပြေလှပစေတယ်။အရွယ်တင်နုပျိုစေတယ်။အသုံးမပြုမီ ပိုးသတ်ဆေးကင်းစင်အောင်သေချာဆေးကြောသန့်စင်ပေးရန်အထူးသတိပြုပါ။
ခရစ်ဒစ်
မုန်လာဥဖြူ စားသုံးခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက
ခရစ်ဒစ်