စူးရှထက်Fan တွေရဲ့ ရင့်ရင့်သီးသီးပြောဆိုခြင်းကို အလူးအလဲခံနေရတဲ့အပြင် အကောင့် Cb ပါထိသွားသည်အထိဖြစ်ခဲ့တဲ့ အိမ့်ချစ်
အဆိုတော် အိမ့်ချစ်နဲ့ မော်ဒယ်လ်စူးရှထက် ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ရန်ကုန်မြို့က Bar တစ်ခုမှာ ဆုံခဲ့ကြပြီး ပြဿနာတက်ခဲ့ကြ တာပဲဖြစ်ပါတယ်။
အိမ့်ချစ်ဟာ ပရိသတ်တွေတောင်းဆို မှုကြောင့် Bar မှာ သီချင်းဆိုခဲ့ပြီး စူးရှထက်က Live လွှင့်ခဲ့တာကြောင့် အိမ့်ချစ်က Live ကိုဖျက်ပေးဖို့ တောင်းဆိုရာမှ ပြဿနာတက်ခဲ့ရ တာပဲဖြစ်ပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး စူးရှထက်က အိမ့်ချစ်နဲ့ပြောခဲ့တဲ့ စာတစ်စိတ်တစ်ပိုင်းကိုသာ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တင်ခဲ့တာပဲဖြစ်ပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး အချင်းချင်းရင်း fan တွေကလည်း ပြဿနာတွေဖြစ် ခဲ့ကြသလို စူးရှထက်ရဲ့ ပရိသတ်တွေက အိမ့်ချစ်ရဲ့ အားနည်းချက်ဖြစ်တဲ့ Broken Family ဖြစ်နေတာရယ်၊
အိမ့်ချစ်ရဲ့ အသားအရည်စတာတွေကို ထိခိုက်ပြောဆိုခဲ့ကြ တာပဲဖြစ်ပါတယ်။ စူးရှထက်ရဲ့ ပရိသတ်တွေက အိမ့်ချစ်ရဲ့ အကောင့် Cb ထိသွားပြီး အိမ့်ချစ်ကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုကြကာ အိမ့်ချစ်ရဲ့ အားနည်းချက်တွေကိုလည်း ဖိပြောခဲ့ကြပါတယ်။
အိမ့်ချစ်ကတော့ စူးရှထက်နဲ့ ပြဿနာကြောင့် စူးရှထက် Fan တွေရဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခြင်းကို ခံခဲ့ရတာ ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်က အသိဆုံးပဲဖြစ်မှာပါနော်။
Source: Proud of Myanmar’ fb
Credit ; Myanmar Celebrities