knewledge

မ်က္ေတာင္ေမႊးပါးတဲ့သူေတြအတြက္ မ်က္ေတာင္ရွည္ၿပီးသန္လာေစမယ့္ သဘာဝအစားအစာမ်ား

တခ်ိဳ႕မိန္းကေလးေတြက မ်က္ခုံးေမြးထူေပမယ့္ မ်က္ေတာင္ေမြးက ပါးေနတတ္ၾကပါတယ္။ မ်က္ေတာင္ေမြးပါးတဲ့အတြက္ မ်က္ေတာင္ေမြးရွည္ရွည္ေလးပိုင္ဆိုင္ဖို႔ မ်က္ေတာင္အတုသုံးၾကရပါတယ္။

မ်က္ေတာင္အတုသုံးစရာမလိုပဲ မိမိရဲ႕သဘာဝမ်က္ေတာင္ေမြးရွည္ကို ပိုင္ဆိုင္ခ်င္ရင္ နည္းလမ္းရွိပါတယ္ေနာ္။ မ်က္ေတာင္ေမြးသန္ေစမယ့္ နည္းလမ္းေတြကေတာ့ မ်ိဳးစုံပါပဲ။

ဒါေပမဲ့ အလြယ္ကူဆုံးနည္းလမ္းက သင္ ေန႔တိုင္းစားတဲ့အစားအစာကို ေျပာင္းလဲစားသုံးတာပါပဲ။ သင္ လုပ္ေဆာင္ဖို႔လိုအပ္တာကေတာ့ သင့္မ်က္ေတာင္ကိုသာမက ခႏၶာကိုယ္တစ္ခုလုံးကိုလည္း အက်ိဳးရွိေစမယ့္ က်န္းမာေရးနဲ႔ ညီၫႊတ္ၿပီး အရသာရွိတဲ့ အစားအစာတခ်ိဳ႕ကို စားသုံးေပးဖို႔ပါပဲ။ မ်က္ေတာင္ရွည္ၿပီး သန္လာေစဖို႔အတြက္ စားေပးသင့္တဲ့အစားအစာေတြက

၁။ ၾကက္ဥ


ၾကက္ဥက ပ႐ိုတင္းဓာတ္ႂကြယ္ဝစြာပါဝင္တဲ့အတြက္ မ်က္ေတာင္ေမြးကို ရွည္ၿပီး သန္မာလာေစႏိုင္ပါတယ္။ ဆံပင္နဲ႔မ်က္ေတာင္ေမြးေတြက ကီရာတင္လို႔ေခၚတဲ့ ပ႐ိုတင္းအမ်ိဳးအစားနဲ႔ ဖြဲ႕စည္းထားတာပါ။

ပ႐ိုတင္းဓာတ္ႂကြယ္ဝတဲ့အစားအစာေတြက ခႏၶာကိုယ္ကို ကီရာတင္ဓာတ္ကို ထုတ္လႊင့္ဖို႔အတြက္ အမီႏိုအက္ဆစ္ပမာဏရရွိေအာင္ ကူညီေပးပါတယ္။ ဒါက သင့္မ်က္ေတာင့္ကို သန္ၿပီး ရွည္လာေစမွာျဖစ္ပါတယ္။

၂။ ဆယ္လ္မြန္ငါး

ဆယ္လ္မြန္ငါးက အိုမီဂါ ၃ အက္ဆစ္၊ ဗီတာမင္ဒီ၊ ဘီဓာတ္ေတြရႏိုင္တဲ့အစားအစာျဖစ္ပါတယ္။ အိုမီဂါ ၃ အက္ဆစ္က မ်က္ေတာင္ေမြးကြၽတ္တာကေန ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္ဒီနဲ႔ ဘီတို႔ကလည္း မ်က္ေတာင္ေမြးသန္လာေအာင္ ကူညီေပးႏိုင္ပါတယ္။

၃။ အေစ့အဆံ


အေစ့အဆံေတြက သင့္ခႏၶာကိုယ္ကို အိုမီဂါ ၃ အက္ဆစ္နဲ႔ ဗီတာမင္အီဓာတ္ေတြနဲ႔ ေထာက္ပံ့ေပးထားပါတယ္။ အိုမီဂါ ၃ နဲ႔ ဗီတာမင္အီဓာတ္ေတြက ေမြးညင္းေပါက္ေတြဆီ ေသြးနဲ႔ ေအာက္ဆီဂ်င္ေတြ ပို႔ေဆာင္ေပးပါတယ္။

ဒါက ေသြးစီးဆင္းမႈကို တိုးလာေစၿပီး ေမြးညင္းေပါက္ေတြကို သန္လာေစပါတယ္။ မ်က္ေတာင္ေမြးရွည္လာေအာင္ ကူညီေပးႏိုင္တဲ့အျပင္ မ်က္ေတာင္ေမြး ျမန္ျမန္သန္လာေအာင္လည္း တြန္းပို႔ေပးပါတယ္။

၄။ အသီးနဲ႔ဟင္းသီးဟင္း႐ြက္


အသီးနဲ႔ဟင္းသီးဟင္း႐ြက္ေတြက ဗီတာမင္ေအ နဲ႔ ဗီတာမင္စီဓာတ္ေတြ ပါဝင္ပါတယ္။ ဒီဗီတာမင္ဓာတ္ေတြက မ်က္ေတာင္ေမြးသန္လာဖို႔နဲ႔ ကာလဂ်င္ထုတ္လုပ္ႏိုင္ဖို႔ အက်ိဳးရွိေစပါတယ္။

အသီးအခြံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြမွာ မရွိမျဖစ္သတၱဳဓာတ္ ဆီလီကာ (Silica) ဓာတ္ပါဝင္တဲ့အတြက္ မ်က္ေတာင္ေမြး ရွည္ၿပီး သန္စြမ္းလာေအာင္ ကူညီေပးပါတယ္။

၅။ မႈိ


မႈိကလည္း ဗီတာမင္ B3 ဓာတ္ပါဝင္တာေၾကာင့္ မ်က္ေတာင္ေမြးကို ရွည္လာေစပါတယ္။ မႈိက ေသြးလည္ပတ္မႈကို ေကာင္းေစတဲ့အျပင္ ကီရာတင္ဓာတ္ထုတ္လုပ္ႏိုင္ဖို႔အတြက္ ကူညီေပးပါတယ္။

ဗီတာမင္ B3 က မ်က္ေတာင္သန္စြမ္းလာေအာင္ လႈပ္ေဆာ္ေပးၿပီး ေျခာက္ေသြ႕က်ိဳးပဲ့တဲ့မ်က္ေတာင္ေမြးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ မ်က္ေတာင္ေမြးကြၽတ္ျခင္းမွလည္း ကာကြယ္ေပးပါတယ္။

၆။ ပဲအမ်ိဳးအမ်ိဳး


ပဲအမ်ိဳးမ်ိဳးမွာ ဗီတာမင္ H နဲ႔ ေဖာလစ္အက္ဆစ္ပါဝင္ပါတယ္။ ဗီတာမင္ H ဓာတ္က ေမြးညင္းေပါက္ေတြဆီ ေသြးစီးဆင္းမႈတိုးလာေစၿပီး မ်က္ေတာင္ေမြး ပိုထူလာေစတဲ့အျပင္ မ်က္ေတာင္ေျခာက္ေသြ႕ၿပီး ကြၽတ္တာကေနလည္း ကာကြယ္ေပးပါတယ္။

က်န္းမာသန္စြမ္းတဲ့မ်က္ေတာင္ေမြးအတြက္ အေရးပါတဲ့ အမီႏိုအက္ဆစ္နဲ႔ အဆီဓာတ္ေတြကို ခႏၶာကိုယ္က စုပ္ယူႏိုင္ေအာင္လည္း ကူညီေပးပါတယ္။ ေဖာလစ္အက္ဆစ္က မ်က္ေတာင္ေမြးက်ိဳးပဲ့ျခင္းမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

၇။ အေစ့အဆံေလးေတြပါတဲ့ ေပါင္မုန႔္ (Whole Grain)


အေစ့အဆံပါတဲ့ေပါင္မုန႔္က ဗီတာမင္ B6 နဲ႔ သံဓာတ္ႂကြယ္ဝပါတယ္။ ဗီတာမင္ B6 က မ်က္ေတာင္ေမြးကို အေရာင္ေပးစြမ္းတဲ့ မယ္လနင္ (Melanin) ဓာတ္ေတြထုတ္လုပ္မႈကို လႈပ္ေဆာ္ေပးပါတယ္။

သံဓာတ္ကို ေမြးညင္းေပါက္မွာ သိမ္းဆည္းထားၿပီး မ်က္ေတာင္ေမြးအားနည္းတာ၊ ကြၽတ္က်တာေတြမျဖစ္ေအာင္ ကာကြယ္ေပးၿပီး မ်က္ေတာင္ေမြးကို ရွည္လာေအာင္ ကူညီေပးႏိုင္ပါတယ္။

crd

Unicode

မျက်တောင်မွှေးပါးတဲ့သူတွေအတွက် မျက်တောင်ရှည်ပြီးသန်လာစေမယ့် သဘာဝအစားအစာများ

တချို့မိန်းကလေးတွေက မျက်ခုံးမွေးထူပေမယ့် မျက်တောင်မွေးက ပါးနေတတ်ကြပါတယ်။ မျက်တောင်မွေးပါးတဲ့အတွက် မျက်တောင်မွေးရှည်ရှည်လေးပိုင်ဆိုင်ဖို့ မျက်တောင်အတုသုံးကြရပါတယ်။

မျက်တောင်အတုသုံးစရာမလိုပဲ မိမိရဲ့သဘာဝမျက်တောင်မွေးရှည်ကို ပိုင်ဆိုင်ချင်ရင် နည်းလမ်းရှိပါတယ်နော်။ မျက်တောင်မွေးသန်စေမယ့် နည်းလမ်းတွေကတော့ မျိုးစုံပါပဲ။ ဒါပေမဲ့ အလွယ်ကူဆုံးနည်းလမ်းက သင် နေ့တိုင်းစားတဲ့အစားအစာကို ပြောင်းလဲစားသုံးတာပါပဲ။

သင် လုပ်ဆောင်ဖို့လိုအပ်တာကတော့ သင့်မျက်တောင်ကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အကျိုးရှိစေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ အစားအစာတချို့ကို စားသုံးပေးဖို့ပါပဲ။ မျက်တောင်ရှည်ပြီး သန်လာစေဖို့အတွက် စားပေးသင့်တဲ့အစားအစာတွေက

၁။ ကြက်ဥ

ကြက်ဥက ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်တောင်မွေးကို ရှည်ပြီး သန်မာလာစေနိုင်ပါတယ်။ ဆံပင်နဲ့မျက်တောင်မွေးတွေက ကီရာတင်လို့ခေါ်တဲ့ ပရိုတင်းအမျိုးအစားနဲ့ ဖွဲ့စည်းထားတာပါ။

ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေက ခန္ဓာကိုယ်ကို ကီရာတင်ဓာတ်ကို ထုတ်လွှင့်ဖို့အတွက် အမီနိုအက်ဆစ်ပမာဏရရှိအောင် ကူညီပေးပါတယ်။ ဒါက သင့်မျက်တောင့်ကို သန်ပြီး ရှည်လာစေမှာဖြစ်ပါတယ်။

၂။ ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးက အိုမီဂါ ၃ အက်ဆစ်၊ ဗီတာမင်ဒီ၊ ဘီဓာတ်တွေရနိုင်တဲ့အစားအစာဖြစ်ပါတယ်။ အိုမီဂါ ၃ အက်ဆစ်က မျက်တောင်မွေးကျွတ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ဒီနဲ့ ဘီတို့ကလည်း မျက်တောင်မွေးသန်လာအောင် ကူညီပေးနိုင်ပါတယ်။

၃။ အစေ့အဆံ

အစေ့အဆံတွေက သင့်ခန္ဓာကိုယ်ကို အိုမီဂါ ၃ အက်ဆစ်နဲ့ ဗီတာမင်အီဓာတ်တွေနဲ့ ထောက်ပံ့ပေးထားပါတယ်။ အိုမီဂါ ၃ နဲ့ ဗီတာမင်အီဓာတ်တွေက မွေးညင်းပေါက်တွေဆီ သွေးနဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။

ဒါက သွေးစီးဆင်းမှုကို တိုးလာစေပြီး မွေးညင်းပေါက်တွေကို သန်လာစေပါတယ်။ မျက်တောင်မွေးရှည်လာအောင် ကူညီပေးနိုင်တဲ့အပြင် မျက်တောင်မွေး မြန်မြန်သန်လာအောင်လည်း တွန်းပို့ပေးပါတယ်။

၄။ အသီးနဲ့ဟင်းသီးဟင်းရွက်

အသီးနဲ့ဟင်းသီးဟင်းရွက်တွေက ဗီတာမင်အေ နဲ့ ဗီတာမင်စီဓာတ်တွေ ပါဝင်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေက မျက်တောင်မွေးသန်လာဖို့နဲ့ ကာလဂျင်ထုတ်လုပ်နိုင်ဖို့ အကျိုးရှိစေပါတယ်။

အသီးအခွံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ်သတ္တုဓာတ် ဆီလီကာ (Silica) ဓာတ်ပါဝင်တဲ့အတွက် မျက်တောင်မွေး ရှည်ပြီး သန်စွမ်းလာအောင် ကူညီပေးပါတယ်။

၅။ မှို

မှိုကလည်း ဗီတာမင် B3 ဓာတ်ပါဝင်တာကြောင့် မျက်တောင်မွေးကို ရှည်လာစေပါတယ်။ မှိုက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် ကီရာတင်ဓာတ်ထုတ်လုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။

ဗီတာမင် B3 က မျက်တောင်သန်စွမ်းလာအောင် လှုပ်ဆော်ပေးပြီး ခြောက်သွေ့ကျိုးပဲ့တဲ့မျက်တောင်မွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မျက်တောင်မွေးကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၆။ ပဲအမျိုးအမျိုး

ပဲအမျိုးမျိုးမှာ ဗီတာမင် H နဲ့ ဖောလစ်အက်ဆစ်ပါဝင်ပါတယ်။ ဗီတာမင် H ဓာတ်က မွေးညင်းပေါက်တွေဆီ သွေးစီးဆင်းမှုတိုးလာစေပြီး မျက်တောင်မွေး ပိုထူလာစေတဲ့အပြင် မျက်တောင်ခြောက်သွေ့ပြီး ကျွတ်တာကနေလည်း ကာကွယ်ပေးပါတယ်။

ကျန်းမာသန်စွမ်းတဲ့မျက်တောင်မွေးအတွက် အရေးပါတဲ့ အမီနိုအက်ဆစ်နဲ့ အဆီဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။ ဖောလစ်အက်ဆစ်က မျက်တောင်မွေးကျိုးပဲ့ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၇။ အစေ့အဆံလေးတွေပါတဲ့ ပေါင်မုန့် (Whole Grain)

အစေ့အဆံပါတဲ့ပေါင်မုန့်က ဗီတာမင် B6 နဲ့ သံဓာတ်ကြွယ်ဝပါတယ်။ ဗီတာမင် B6 က မျက်တောင်မွေးကို အရောင်ပေးစွမ်းတဲ့ မယ်လနင် (Melanin) ဓာတ်တွေထုတ်လုပ်မှုကို လှုပ်ဆော်ပေးပါတယ်။

သံဓာတ်ကို မွေးညင်းပေါက်မှာ သိမ်းဆည်းထားပြီး မျက်တောင်မွေးအားနည်းတာ၊ ကျွတ်ကျတာတွေမဖြစ်အောင် ကာကွယ်ပေးပြီး မျက်တောင်မွေးကို ရှည်လာအောင် ကူညီပေးနိုင်ပါတယ်။

crd