သတင္း

ယုံကြည်ချက်အတွက် နောက်ထပ်ဘာတွေ စွန့်လွှတ်ရအုန်းမှာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ ကိုပေါက်

ပရိသတ်ကြီး‌ရေ ဒါရိုက်တာ ကိုပေါက် ကတော့ ရုပ်ရှင်ကားတွေမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေကို ‌ပုံဖော်ရိုက်ကူးတဲ့နေရာမှာလဲ တော်လွန်းတဲ့ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

ကာရိုက်တာမျိုးစုံကို ‌‌သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေမသိသူမရှိလောက်အောင် ချစ်ခင်အားပေးရသူတစ်ဦးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ဟာလက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး မိသားစုနဲ့ခွဲခွာနေရတာပဲဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရတဲ့ ကိုပေါက် ဟာ ဘေးကင်းရာတိမ်းရှောင်နေရတာကြောင့် တစ်ခါတလေ အိမ်နဲ့ မိသားစုကို လွမ်းနေတဲ့အကြောင်းတွေ ရေးသားလေ့ရှိပါတယ်။ ကိုပေါက် ကတော့ ယုံကြည်ချက်အတွက် ဘာတွေ နောက်ထပ်စွန့်လွှတ်ရအုန်းမှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး ကျရာတာဝန်ကို အကောင်းဆုံးကြိုးစား‌ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ တာဝန်တွေကိုထမ်းဆောင်ရင်း အချို့အနုပညာရှင်တွေရဲ့ပုံတူပန်းချီကားလေးတွေကိုအလွမ်းပြေဆွဲပေးလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မင်းသားမင်းမော်ကွန်းအတွက် သီချင်းလေးတစ်ပုဒ်ကိုရေးစပ်ပေးခဲ့ပါသေးတယ်။ ကိုပေါက် ရေးသားပြီး မင်းမော်ကွန်းပြန်လည်သီဆိုထားတဲ့ သီချင်းလေးကတော့ အွန်လိုင်း‌ပေါ်မှာ Viewer အများဆုံးရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့နာရီပိုင်းလောက်က ကိုပေါက် ကတော့စာသားလေးတစ်ခုကို မျှဝေထားပါတယ်။ ” အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရတော့မှာလား…ဘဝကခါးလိုက်တာ ယုံကြည်ချက်အတွက် နောက်ထပ်ဘာတွေ ထပ်ပြီး စွန့်ရအုံးမှားလဲလို့ ” မေးခွန်းဆန်ဆန် စာသားလေးကို ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဒါရိုက်တာ ကိုပေါက် အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။

ZAWGYI VERSION







