knewledge

သင္ ဘယ္လိုအိမ္ေထာင္ဖက္နဲ႔ ေပါင္းဖက္ရမလဲ

မိမိတို႔ကိုယ္တိုင္ အတြက္ေသာ္လည္းေကာင္း၊ ေဆြမ်ိဳးသားခ်င္း၊ သားသမီး မိတ္ေဆြတို႔အတြက္လည္းေကာင္း ႀကဳံေတြ႕လာႏိုင္ေသာ အိမ္ေထာင္ေရးကံ ကို ခ်ိန္ဆႏိုင္ၾကေစရန္ အလို႔ငွာ ေအာက္ပါအတိုင္း မဟာဘုတ္ျဖင့္ စာတစ္ပုဒ္ ေရး သားလိုက္ရေပသည္။ မိမိ၏ ျမန္မာေမြးခုႏွစ္ကို တည္၍ ၇ ျဖင့္စားပါ။


(၁) ႂကြင္းေသာသူမ်ားသည္

အိမ္ေထာင္ေရး မတည္ၿမဲေသာကံ ပါလာပါသည္။ ထို႔ေၾကာင့္ အိမ္ေထာင္ဖက္သည္ အၿမဲလိုလို ခရီးသြားလာ ေနရသူမ်ား၊ ေမာင္တစ္႐ြာ မယ္တစ္ၿမိဳ႕ ဆိုသကဲ့သို႔ ခြဲခြာေနရေသာ သူမ်ားႏွင့္ ပို၍ အက်ိဳးေပးတတ္ပါသည္။

(၂) ႂကြင္းေသာသူမ်ားသည္

အိမ္ေထာင္ေရးကံ အထူး ေကာင္းတတ္ပါသည္။ ထင္ေပၚေက်ာ္ၾကားေသာ၊ ေငြေၾကးစီးပြား၊ ရာထူးဂုဏ္ရွိန္ ႀကီးျမင့္ေသာ အိမ္ေထာင္ ဖက္ႏွင့္ အေၾကာင္းဆက္ ေပါင္းဖက္ရတတ္ပါသည္။


(၃) ႂကြင္းေသာသူမ်ားသည္

အိမ္ေထာင္ျပဳရန္ ရည္႐ြယ္သည္က တစ္ေယာက္၊ တကယ္ အိမ္ေထာင္က်သည္က တစ္ေယာက္ ျဖစ္တတ္ပါသည္။ အလုပ္အေျပာင္းအလဲ မ်ားေသာ၊ ဘဝကံ အတက္အက် ၾကမ္းေသာ အိမ္ေထာင္ဖက္မ်ိဳးႏွင့္ အေၾကာင္းဆက္ရတတ္ပါသည္။ မင္းမႈထမ္း ဝန္ထမ္း၊ လခစားမ်ားႏွင့္ အိမ္ေထာင္ က်တတ္ပါသည္။

(၄) ႂကြင္းေသာသူမ်ားသည္

အထူး ခ်မ္းသာႂကြယ္ဝေသာ သူေဌး သူႂကြယ္ႀကီးမ်ား၊ ပညာရပ္ တစ္ခုခုတြင္ ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္ေသာ ပညာရွင္မ်ား၊ ရာထူးဂုဏ္ ရွိန္ႀကီးျမင့္ေသာသူမ်ားႏွင့္ အေၾကာင္းဆက္ ေပါင္းဖက္ရတတ္ပါသည္။ အိမ္ေထာင္ဖက္၏ အရွိန္အဝါျဖင့္ အမ်ားသူငါတို႔၏ အေရးထား ေလးစားျခင္းကို ခံရတတ္ပါသည္။


(၅) ႂကြင္းေသာသူမ်ားသည္

အိမ္ေထာင္ မၿမဲတတ္ျခင္းကို သတိျပဳရေပလိမ့္မည္။ က်န္းမာေရး ညံ့ေသာသူႏွင့္ အိမ္ေထာင္က် ရတတ္ပါသည္။ အိမ္ေထာင္ၿမဲလွ်င္ပင္ အိမ္ေထာင္ဖက္ အိမ္ေပၚမွ မၾကာခဏ ဆင္းသြားျခင္း၊ ကြဲလိုက္ျပန္ေပါင္းလိုက္ ျဖစ္ျခင္းမ်ား အျဖစ္မ်ားတတ္ပါသည္။ ေမာင္တစ္႐ြာ မယ္တစ္ၿမိဳ႕ ခြဲခြာေနရလွ်င္ ပို၍ အက်ိဳးေပးေစေပမည္။

(၆) ႂကြင္းေသာသူမ်ားသည္

မထင္မွတ္ဘဲ အိမ္ေထာင္ က်တတ္ပါသည္။ မရည္႐ြယ္ေသာသူႏွင့္ အိမ္ေထာင္က် တတ္ပါသည္။ သို႔ရာတြင္ အိမ္ေထာင္က်ၿပီးသည့္ေနာက္ စီးပြားတက္ျခင္း၊ ခ်မ္းသာသုခ ခံစားရျခင္းမ်ား ႀကဳံရတတ္ပါသည္။ ေနရာ ေဒသတစ္ခု၊ လုပ္ငန္း တစ္ခုတည္းတြင္ စြဲၿမဲစြာေနထိုင္ လုပ္ကိုင္ေသာ အိမ္ေထာင္ဖက္ ႏွင့္ အေၾကာင္းဆက္ရတတ္ပါသည္။


(ဝ) ႂကြင္းေသာသူမ်ားသည္

မိဘ အသိုင္းအဝိုင္းက သေဘာမတူေသာသူႏွင့္ အိမ္ေထာင္ က်တတ္ပါသည္။ အိမ္ေထာင္ျပဳရန္ကိစၥတြင္ အထစ္အေငါ့ အေႏွာင့္အယွက္ မ်ားတတ္ပါသည္။ အိမ္ေထာင္က်ၿပီးသည့္ ေနာက္တြင္လည္း တစ္ေယာက္တစ္ေနရာစီ ခြဲေနရသည္က မ်ားတတ္ပါသည္။ ႏွစ္ဖက္အသိုင္းအဝိုင္း အဆင္မေျပ မႈေၾကာင့္ အိမ္ေထာင္ေရးတြင္ စိတ္ရႈပ္ရတတ္ေပသည္။

( ကံ ဉာဏ္ ဝီရိယ ၃ ခ်က္လုံးညီၫြတ္ေအာင္ ခ်ိန္ဆ အားထုတ္ႏိုင္ၾကပါေစေသာဝ္ ) သေဗၺဓမၼာ ဇင္ေယာ္နီ

crd

Unicode

သင် ဘယ်လိုအိမ်ထောင်ဖက်နဲ့ ပေါင်းဖက်ရမလဲ

မိမိတို့ကိုယ်တိုင် အတွက်သော်လည်းကောင်း၊ ဆွေမျိုးသားချင်း၊ သားသမီး မိတ်ဆွေတို့အတွက်လည်းကောင်း ကြုံတွေ့လာနိုင်သော အိမ်ထောင်ရေးကံ ကို ချိန်ဆနိုင်ကြစေရန် အလို့ငှာ အောက်ပါအတိုင်း မဟာဘုတ်ဖြင့် စာတစ်ပုဒ် ရေး သားလိုက်ရပေသည်။ မိမိ၏ မြန်မာမွေးခုနှစ်ကို တည်၍ ၇ ဖြင့်စားပါ။

(၁) ကြွင်းသောသူများသည်

အိမ်ထောင်ရေး မတည်မြဲသောကံ ပါလာပါသည်။ ထို့ကြောင့် အိမ်ထောင်ဖက်သည် အမြဲလိုလို ခရီးသွားလာ နေရသူများ၊ မောင်တစ်ရွာ မယ်တစ်မြို့ ဆိုသကဲ့သို့ ခွဲခွာနေရသော သူများနှင့် ပို၍ အကျိုးပေးတတ်ပါသည်။

(၂) ကြွင်းသောသူများသည်

အိမ်ထောင်ရေးကံ အထူး ကောင်းတတ်ပါသည်။ ထင်ပေါ်ကျော်ကြားသော၊ ငွေကြေးစီးပွား၊ ရာထူးဂုဏ်ရှိန် ကြီးမြင့်သော အိမ်ထောင် ဖက်နှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်ပါသည်။

(၃) ကြွင်းသောသူများသည်

အိမ်ထောင်ပြုရန် ရည်ရွယ်သည်က တစ်ယောက်၊ တကယ် အိမ်ထောင်ကျသည်က တစ်ယောက် ဖြစ်တတ်ပါသည်။ အလုပ်အပြောင်းအလဲ များသော၊ ဘဝကံ အတက်အကျ ကြမ်းသော အိမ်ထောင်ဖက်မျိုးနှင့် အကြောင်းဆက်ရတတ်ပါသည်။ မင်းမှုထမ်း ဝန်ထမ်း၊ လခစားများနှင့် အိမ်ထောင် ကျတတ်ပါသည်။

(၄) ကြွင်းသောသူများသည်

အထူး ချမ်းသာကြွယ်ဝသော သူဌေး သူကြွယ်ကြီးများ၊ ပညာရပ် တစ်ခုခုတွင် ထူးထူးချွန်ချွန် အောင်မြင်သော ပညာရှင်များ၊ ရာထူးဂုဏ် ရှိန်ကြီးမြင့်သောသူများနှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်ပါသည်။ အိမ်ထောင်ဖက်၏ အရှိန်အဝါဖြင့် အများသူငါတို့၏ အရေးထား လေးစားခြင်းကို ခံရတတ်ပါသည်။

(၅) ကြွင်းသောသူများသည်

အိမ်ထောင် မမြဲတတ်ခြင်းကို သတိပြုရပေလိမ့်မည်။ ကျန်းမာရေး ညံ့သောသူနှင့် အိမ်ထောင်ကျ ရတတ်ပါသည်။ အိမ်ထောင်မြဲလျှင်ပင် အိမ်ထောင်ဖက် အိမ်ပေါ်မှ မကြာခဏ ဆင်းသွားခြင်း၊ ကွဲလိုက်ပြန်ပေါင်းလိုက် ဖြစ်ခြင်းများ အဖြစ်များတတ်ပါသည်။ မောင်တစ်ရွာ မယ်တစ်မြို့ ခွဲခွာနေရလျှင် ပို၍ အကျိုးပေးစေပေမည်။

(၆) ကြွင်းသောသူများသည်

မထင်မှတ်ဘဲ အိမ်ထောင် ကျတတ်ပါသည်။ မရည်ရွယ်သောသူနှင့် အိမ်ထောင်ကျ တတ်ပါသည်။ သို့ရာတွင် အိမ်ထောင်ကျပြီးသည့်နောက် စီးပွားတက်ခြင်း၊ ချမ်းသာသုခ ခံစားရခြင်းများ ကြုံရတတ်ပါသည်။ နေရာ ဒေသတစ်ခု၊ လုပ်ငန်း တစ်ခုတည်းတွင် စွဲမြဲစွာနေထိုင် လုပ်ကိုင်သော အိမ်ထောင်ဖက် နှင့် အကြောင်းဆက်ရတတ်ပါသည်။

(ဝ) ကြွင်းသောသူများသည်

မိဘ အသိုင်းအဝိုင်းက သဘောမတူသောသူနှင့် အိမ်ထောင် ကျတတ်ပါသည်။ အိမ်ထောင်ပြုရန်ကိစ္စတွင် အထစ်အငေါ့ အနှောင့်အယှက် များတတ်ပါသည်။ အိမ်ထောင်ကျပြီးသည့် နောက်တွင်လည်း တစ်ယောက်တစ်နေရာစီ ခွဲနေရသည်က များတတ်ပါသည်။ နှစ်ဖက်အသိုင်းအဝိုင်း အဆင်မပြေ မှုကြောင့် အိမ်ထောင်ရေးတွင် စိတ်ရှုပ်ရတတ်ပေသည်။

( ကံ ဉာဏ် ဝီရိယ ၃ ချက်လုံးညီညွတ်အောင် ချိန်ဆ အားထုတ်နိုင်ကြပါစေသောဝ် ) သဗ္ဗေဓမ္မာ ဇင်ယော်နီ

crd