မိမိမှာ စကစ အားပေးသူဖြစ်သော်လည်း သားသမီးတွေက Gen Z ဖြစ်နေတာကြောင့် အိမ်ပေါ်က နှင်ချခံလိုက်ရတဲ့ ငြိမ်းချမ်း

နိုင်ငံကျော် လူရွှင်တော်ငြိမ်းချမ်းကတော့ တစ်ခေတ်တစ်ခါက ကျော်ကြားအောင်မြင်ခဲ့သလို

ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပေါက်ရောက်ခဲ့သူ တစ်ယောက်ပါ။

လူရွှင်တော်ကြီး ငြိမ်းချမ်းဟာ အသက်အရွယ် တစ်ခုရောက်ရှိလာချိန်မှာ အရင်လို အနုပညာအလုပ်တွေ မလုပ်ကိုင် နိုင်တော့ပေမယ့်

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စကစကကျင်းပတဲ့ အငြိမ့်ပွဲမှာ ပါဝင်ဖျော်ဖြေ ခဲ့တာကြောင့်

ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသေးတာ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းခံရသလို မိသားစုထဲမှာလည်း အဆင်မပြေမှုတွေနဲ့ ကြုံနေရတဲ့

ငြိမ်းချမ်းဟာ ကြောင်အိုတော့ ကြွက်မလေး လူအိုတော့လူမလေး ဆိုရိုးစကားရှိခဲ့ တယ်

ငါ့မိသားစုထဲမှာ ငါဆိုတဲ့ လူကြီးက အရာမဝင်တော့ပါလား ငါပြောသမျှ ဟုတ်ကဲ့ လို့နားထောင်တာမရှိတော့ ဘူး

သူတို့ပြောတာ လုပ်ချင်တာဘဲငါ ကလိုက်လျောနေရတာ တော်တော်ကြာနေပီ

ငါ့ကိုယ်ငါ နားလည်ရတော့မှာပါ လား ဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ငြိမ်းချမ်းကတော့ မိသားစုထဲ မှာ အသက်အရွယ်ကြီးလာခဲ့တာကြောင့်

သားသမီးတွေက ပြောစကားနားမထောင်တော့တဲ့ အကြောင်းကို ရင်ဖွင့်လာခဲ့တာဖြစ်ပြီး

ရပ်တည်ချက်တွေ မတူတဲ့အပေါ်လည်း စိတ်ပျက်နေပီး အိမ်ပေါ်က နှင်ချခံရတော့မယ်နဲ့ တူပါတယ် ဆိုပြီး ဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။

Credit