(16.Jun.2022 မှ 22 .Jun. 2022)အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

16.Jun.2022 မှ 22 .Jun. 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။ အထူးသဖြင့် မိသားစုကိစ္စ ၊အလုပ်ကိစ္စတွေမှာ စိတ်ရှုပ် စရာတွေပေါ်လာတတ်တာတွေ့ရပါတယ်။ ငွေကြေးဥစ္စာများအမိအဘကျန်းမာရေးအတွက် သုံးစွဲရတတ်ပါ တယ်။

အလုပ်တူ၊ စိတ်ကူးတူတဲ့ သူတွေနဲ့ သဘောထားကွဲလွဲစရာကိစ္စတွေပေါ်လာတတ်ပါတယ်။ သတိထားရမှာက ဥပဒေနဲ့ မလွတ်ကင်းတဲ့သူ တွေ၊လောင်းကစားအလုပ်တွေလုပ်နေကြသူတွေသတိထားရမဲ့ကာလပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက် သတိထားရမှာက မိုးမိတာမျိုး၊ခြေထောက်အအေးပတ်တာမျိုးတွေကြောင့် ဗိုက်နာတာ၊ဖျားနာ တာတွေ ဖြစ်တတ်သလို၊ ကလေးငယ်များဖြစ်ပါ ကသွေးလွန်တုပ်ကွေးသတိထားရမဲ့ကာလပဲဖြစ်ပါတယ်။

ဒီအပတ်ထဲမှာ မိမိအနေနဲ့ အိမ်မကပ်ရတာမျိုးတွေကြုံရတတ်ပါ တယ်။ အလုပ်ကြောင့်ခရီးထွက်ရ တာမျိုးတွေလဲကြုံရတတ်ပါတယ်။ အလုပ်တွေများနေသလို အလုပ်နဲ့ပတ်သက်ပြီးအလုပ်မ ရှိသူတွေကတော့ အလုပ်ရှာရခက်ခဲနေတတ်ပါတယ်။

အချစ်ရေးကံကတော့ ဒီအပတ်ထဲ သိပ်ပြီးမနွေးထွေးသလိုဖြစ်နေလိမ့် မယ်။ မိမိလဲ ကိုယ့်ကိစ္စနဲ့ကိုယ် ချစ်ရသူကိုဂရုမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ တတ်နိုင်သမျှဒီတစ်ပတ်အတွင်း မလိုအပ်တဲ့ စကားတွေ၊အပြုအမူတွေကို တတ်နိုင်သလောက်ရှောင်ပါ။

လူကြီးသူမတွေနဲ့ တတ်နိုင်သမျှအတိုက်အခံမလုပ်တာအကောင်း ဆုံးပါပဲ။ ပညာရေးအဆင်ပြေပေမဲ့ သင်ဖော်သင်ဖက်တွေနဲ့အဆင်မပြေဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၆
အထူးဟော ကံညံ့နေမည်။
ယတြာ ငါးခြောက်ဟင်းနဲ့ဆွမ်းကပ်ပါ

#တနင်္လာ

တတ်နိုင်သမျှဒီကာလအတွင်း မိမိအနေနဲ့ ရေလမ်းခရီးတွေရှောင်စေချင်ပါတယ်။ မိမိနားလည်သောကိစ္စများကိုလဲ မလိုအပ်ရင်ထုတ်မပြောပါနဲ့။ တတ်သိနားလည်လို့ပြောပြပေမဲ့ ဆရာလုပ်တယ်လို့ ထင်သွားတတ်တဲ့အချိန်ပါပဲ။

အလုပ်ချိန်များ တာမျိုး၊အိုတီဆင်းရတာမျိုးတွေဒီကာလဖြစ်ရတတ်ပါတယ်။ ငွေကြေးအဝင်များရင်တော့ အထွက်များလိမ့်မယ်။ ဝင်သ လောက်ပြန် ထွက်သွားတာမျိုးအလွန်ဖြစ်ရတတ်ပါတယ်။

စိတ်ချမ်းသာစရာတွေရှိသလို စိတ်ပင်ပန်းပူပန်ရတာမျိုးတွေလဲကြုံရ တတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း သံယောဇဉ်အသစ်တစ်ခုတွေ့ရတတ်ပါတယ်။ အပျောက်အရှများတတ်တဲ့ကာလဖြစ်တာမို့ ဒီအပတ်အတွင်း အဖိုးတန်ပစ္စည်းတွေ သေချာထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။

ဘာအလုပ်စီးပွားပဲလုပ်လုပ်လောဘတတ် လို့မရတဲ့ကာလပဲဖြစ်ပါတယ်။ လောင်းကစားအလုပ်များကို လောဘတကြီးလုပ်မိသူတွေဒီအပတ်ထဲ အထိနာတာမျိုးဖြစ်ရ တတ်ပါတယ်။ငွေကံအားကောင်းနေတဲ့သူများလဲ လိုချင်တာတွေလျှောက်မဝယ်ပါနဲ့။

ဒီကာလဝယ်မိတာတွေက မိမိအတွက် အသုံးမတည့်တာတွေပဲဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအတွက် ပူစရာမရှိပေမဲ့ အပူစာတွေနဲ့ အငန်တွေကိုအလွန်အကျွံစား မိရာကနေကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

လူငယ်များသံယောဇဉ်အဟောင်းကိုမေ့ပြီး သံယောဇဉ်အသစ်ဆီ စိတ်ပိုရောက် တာမျိုးလဲဖြစ်တတ်ပါတယ်။ အိမ်တွင်းရေးကတော့ သာယာပျော်ရွှင်စရာတွေအများအပြားကြုံနေရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၇/၀
အထူးဟော ကျန်းမာရေးအနည်းငယ်သတိထားပါ။
ယတြာ ဘုရားရှင်ကိုရေသပ္ပာယ်ပါ။ ဘုရားစေတီရောက်ရင် ဘုရားရွှေချပါ။

#အင်္ဂါ

ဒီတစ်ပတ်အတွင်း အဆင်ပြေခြင်း၊ကံကောင်းခြင်းတွေကြုံရပါလိမ့်မယ်။ အရောင်းအဝယ်သမားများ၊ဈေးသည်များ အရင်အပတ်ကအရောင်းအဝယ်ပါးရာကနေ ဒီအပတ်ထဲ ပြန်ပြီးအရောင်းအဝယ်ကောင်းလာမယ်။ ဖောက်သည်သစ်တွေတိုး လာလိမ့်မယ်။

အောက်လက်ငယ်သားတွေ၊ဝန်ထမ်းတွေကလဲ အားကိုးရမဲ့ကာလပဲဖြစ်ပါလိမ့်မယ်။ သတိထားရမှာကဒီအပတ် ထဲငွေမချေးလိုက်ပါနဲ့။ငွေလာချေးသူရှိရင်တော့ တတ်နိုင်သ၍မပေးဘဲနေတာအကောင်းဆုံးပါ။

ဒီကာလငွေချေးမိရင်ဆုံးတတ် တာ၊ပြန်ရဖို့ခက်ခဲတာမျိုးတွေအလွန်ဖြစ်ရတတ်ပါတယ်။ သမထ၊ဝိပဿနာအားထုတ်နေသူများဒီကာလအတွင်း အသိထူးတွေ ရလာနိုင်ပါတယ်။ တရားရလွယ်တဲ့အပိုင်းအခြားကာလပဲဖြစ်ပါတယ်။

ငွေရှာရလွယ်သလို၊ဒီအပတ်ထဲ ဝယ်စရာရှိလို့ ငွေကုန် ရမယ်ဆိုလဲ ဝယ်လိုက်တဲ့ပစ္စည်းများက ကောင်းစွာအကျိုးပြုပါလိမ့်မယ်။ကျန်းမာရေးအတွက်လဲ စိတ်ချမ်းသာစရာများပါ တယ်။

အားနည်းချက်က အဝလွန်သူများ ချော်လဲတာမျိုးတွေဖြစ်တတ်တာမို့ သတိထားဖို့ လိုပါတယ်။ စိတ်ကူးထားတဲ့ကိစ္စ တွေလဲ လက်တွေ့အကောင်အထည်ဖော်သွားနိုင်ပါလိမ့်မယ်။ အလုပ်တွေများနေလို့ အလုပ်အကြွေးရှိနေသူများဒီအပတ် အတွင်း အားလုံးပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။

လူမှုရေးကိစ္စများ ဒီကာလမှာနည်းတဲ့အတွက်မိမိအလုပ်တွေကို ကောင်းစွာအာရုံစိုက်နိုင်ပါလိမ့်မယ်။ အချစ်ရေး၊အိမ်ထောင်ရေးကိစ္စတွေမှာ ပြဿနာ နည်းပါးပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၁/၀/၃
အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ နှင်းဆီပန်း ၇ပွင့်ဘုရားကပ်လှူပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်ထဲမှာတော့ မိမိလိုအင်ဆန္ဒတွေပြည့်ဝလာပါလိမ့်မယ်။ ကောင်းသောအကြံအစည်စိတ်ကူးတွေမိမိအတွေးထဲ ရောက်လာပါလိမ့်မယ်။ငွေကြေးမှန်းထားသည်ထက်ပိုဝင်ငွေကောင်းတဲ့ကာလပဲဖြစ်ပါတယ်။

ထီပေါက်တာ၊ကံစမ်းမဲပေါက် တာမျိုးတွေ၊ ဘောက်ဆူးရတာမျိုးတွေကြုံဆုံရလွယ်တဲ့ကာလပါပဲ။ ဒီအပတ်ထဲ စိတ်ချမ်းသာစရာအကောင်းဆုံးက ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေပါလိမ့်မယ်။

ရောဂါသည်၊ဝေဒနာသည်များလဲ ကောင်းစွာကျန်းမာခြင်း၊ ဝေဒနာ သက်သာ လာခြင်းအကျိုးတွေကိုခံစားရပါလိမ့်မယ်။ အလုပ်တွေများနေပေမဲ့ စိတ်ပျော်ရွှင်နေ ချိန်မို့ ဘာလုပ်လုပ်ပင်ပန်း တယ်မထင်တဲ့ကာလပါပဲ။

မခေါ်မပြောနိုင်ဖြစ်နေတဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပြန် အဆင်ပြေလွယ်တဲ့ကာလပါပဲ။ ငွေကြေးဥစ္စာဓနနဲ့ပတ်သက်ပြီးမိမိရှိတာတွေကို စတင်ရင်းနှီးမြုပ်နှံဖို့အတွက် အခွင့်အလမ်းကောင်းတွေပေါ်လာတတ်တာကို တွေ့ရပါတယ်။

ရပ်ဝေးကိစ္စများ၊နိုင်ငံရပ်ခြားနဲ့ပတ်သက်သောကိစ္စများ အဆင်ပြေတတ်ပါတယ်။ ရပ်ဝေးကိုချေးငှားထားတဲ့ ပိုက်ဆံတွေရှိရင်တော့ ဒီကာလအကြွေးပြန်ရလာနိုင်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူစုံတွဲတွေထက် FAများ စန်းပိုပွင့်တဲ့ ကာလပဲဖြစ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အနည်းငယ်သဘောထားမတိုက်ဆိုင်တာလေးတွေဖြစ်ရတတ်ပါတယ်။ ပညာရေးမှာ‌တော့ အွန်လိုင်းကပညာသင်ခြင်းမျိုးက ဒီကာလပိုမိုတက်ကျွမ်းလွယ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၂/၈
အထူးဟော စိတ်ချမ်းသာပျော်ရွှင်စရာကြုံမည်။ လက်ဆောင်ရမယ်။
ယတြာ အကြော် ၄မျိုးဘုရားကပ်ပါ။

#ကြာသပတေး

တစ်ခုသတိထားရမှာကတော့ ဒီအပတ်ထဲမှာ တတ်နိုင်သမျှကြီးကျယ်တဲ့ကိစ္စတွေ၊ အချီကြီးလုပ်ရမှာတွေ၊လက်ကား ကိစ္စတွေ၊ကုန်ထုတ်လုပ်မှုနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ထင်သလိုမဖြစ်တဲ့ကာလပါပဲ။ သေးသေးနုပ်နုပ်ကိစ္စတွေဖြစ်ပါစေ အမြတ်နည်း ရင်နည်းပါစေ ထိုအလုပ်တွေကသာဒီအပတ်အတွင်းအဆင်ပြေပါလိမ့်မယ်။

ငွေကြေးအခက်အခဲ ကြီးကြီးမားမားကိစ္စတစ်ခု ကြုံရနိုင်တဲ့ကာလပါပဲ။ ဆရာတင်မှားတတ်တဲ့ကာလဖြစ်တာမို့ ဘိုးတော်လိုလို ၊ ဆရာလိုလိုလူတွေကိုဒီကာလအတွင်းဆရာ မတင်မိဖို့လိုပါတယ်။

ပညာရေးနဲ့အသက်မွေးကြသူများ၊ကျောင်း၊သင်တန်းဖွင့်ထားသူများ အနည်းငယ်ပြဿနာများနိုင်တာကို လဲဒီအပတ်ထဲတွေ့ရပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ ရွေးရခက်ခဲနေတတ် တဲ့ကာလဖြစ်ပါတယ်။

မိသားစုစီးပွားရေးများ အိမ်တွင်းစီးပွားရေးများ၊စက်ပစ္စည်းနှင့်နွယ်သောအလုပ်များကတော့ဒီအပတ် အတွင်းတိုးတတ်အဆင်‌‌ ‌ပြေနိုင်တာကို‌‌‌ မြင်ရပါတယ်။ကျန်းမာရေးအနေနဲ့ အဆိုးကြီး မဟုတ်ပေမဲ့ မျက်နှာမှာ အဖုအကြိတ် ဝက်ခြံထွက်တာမျိုး‌‌ ဖြစ်တတ်ပါတယ်။

‌‌ေသွးအားနည်းခြင်း ၊ ‌‌ေမာပန်းလွယ်ခြင်း၊ဓမ္မတာမမှန်ခြင်းများဒီကာလမှာအလွန်မှ ဖြစ်တတ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ အဆင်ပြေခြင်း၊တိုးတတ်ခြင်း၊အောင်မြင်ခြင်းစသော သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အထူးအဆင်ပြေပေမဲ့ အိမ်ထောင်ဘက်ကျန်းမာရေးကတော့ ပူပန်‌ရနိုင်ပါ တယ်။

အကျိုးပေးဂဏန်း ၂/၃/၉
အထူးဟော စိတ်ပင်ပန်းစရာလေးတွေရောပါနေမည်။
ယတြာ ကန်စွန်းရွက်ကြော်ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့ပါ။

#သောကြာ

ဒီအပတ်ထဲမှာတော့ ခက်ခဲကြပ်တည်းနေတဲ့ကိစ္စတွေ၊လိပ်ခဲသည်းလဲ ဖြစ်နေတဲ့ ပြဿနာတွေကို ကောင်း စွာဖြေရှင်း သွားနိုင်ပါလိမ့်မယ်။ စိတ်ညစ်စရာကိစ္စတွေကနေ စတင်လွတ်မြောက်မဲ့ကာလပါပဲ။ လမ်းခရီးသွားရင် မှန်းထားရက်ထက်ပိုမို နောက်ကျပြီးမှရောက်တတ်ပါတယ်။

ဒီအပတ်ထဲမှာ မိမိသည်သာ ကိုးကွယ်ရာပါ။ဘယ်သူ စကား ကိုမှနားမယောင်မိဖို့လိုပါ တယ်။ မိမိကိုအဘက်ဘက်ကအကူအညီပေးမဲ့ မိတ်ဆွေသစ်တွေနဲ့ စတင်ရင်းနှီး ခွင့်ရမဲ့ကာလဆိုလဲ မမှားပါဘူး။

ကျန်းမာရေး အနေနဲ့ ကိုယ်အတွင်းပိုင်းမှာခံစားနေရတဲ့ဝေဒနာရှိရင် စတင်သက် သာလာ ပါလိမ့်မယ်။ ဒီအပတ်ထဲ လူအများရဲ့အား‌ပေး ထောက်ခံမှုတွေကြောင့် အစစအရာရာအဆင်‌ပြေ ပါလိမ့်မယ်။

ဒီအပတ်အတွင်းမိမိကိုအားကိုးကြသူတွေထောက်ခံကြသူတွေများပြားလာတတ်ပါတယ်။အကြံအစည် စိတ်ကူးတွေပေါ်လာခဲ့ရင် မိမိအတွေးတွေကသာအမှန်ဆုံးဖြစ်ပါလိမ့်မယ်။ ဒီတစ်ပတ်အတွင်း ကောင်းသောစက် ပစ္စည်းတွေလက်ဆောင်ရတတ်ပါတယ်။

လူငယ်လူရွယ်များစန်းပွင့်နေလိမ့်မယ်။ မိန်းကလေးများတစ်ယောက်မက သောချစ်ရေးဆိုခြင်းများခံရတတ်ပါတယ်၊ အိမ်ထောင်သည်များ သားသမီးနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုတွေရလာနိုင်ပါ တယ်။ ပညာရေးမှာတော့ ကိုယ်တိုင် selfstudyလုပ်တာ အကောင်းဆုံးပါ။

အကျိုးပေးဂဏန်း ၃၊၄၊၈
အထူးဟော ဒုက္ခတွေကနေ စတင်လွတ်မြောက်မယ်။
ယတြာ ဂုဏ်တော်တွေ ဂါထာတွေများများရွတ်ပွားပါ။

#စနေ

ဒီအပတ်ထဲ မိမိလိုချင်နေတဲ့ အလုပ်စီးပွားတွေ၊အခွင့်အလမ်းတွေရလာတတ်ပါတယ်။ အတိတ်ကကြန့်ကြာ နေတဲ့ ငွေကြေးတွေ၊ ရပိုင်ခွင့်တွေရလာဖို့ရှိပါတယ်။ လှောင်ကုန်တွေရှိရင်ဈေးကောင်းလာတတ်ပါတယ်။

မိမိဆီမှာ ရှိသော အောက်ခြေဝန်ထမ်းတွေရဲ့ အကူအညီတွေ အကြံဥာဏ်တွေက ဒီကာလအတွင်း မိမိအတွက်ကောင်းသော အကျိုးရှိသောအကြံတွေဖြစ်လိမ့်မယ်။ သားသမီးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရမယ်။

စုတ်ကောင်းနေတဲ့ကာလဖြစ် တာမို့အိမ်ထောင်သည်များ အနေအထိုင်ဆင်ခြင်ပါ။ မိမိကိုထောင်ဖမ်းချင်တာမျိုးကြုံရတတ်ပါတယ်။ အပျိုနုနုထွတ် ထွတ်များ၊ အိမ်ထောင်သည်တွေ၊တစ်ခုလပ်တွေရဲ့ ငွေနဲ့ဆွယ်တာမျိုးခံရတတ်ပါတယ်။

မိမိရဲ့ဝန်ထမ်းတွေထဲကထူး ချွန်သူတွေကို နေရာပေးရာထူးပေးချင်တာမျိုးတွေဒီကာလမှာ ဆောင်ရွက်လို့ကောင်းပါတယ်။လုပ်ငန်းစီးပွားတွေချဲ့ ထွင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ တရားရှာနေသူများတရားရဖို့ အခွင့်အလမ်းသာတဲ့ကာလပါပဲ။

တစ်ပတ်ရစ်ပစ္စည်း တွေကို ဝယ်ပြီး ပြန်ပြင်၊ပြန်ရောင်းသူများ၊ second handရောင်းသူများဒီကာလအတွင်းအထူးအဆင်ပြေပါလိမ့် မယ်။ မိသားစုအတွင်းရေးကိစ္စတွေမှာတော့ မိမိကဦးဆောင်ပြီးအရာရာဆောင်ရွက်ပေးနေရတတ်ပါတယ်။

မပြေ လည်တဲ့သူတွေ၊တစ်ယောက်နဲ့တစ်ယောက် မုန်းနေကြတွေကို မိမိကြားက စေ့စပ်ပေးနိုင်ရင်ပိုမိုအဆင်ပြေပါလိမ့် မယ်။ ပညာရေးအတွက် ထင်ထားသည်ထက်ပိုမိုတိုးတတ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၄၊၅၊၇
အထူးဟော လုပ်ငန်းစီးပွားတိုးတတ်မယ်။
ယတြာ ထန်းလျက်ခဲ ဘုရားမကြာခဏကပ်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ခရက်ဒစ်- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)