၂၀၂၂ တကၠသိုလ္ဝင္စာေမးပြဲ ရန္ကုန္က ေအာင္ခ်က္ ၄၆ ရာခိုင္ႏႈန္းပဲရွိေပမယ့္ သိပၸံဘာသာတြဲ အမွတ္အမ်ားဆုံး ၁၂ ဦးစာရင္းတြင္ ၅ ဦးပါဝင္
ဇြန္လ ၁၇
၂၀၂၂ တကၠသိုလ္ဝင္စာေမးပြဲ ရန္ကုန္က ေအာင္ခ်က္ ၄၆ ရာခိုင္ႏႈန္းပဲရွိေပမယ့္ သိပၸံဘာသာတြဲ အမွတ္အမ်ားဆုံး ၁၂ ဦးစာရင္းတြင္ ၅ ဦးပါဝင္ေၾကာင္း စာစစ္ဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
၂၀၂၂ တကၠသိုလ္ဝင္စာေမးပြဲတြင္ အထက၊ ေလ့က်င့္ေရး (ကမာ႐ြတ္) က ေမာင္ဘုန္းျမတ္သူ၊ ေနာင္႐ိုးကိုယ္ပိုင္အထက္တန္းေက်ာင္း(ေတာင္ဥကၠလာပ) က ေမာင္တင္ေအာင္လင္း
အထက(၁) ဒဂုံက မႏွင္းသဇင္ထက္၊ အထက(၂) သန္လ်င္က မထက္ရတီဝင္းႏွင့္ ေကာင္းထက္ေက်ာ္ကိုယ္ပိုင္အထက္တန္းေက်ာင္း(ဗဟန္း)က မသြန္းနဒီစိုး တိုက ရရွိခဲ့တာပါ
ၿပီးခဲ့တဲ့ မတ္လ က က်င္းပခဲ့တဲ့ ၂၀၂၂ တကၠသိုလ္ဝင္စာေမးပြဲကို ရန္ကုန္က ေက်ာင္းသူေက်ာင္းသား ၃၃၄၄၇ ဦးဝင္ေရာက္ေျဖဆိုခဲ့ၿပီး ေအာင္ျမင္သူ ၁၅၄၀၉ ဦးေအာင္ျမင္ၿပီး ေအာင္ခ်က္ ၄၆ ရာခိုင္ႏႈန္းရွိတယ္လို႔ ဆိုပါတယ္ Crd- Myanma Platform
၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ရန်ကုန်က အောင်ချက် ၄၆ ရာခိုင်နှုန်းပဲရှိပေမယ့် သိပ္ပံဘာသာတွဲ အမှတ်အများဆုံး ၁၂ ဦးစာရင်းတွင် ၅ ဦးပါဝင်
ဇွန်လ ၁၇
၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ရန်ကုန်က အောင်ချက် ၄၆ ရာခိုင်နှုန်းပဲရှိပေမယ့် သိပ္ပံဘာသာတွဲ အမှတ်အများဆုံး ၁၂ ဦးစာရင်းတွင် ၅ ဦးပါဝင်ကြောင်း စာစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက၊ လေ့ကျင့်ရေး (ကမာရွတ်) က မောင်ဘုန်းမြတ်သူ၊ နောင်ရိုးကိုယ်ပိုင်အထက်တန်းကျောင်း(တောင်ဥက္ကလာပ) က မောင်တင်အောင်လင်း
အထက(၁) ဒဂုံက မနှင်းသဇင်ထက်၊ အထက(၂) သန်လျင်က မထက်ရတီဝင်းနှင့် ကောင်းထက်ကျော်ကိုယ်ပိုင်အထက်တန်းကျောင်း(ဗဟန်း)က မသွန်းနဒီစိုး တိုက ရရှိခဲ့တာပါ
ပြီးခဲ့တဲ့ မတ်လ က ကျင်းပခဲ့တဲ့ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်က ကျောင်းသူကျောင်းသား ၃၃၄၄၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၅၄၀၉ ဦးအောင်မြင်ပြီး အောင်ချက် ၄၆ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ် Crd- Myanma Platform