ခေါင်းလျှော်ပြီးခါစမှာ အိပ်ယာပေါ်လှဲအိပ်တတ်တဲ့ ပျိုမေလေးတွေသတိထားသင့်တဲ့ အန္တရာယ်

ညအိပ္ခါနီးေခါင္းေလၽွာ္ၿပီး ဆံပင္ေရမေျခာက္ဘဲ ေရစိုႀကီးနဲ႔အိပ္ရာဝင္တာက က်န္းမာေရးနဲ႔အလွအပအတြက္ လုံးဝမေကာင္းပါဘူး

အထူးသျဖင့္ အမ်ိဳးသမီးေတြအတြက္ပါ ဆံပင္ေရစိုႀကီးနဲ႔ ဘာလို႔အိပ္ရာမဝင္သင့္လဲဆိုေတာ့ ဒီလို ဆိုးက်ိဳးေတြေၾကာင့္ျဖစ္ပါတယ္

၁ ဦးေရျပားကိုထိခိုက္ေစျခင္း

ဆံပင္ေရစိုႀကီးနဲ႔အိပ္ရာဝင္လိုက္တဲ့အခါ ဦးေခါင္းရဲ့အပူခ်ိန္နဲ႔ေပါင္းစပ္ၿပီး ဘက္တီးရီးယားေတြေပါက္ဖြားနိုင္ၿပီး ဦးေရျပားယားယံျခင္း

အနံ့အသက္ဆိုးေတြထြက္ျခင္းကိုျဖစ္ေစတဲ့အျပင္ ၾကာလာတဲ့အခါ ဦးေရျပားမွာ အနာေတြျဖစ္လာနိုင္ပါတယ္

၂ ဆံပင္ေတြကိုေျခာက္ေသြ႕က်ိဳးေၾကေစျခင္း

ဆံပင္သားေတြက ေရစိုေနခ်ိန္မွာ ပိုၿပီး ပ်က္စီးလြယ္ပါတယ္

ဆံပင္မေျခာက္ဘဲ အိပ္ရာဝင္လိုက္တဲ့အခါ ဆံသားေတြကို ဖိေခ်လိုက္သလိုျဖစ္ေစတာေၾကာင့္ ဆံပင္ေတြကို ေျခာက္ေသြ႕က်ိဳးေၾကေစၿပီး ဆံပင္ေတြဖြာေစပါတယ္

၃ ေခါင္းကိုက္ေစျခင္း

ေခါင္းေရမေျခာက္ခင္ အိပ္လိုက္တဲ့အခါ ေရရဲ့အေအးဓာတ္နဲ႔ ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ ဦးေခါင္းပိုင္းကေသြးေၾကာေတြကို က်ဳံ႕ေစၿပီး ေခါင္းကိုက္ေစပါတယ္

ဒီလိုမၾကာခဏျဖစ္တဲ့အခါ ေလျဖတ္တဲ့အထိျဖစ္ေစနိုင္ပါတယ္

၄ ဆံပင္အဖ်ားႏွစ္ခြကြဲျခင္း

ဆံပင္မေျခာက္ဘဲအိပ္လိုက္တဲ့အခါ ဆံပင္ေတြကိုဖိေခ်လိုက္သလိုျဖစ္ေစၿပီး ဆံပင္အဖ်ားေတြကို ေျခာက္ေသြ႕ကြဲအက္ေစကာ အဖ်ားႏွစ္ခြေတြျဖစ္ေစပါတယ္

၅ မ်က္ႏွာနဲ႔လည္ပင္းအသားအေရကိုထိခိုက္ေစျခင္း

ဆံပင္ရဲ့အစိုဓာတ္က ေခါင္းအုံးကိုပါစိုထိုင္းေစၿပီး ဘက္တီးရီးယားနဲ႔မွိုေပါက္ဖြားမႈကိုျဖစ္ေစကာ မ်က္ႏွာနဲ႔လည္ပင္းအသားအေရကို ထိခိုက္ပ်က္စီးေစနိုင္ပါတယ္

ဒါေၾကာင့္ ဘယ္ေလာက္ပဲအခ်ိန္မရျဖစ္ေနပါေစ၊ ေခါင္းေလၽွာ္ၿပီး ဆံပင္ေရစိုနဲ႔ေတာ့ အိပ္ရာမဝင္လိုက္ပါနဲ႔လို႔ သတိေပးခ်င္ပါတယ္

ညအိပ်ခါနီးခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်ဘဲ ရေစိုကြီးနဲ့အိပ်ရာဝင်တာက ကျန်းမာရေးနဲ့အလှအပအတွက် လုံးဝမကောင်းပါဘူး

အထူးသဖြင့် အမျိုးသမီးတွေအတွက်ပါ ဆံပင်ရေစိုကြီးနဲ့ ဘာလို့အိပ်ရာမဝင်သင့်လဲဆိုတော့ ဒီလို ဆိုးကျိုးတွေကြောင့်ဖြစ်ပါတယ်

၁ ဦးရေပြားကိုထိခိုက်စေခြင်း

ဆံပင်ရေစိုကြီးနဲ့အိပ်ရာဝင်လိုက်တဲ့အခါ ဦးခေါင်းရဲ့အပူချိန်နဲ့ပေါင်းစပ်ပြီး ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ပြီး ဦးရေပြားယားယံခြင်း

အနံ့အသက်ဆိုးတွေထွက်ခြင်းကိုဖြစ်စေတဲ့အပြင် ကြာလာတဲ့အခါ ဦးရေပြားမှာ အနာတွေဖြစ်လာနိုင်ပါတယ်

၂ ဆံပင်တွေကိုခြောက်သွေ့ကျိုးကြေစေခြင်း

ဆံပင်သားတွေက ရေစိုနေချိန်မှာ ပိုပြီး ပျက်စီးလွယ်ပါတယ်

ဆံပင်မခြောက်ဘဲ အိပ်ရာဝင်လိုက်တဲ့အခါ ဆံသားတွေကို ဖိချေလိုက်သလိုဖြစ်စေတာကြောင့် ဆံပင်တွေကို ခြောက်သွေ့ကျိုးကြေစေပြီး ဆံပင်တွေဖွာစေပါတယ်

၃ ခေါင်းကိုက်စေခြင်း

ခေါင်းရေမခြောက်ခင် အိပ်လိုက်တဲ့အခါ ရေရဲ့အအေးဓာတ်နဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် ဦးခေါင်းပိုင်းကသွေးကြောတွေကို ကျုံ့စေပြီး ခေါင်းကိုက်စေပါတယ်

ဒီလိုမကြာခဏဖြစ်တဲ့အခါ လေဖြတ်တဲ့အထိဖြစ်စေနိုင်ပါတယ်

၄ ဆံပင်အဖျားနှစ်ခွကွဲခြင်း

ဆံပင်မခြောက်ဘဲအိပ်လိုက်တဲ့အခါ ဆံပင်တွေကိုဖိချေလိုက်သလိုဖြစ်စေပြီး ဆံပင်အဖျားတွေကို ခြောက်သွေ့ကွဲအက်စေကာ အဖျားနှစ်ခွတွေဖြစ်စေပါတယ်

၅ မျက်နှာနဲ့လည်ပင်းအသားအရေကိုထိခိုက်စေခြင်း

ဆံပင်ရဲ့အစိုဓာတ်က ခေါင်းအုံးကိုပါစိုထိုင်းစေပြီး ဘက်တီးရီးယားနဲ့မှိုပေါက်ဖွားမှုကိုဖြစ်စေကာ မျက်နှာနဲ့လည်ပင်းအသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်

ဒါကြောင့် ဘယ်လောက်ပဲအချိန်မရဖြစ်နေပါစေ၊ ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့တော့ အိပ်ရာမဝင်လိုက်ပါနဲ့လို့ သတိပေးချင်ပါတယ်

Be the first to comment on "ခေါင်းလျှော်ပြီးခါစမှာ အိပ်ယာပေါ်လှဲအိပ်တတ်တဲ့ ပျိုမေလေးတွေသတိထားသင့်တဲ့ အန္တရာယ်"

Leave a comment

Your email address will not be published.


*