ၾကားသိရသမွ်

ဒုံးပျံ LDF တပ်ဖွဲ့က အတွဲလိုက် တာဝေးပစ် ရှော့ဒုံး တီထွင်အောင်မြင်၊

MFP ၊ သြဂုတ် – ၁၁

အကွာအဝေး မိုင်တစ်ဝက်ကျော်အထိ ပစ်ခတ်နိုင်သလို အတွဲလိုက်ရော၊ တစ်ချက်ချင်းပါ ပစ်ခတ်နိုင်တဲ့ အတွဲလိုက် တာဝေးပစ် ရှော့ဒုံးအမြှောက် ထုတ်လုပ်အောင်မြင်ပြီလို့ ဘုတလင်နယ် ဒုံးပျံ local PDF က သတင်း ထုတ်ပြန်ပါတယ်။

ပါဂျဲရိုးကားပေါ်တသ်ပြီး ပစ်ခတ်နိုင်တဲ့ အတွဲလိုက် တာဝေးပစ် ရှော့တိုက်အမြှောက်ကို သြဂုတ်(၉)ရက်မှာ အဆင့်မြင့်တင် ထုတ်လုပ် အောင်မြင်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဒုံးပျံ local PDF မှ Update ပြုလုပ်ထားတဲ့ အတွဲလိုက် တာဝေးပစ် ရှော့တိုက်အမြောက်ကို မြန်ဆန် တိကျ ထိရောက် ကောင်းမွန်သော လက်နက်ကြီးကို သြဂုတ်(၉)ရက်မှာ ပြီးစီးအောင်မြင်ခဲ့ပါသည်။

တစ်ချက်ခြင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ လိုသလောက် ပစ်ခတ်နိုင်ရန်အတွက် A.B.C.D.E.F ဆိုပြီး ခလုပ် ခြောက်ခု တပ်ဆင်ထားရှိတဲ့အတွက် လိုအပ်သလို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဝေးပြေး အနေနဲ့ကတော့ မီတာ (၁၂၀၀) (မိုင်တစ်ဝက်ကျော်) အထိ ရောက်ရှိပါတယ်။

ပြည်သူများရဲ့ ဝိုင်းဝင်းကူညီမူ့ကြောင့် ကျွန်တော်တို့ အခုလို တက်တက်ကြွကြွနဲ့ လှုပ်လျားနိုင်တာပါ။ ဒါကြောင့် တတ်နိုင်သလောက် ပြည်သူများအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို ဝန်းရံကူညီပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ” လို့ ဒုံးပျံ local PDF က ဖော်ပြပါတယ်။

ဒုံးပျံ Local PDF ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အတွဲလိုက် တာဝေးပစ်ရှော့တိုက် အမြောက် (Rocket) ကို တီထွင်အောင်မြင်ခဲ့ပြီး ထွေလာဂျီပေါ်တင်ကာ ပစ်ခတ် စမ်းသပ်ခဲ့သလို အဲ့ဒီ ရှော့ဒုံးနဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အဲ့ဒီ အတွဲလိုက် တာဝေးပစ် ရှော့ဒုံး (Rocket) ကို အဆင့်မြင့် ထပ်မံ တီထွင်ထားတာ ဖြစ်ပါတယ်။

ဒုံးပ်ံ LDF တပ္ဖြဲ႕က အတြဲလိုက္ တာေဝးပစ္ ေရွာ့ဒုံး တီထြင္ေအာင္ျမင္၊

အကြာအေဝး မီတာ(၁၂၀၀) မိုင္ဝက္ေက်ာ္အထိ ေရာက္ၿပီး အတြဲလိုက္ေရာ၊ တစ္ခ်က္ခ်င္းပါ ပစ္ခတ္နိုင္ဟုဆို၊

MFP ၊ ၾသဂုတ္ – ၁၁

အကြာအေဝး မိုင္တစ္ဝက္ေက်ာ္အထိ ပစ္ခတ္နိုင္သလို အတြဲလိုက္ေရာ၊ တစ္ခ်က္ခ်င္းပါ ပစ္ခတ္နိုင္တဲ့ အတြဲလိုက္ တာေဝးပစ္ ေရွာ့ဒုံးအေျမႇာက္ ထုတ္လုပ္ေအာင္ျမင္ၿပီလို႔ ဘုတလင္နယ္ ဒုံးပ်ံ local PDF က သတင္း ထုတ္ျပန္ပါတယ္။

ပါဂ်ဲရိုးကားေပၚတသ္ၿပီး ပစ္ခတ္နိုင္တဲ့ အတြဲလိုက္ တာေဝးပစ္ ေရွာ့တိုက္အေျမႇာက္ကို ၾသဂုတ္(၉)ရက္မွာ အဆင့္ျမင့္တင္ ထုတ္လုပ္ ေအာင္ျမင္ခဲ့တာလို႔ ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ ဒုံးပ်ံ local PDF မွ Update ျပဳလုပ္ထားတဲ့ အတြဲလိုက္ တာေဝးပစ္ ေရွာ့တိုက္အေျမာက္ကို ျမန္ဆန္ တိက် ထိေရာက္ ေကာင္းမြန္ေသာ လက္နက္ႀကီးကို ၾသဂုတ္(၉)ရက္မွာ ၿပီးစီးေအာင္ျမင္ခဲ့ပါသည္။

တစ္ခ်က္ျခင္းျဖစ္ေစ၊ အတြဲလိုက္ျဖစ္ေစ လိုသေလာက္ ပစ္ခတ္နိုင္ရန္အတြက္ A.B.C.D.E.F ဆိုၿပီး ခလုပ္ ေျခာက္ခု တပ္ဆင္ထားရွိတဲ့အတြက္ လိုအပ္သလို အသုံးျပဳနိုင္ၿပီ ျဖစ္ပါတယ္။ အေဝးေျပး အေနနဲ႔ကေတာ့ မီတာ (၁၂၀၀) (မိုင္တစ္ဝက္ေက်ာ္) အထိ ေရာက္ရွိပါတယ္။

ျပည္သူမ်ားရဲ့ ဝိုင္းဝင္းကူညီမူ႔ေၾကာင့္ ကၽြန္ေတာ္တို႔ အခုလို တက္တက္ႂကြႂကြနဲ႔ လႈပ္လ်ားနိုင္တာပါ။ ဒါေၾကာင့္ တတ္နိုင္သေလာက္ ျပည္သူမ်ားအေနနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားကို ဝန္းရံကူညီေပးၾကပါဦးလို႔ တိုက္တြန္းလိုက္ပါတယ္ခင္ဗ်ာ” လို႔ ဒုံးပ်ံ local PDF က ေဖာ္ျပပါတယ္။

ဒုံးပ်ံ Local PDF ဟာ ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းက အတြဲလိုက္ တာေဝးပစ္ေရွာ့တိုက္ အေျမာက္ (Rocket) ကို တီထြင္ေအာင္ျမင္ခဲ့ၿပီး ေထြလာဂ်ီေပၚတင္ကာ ပစ္ခတ္ စမ္းသပ္ခဲ့သလို အဲ့ဒီ ေရွာ့ဒုံးနဲ႔ စစ္အုပ္စုကို တိုက္ခိုက္ခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ အဲ့ဒီ အတြဲလိုက္ တာေဝးပစ္ ေရွာ့ဒုံး (Rocket) ကို အဆင့္ျမင့္ ထပ္မံ တီထြင္ထားတာ ျဖစ္ပါတယ္။