ရန်ကုန်၊ ဩဂုတ် ၁၆
အကြမ်းဖက်စစ်တပ်၏ စစ်တပ်ပိုင် Y8 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းအမှတ် ၂၁ ပေါ်တွင် ခွေးတိုက်မိ၍ လမ်းချော်သွားသဖြင့် လေဆိပ် ခေတ္တယာယီပိတ်လိုက်ရကြောင်း၊ လက်ရှိတွင် လေယာဉ်ကို ဆွဲဖယ်ပြီး လေဆိပ် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း လေဆိပ်သတင်းရင်းမြစ်က အတည်ပြုသည်။
“Y8လေယာဉ်က Runway 21 ပေါ် ဆင်းတာမှာ အဆင်းမှာ ခွေးဖြတ်ပြေးလို့ တိုက်မိပြီး ဘေးချော်ကျသွားတယ်။ ပြေးလမ်းချော်သွားတာ။အခုတော့ လေ ယာဉ် ကို ဆွဲဖယ်လိုက်ပြီ။ အတက်အဆင်း လုပ်လို့ရပြီ” ဟု လေဆိပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်လေဆိပ် ပြေးလမ်းတွင် ရပ်နားထားသော စစ်တပ်ပိုင် Y8 လေယာဉ်။
စစ်တပ်ပိုင် Y8 လေယာဉ် ဆင်းသက်စဉ် ပြေးလမ်း ၂၁ ပေါ် ခွေးတိုက်မိပြီး ပြေးလမ်းချော်သွား၊ လေယာဉ်ဆွဲဖယ်ပြီး ရန်ကုန်လေဆိပ်ပြန်ဖွင့်ပြီဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၆