ၾကားသိရသမွ်

ကိုယ္ျပဳသည့္ကံ ဘယ္သူ ခံရမလဲ ? (အရမ္းေကာင္းလုိ႔ဖတ္ၾကည့္ပါ…)

ကိုယ်ပြုသည့်ကံ ဘယ်သူ ခံရမလဲ ?

တစ်ခါကရွာတစ်ရွာမှာ အလွန်သဘောကောင်းတဲ့ တောင်သူကြီး တစ်ယောက် ရှိပါတယ် ။သူဟာလူတစ်ဖက်သားကိုလည်း အလွန် သနားတတ် ပါသတဲ့ ။တစ်နေ့တော့ နေစရာထိုင်စရာမရှိလို့.. ယောင်ချာချာဖြစ်နေတဲ့ လင်မယား နှစ်ယောက်ကို ခေါ်လာပြီး သူ့ ယာတဲလေးမှာ နေထိုင်ခွင့် ပေး ထားပါသတဲ့ ။

ဆန်နဲ့ဆီ၊ ဟင်းချက်စရာ တို့တို့ တိတိတွေကိုလည်း တစ်လစာ လောက် ပေးလိုက် ပါသေးတယ် ။ နေစရာတဲလေးကလည်း အဆင်သင့်ပါပဲ ။တစ်ဧကကျော်လောက်ရှိတဲ့ ယာကွက်ထဲမှာ သီးနှံလေးတွေကိုလည်း စိုက်ခွင့် ပေးပါတယ် ။

ဒါပေမဲ့.. သူ့ရဲ့အိုစာမင်းစာအတွက် ဆိုပြီး စိန်တလုံးသရက်ပင် ၊ သံပုရာပင် နဲ့ ပိန္နဲပင်လို နှစ်ရှည်ပင် အချို့ကို စိုက်ခိုင်း ပါသတဲ့ ။
ဘူး ၊ ဖရုံ ၊ ငရုတ် ၊ သခွားပင်တွေ ကိုတော့ သူတို့ ဘာသာ စိုက်ပြီး ရောင်းချ စားစေပါတယ် ။

ဒီလိုနဲ့.. လင်မယား နှစ်ယောက်ဟာ ပြင်ပက အလုပ်လေး တွေ လုပ်ရင်း ယာက ထွက် တဲ့ သီးနှံလေး တွေ ရောင်း ရင်း စီးပွားရေး လေး အဆင်ပြေလာပါတယ် ။လင်မယားလေးနှစ်ယောက်ဟာ…သူတို့ရဲ့ကျေးဇူးရှင် တောင်သူကြီးကို ဝါဝင်ဝါထွက်တိုင်း ကန်တော့တဲ့အပြင်.. ဟင်းလေးတွေကောင်း ရင်လည်း ဦးဦးဖျားဖျားပို့ပါတယ် ။

စိန်တစ်လုံးသရက်တွေလည်း သီးလို့ သံပုရာသီးတွေလည်းဝေလို့ နေချင်စဖွယ် ယာတဲလေး ဖြစ်လာပါတယ် ။တောင်သူကြီး နဲ့ သူတို့ လင်မယားဟာလည်း သားအဖတွေ သဖွယ် ချစ်ခင် လာကြပါသတဲ့ ။တစ်နေ့တော့ တောင်သူကြီးဟာ သူတို့ လင်မယားနှစ်ယောက်ကို ခေါ်ပြီး “မင်းတို့လင်မယားနှစ်ယောက်လည်း ငါ့ယာတဲလေးမှာ နေတာ.၅.နှစ်ရှိပြီ ။

မင်းတို့စီးပွားရေးလေးလည်း အဆင်ပြေပြီမို့.. ငါလည်း အသက်ကကြီး.. ငွေလည်းလိုနေလို့ ငါ့ယာတောလေးကိုရောင်းတော့မယ် မင်းတို့ နေစရာရှာပါတော့..တစ်လအချိန်ပေးမယ်” လို့ ပြောပါသတဲ့ ။လင်မယားနှစ်ယောက်ယာတဲကို ပြန်ရောက်တော့ မိန်းမဖြစ်သူက ပြောပါသတဲ့ ။“တောင်သူကြီးမတရားဘူး ၊ စိန်တလုံးတွေ သံပုရာတွေ သီးလာမှ ကျွန်မတို့ကို နှင်ထုတ်တယ် ။ တော် ဒီအတိုင်းပဲ ငြိမ်ခံနေမှာလား” လို့ ပြောပါသတဲ့ ။

ယောင်္ကျားလုပ်သူက “ဒီအတိုင်းတော့ ငြိမ်ခံမနေနိုင်ဘူးဟေ့..ဒို့စိုက်ထားတဲ့ အပင်တွေ ဒို့ပြန်ဖျက်ဆီးရမယ်” ဆိုပြီး သရက်ပင်တွေ ၊
သံပုရာပင်တွေကို အရင်းကနေ ခုတ်လှဲပစ်ပါသတဲ့ ။မိန်းမလုပ်သူကလည်း ဘူး၊ ဖရုံ၊ ငရုတ်၊ သခွားပင်တွေကို အကုန် ဖျက်ဆီးပစ်ပါသတဲ့
နေချင့်စဖွယ်ယာတဲလေးဟာ သုဿန်တစ ပြင်လို ခြောက်သွေ့သွားပါ တော့တယ် ။

သစ်ပင်တွေ အလဲလဲအပြိုပြို သီးပင်စားပင်တွေ ပျက်ဆီးသွားတာကို ကြည့်ရင်း လင်မယားနှစ်ယောက် အလွန်ကျေနပ်နေကြပါသတဲ့။
“ခင်ဗျား..ဘာတတ်နိုင်သေးလဲ” လို့တောင် ကြိမ်းဝါးလိုက်ကြပါသေးတယ် ။အဲဒီညမှာတော့ အောင်သေအောင်သားအနေနဲ့ မွေးထားတဲ့
ကြက်ကလေးကိုတောင် ရိုက်ချက် စားလိုက်ပါသေးတယ် ။

မိန်းမလုပ်သူက “တောင်သူကြီးက.. သူ့အပင်တွေ ပျက်ဆီးကုန်တာတွေ့လို့ ပြောရင်..ဘယ်လို လုပ်မလဲလို့”..မေးတော့

“မေးရဲရင် မေးကြည့်လေ..သူ့အပင်တွေလို အပိုင်းပိုင်းဖြတ်ပစ်မယ်လို့” ဒေါသတကြီးအော် ဟစ်လိုက်တယ်။
ဒေါသဦးဆောင်နေတဲ့သူနဲ့ မိတ်ဆွေပြုရတာ အလွန်ကြောက်စရာ ကောင်းပါတယ်။အဲဒီနေ့က တောင်သူကြီး ရောက်မလာလို့ တော်ပါသေးတယ်။ရောက်လာလို့ မေးမိပြောမိရင် မလွယ်လောက်ပါဘူး။

လင်မယားနှစ်ယောက်ဟာ လောဘနဲ့ဒေါသဦးဆောင်နေတာကြောင့် မောဟဖုံးပြီး..ကျေးဇူးတရားကို လုံးလုံးသတိ မရကြတော့ပါဘူး၊
ကျေးဇူးရှိမှကျေးစွပ်တယ်ဆိုတာ သိပ်မှန်တာပါပဲ။

လူတော်တော်မျာများဟာ သူတို့အတွက် အကျိုးပြုနေရင် သူတို့အတွက် အသုံးချစရာရှိနေသေးရင် အဲဒီလူအပေါ် ကျေးဇူးတွေ သိတတ်သလောက် သူတို့ကို အကျိုးမပြုနိုင်တော့ရင် အသုံးချလို့မရတော့ဘူးဆိုရင်တော့ ကျေးစွပ်ဖို့ဝန်မလေးတဲ့အပြင် အဆင်းမှာ တွန်းချဖို့ ဝန်မလေးတဲ့ သူတွေလည်း ဖြစ်သွားကြပါတော့တယ်။

လင်မယားနှစ်ယောက်ဟာ သီးနှံပင်တွေကိုဖျက်ဆီးရုံနဲ့တင် အားမရသေးပါဘူး ၊ ဘာတွေဆက်ပြီးဖျက်ဆီးရင် ကောင်းမလဲလို့ တိုင်ပင်ကြပါတယ်။“ကျုပ်တို့ရောက်စက ဒီတဲလေးဟာ ဒီလောက် မကောင်းသေးဘူး၊ ကျုပ်တို့ပြုပြင်ထားလို့.. ဒီလောက်ကောင်းနေတာ ပြန်ဖျက်ပစ်ရ မယ်”..လို့ မိန်းမက ပြောလိုက်ပါတယ် ။

ယောင်္ကျားလုပ်သူက..တဲကလေးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်၊ ယာတောတစ်ခုလုံး မြင်မကောင်းအောင် ဖြစ်သွားပါပြီ။
နောက်နေ့မှာတော့တောင်သူကြီးဟာ ရွာသူကြီးရယ် လူကြီးလေးယောက်ရယ်နဲ့အတူ ယာတောကိုရောက်လာခဲ့ပါတယ်။
ယာတောကြီးတစ်ခုလုံး မြင်မကောင်းအောင်ပျက်စီးနေတာ တွေ့တော့ အလွန်အံ့သြသွားခဲ့ပါတယ်။

မေးမိတော့..လင်မယားနှစ်ယောက်က “ကျုပ်တို့စိုက်တဲ့အပင်နဲ့ ကျုပ်တို့ပြင်ထားတဲ့တဲ ကျုပ်တို့ ပြန် ဖျက်ဆီးတာ ဘာလုပ်ချင်လဲလို့” ရိုင်း စိုင်းစွာ ပြန်ဖြေကြပါတယ်။တောင်သူကြီးက “မိုက်လိုက်ကြတာကွယ်….ငါက မနေ့ကဆုံးဖြတ်ချက် ပြောင်းခဲ့တယ်။

ငါ..သာသနာ့ဘောင် အပြီး ဝင်တော့မှာမို့ ဒီယာတောကို.. မင်းတို့အမည်နဲ့ အပြီးလွဲခဲ့မယ်ဆိုပြီး သူကြီးရယ် ရပ်မိရပ်ဖတွေရယ် ခေါ်လာခဲ့တာကွဲ့”“ဗျာ..ကျနော်တို့ကို ပေးခဲ့မယ် ဟုတ်လား??”လင်မယားနှစ်ယောက် ရှုံးပွဲချ ငိုပါတော့တယ်။

တောင်သူကြီးကခွင့်လွှတ်ပြီး ယာတောကိုပေးချင်ပေမဲ့ သူကြီးနဲ့ရွာသားတွေက ကျေးဇူးမဲ့တတ် ဒုစရိုက်ဆန်လှတဲ့ လင်မယားကိုပေးဖို့ သဘောမတူကြောင်းအကြီးအကျယ်ကန့်ကွက်ကြလို့ ဘုန်းကြီးကျောင်းကိုပဲ လှူ ဖြစ်သွားခဲ့ပါတော့တယ်။လင်မယားနှစ်ယောက်ကိုတော့ ရွာသားတွေက ခွေးမောင်းသလို နှင်ထုတ်ခဲ့ကြပါတယ်။

သေသေချာချာဖတ်ဖြစ်ရင်တော့ လူတွေရဲ့သဘောသဘာဝက
သူ့၏အကြိုက်၊ ဆယ်ခါလိုက်လည်း၊
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ကြီးစွာရန်သူ၊ စွဲမှတ်ယူပုံ၊
သူတစ်ပါးကိုကူညီတာ ကောင်းမြတ်ပေမဲ့ အခွင့်အရေးသမားတွေနဲ့တွေ့တဲ့အခါ ကျေးဇူးမဲ့သူတို့၏သွားရာလမ်းအတိုင်း ကိုယ်ပြုတဲ့ကံ..ကိုယ်ပဲခံစားရမြဲပါ…။ ။

# Credit #

Zawgyi

ကိုယ္ျပဳသည့္ကံ ဘယ္သူ ခံရမလဲ ?

တစ္ခါက႐ြာတစ္႐ြာမွာ အလြန္သေဘာေကာင္းတဲ့ ေတာင္သူႀကီး တစ္ေယာက္ ရွိပါတယ္ ။သူဟာလူတစ္ဖက္သားကိုလည္း အလြန္ သနားတတ္ ပါသတဲ့ ။တစ္ေန႔ေတာ့ ေနစရာထိုင္စရာမရွိလို႔.. ေယာင္ခ်ာခ်ာျဖစ္ေနတဲ့ လင္မယား ႏွစ္ေယာက္ကို ေခၚလာၿပီး သူ႔ ယာတဲေလးမွာ ေနထိုင္ခြင့္ ေပး ထားပါသတဲ့ ။

ဆန္နဲ႔ဆီ၊ ဟင္းခ်က္စရာ တို႔တို႔ တိတိေတြကိုလည္း တစ္လစာ ေလာက္ ေပးလိုက္ ပါေသးတယ္ ။ ေနစရာတဲေလးကလည္း အဆင္သင့္ပါပဲ ။တစ္ဧကေက်ာ္ေလာက္ရွိတဲ့ ယာကြက္ထဲမွာ သီးႏွံေလးေတြကိုလည္း စိုက္ခြင့္ ေပးပါတယ္ ။

ဒါေပမဲ့.. သူ႔ရဲ႕အိုစာမင္းစာအတြက္ ဆိုၿပီး စိန္တလုံးသရက္ပင္ ၊ သံပုရာပင္ နဲ႔ ပိႏၷဲပင္လို ႏွစ္ရွည္ပင္ အခ်ိဳ႕ကို စိုက္ခိုင္း ပါသတဲ့ ။
ဘူး ၊ ဖ႐ုံ ၊ င႐ုတ္ ၊ သခြားပင္ေတြ ကိုေတာ့ သူတို႔ ဘာသာ စိုက္ၿပီး ေရာင္းခ် စားေစပါတယ္ ။

ဒီလိုနဲ႔.. လင္မယား ႏွစ္ေယာက္ဟာ ျပင္ပက အလုပ္ေလး ေတြ လုပ္ရင္း ယာက ထြက္ တဲ့ သီးႏွံေလး ေတြ ေရာင္း ရင္း စီးပြားေရး ေလး အဆင္ေျပလာပါတယ္ ။လင္မယားေလးႏွစ္ေယာက္ဟာ…သူတို႔ရဲ႕ေက်းဇူးရွင္ ေတာင္သူႀကီးကို ဝါဝင္ဝါထြက္တိုင္း ကန္ေတာ့တဲ့အျပင္.. ဟင္းေလးေတြေကာင္း ရင္လည္း ဦးဦးဖ်ားဖ်ားပို႔ပါတယ္ ။

စိန္တစ္လုံးသရက္ေတြလည္း သီးလို႔ သံပုရာသီးေတြလည္းေဝလို႔ ေနခ်င္စဖြယ္ ယာတဲေလး ျဖစ္လာပါတယ္ ။ေတာင္သူႀကီး နဲ႔ သူတို႔ လင္မယားဟာလည္း သားအဖေတြ သဖြယ္ ခ်စ္ခင္ လာၾကပါသတဲ့ ။တစ္ေန႔ေတာ့ ေတာင္သူႀကီးဟာ သူတို႔ လင္မယားႏွစ္ေယာက္ကို ေခၚၿပီး “မင္းတို႔လင္မယားႏွစ္ေယာက္လည္း ငါ့ယာတဲေလးမွာ ေနတာ.၅.ႏွစ္ရွိၿပီ ။

မင္းတို႔စီးပြားေရးေလးလည္း အဆင္ေျပၿပီမို႔.. ငါလည္း အသက္ကႀကီး.. ေငြလည္းလိုေနလို႔ ငါ့ယာေတာေလးကိုေရာင္းေတာ့မယ္ မင္းတို႔ ေနစရာရွာပါေတာ့..တစ္လအခ်ိန္ေပးမယ္” လို႔ ေျပာပါသတဲ့ ။လင္မယားႏွစ္ေယာက္ယာတဲကို ျပန္ေရာက္ေတာ့ မိန္းမျဖစ္သူက ေျပာပါသတဲ့ ။“ေတာင္သူႀကီးမတရားဘူး ၊ စိန္တလုံးေတြ သံပုရာေတြ သီးလာမွ ကြၽန္မတို႔ကို ႏွင္ထုတ္တယ္ ။ ေတာ္ ဒီအတိုင္းပဲ ၿငိမ္ခံေနမွာလား” လို႔ ေျပာပါသတဲ့ ။

ေယာက်ၤားလုပ္သူက “ဒီအတိုင္းေတာ့ ၿငိမ္ခံမေနႏိုင္ဘူးေဟ့..ဒို႔စိုက္ထားတဲ့ အပင္ေတြ ဒို႔ျပန္ဖ်က္ဆီးရမယ္” ဆိုၿပီး သရက္ပင္ေတြ ၊
သံပုရာပင္ေတြကို အရင္းကေန ခုတ္လွဲပစ္ပါသတဲ့ ။မိန္းမလုပ္သူကလည္း ဘူး၊ ဖ႐ုံ၊ င႐ုတ္၊ သခြားပင္ေတြကို အကုန္ ဖ်က္ဆီးပစ္ပါသတဲ့
ေနခ်င့္စဖြယ္ယာတဲေလးဟာ သုႆန္တစ ျပင္လို ေျခာက္ေသြ႕သြားပါ ေတာ့တယ္ ။

သစ္ပင္ေတြ အလဲလဲအၿပိဳၿပိဳ သီးပင္စားပင္ေတြ ပ်က္ဆီးသြားတာကို ၾကည့္ရင္း လင္မယားႏွစ္ေယာက္ အလြန္ေက်နပ္ေနၾကပါသတဲ့။
“ခင္ဗ်ား..ဘာတတ္ႏိုင္ေသးလဲ” လို႔ေတာင္ ႀကိမ္းဝါးလိုက္ၾကပါေသးတယ္ ။အဲဒီညမွာေတာ့ ေအာင္ေသေအာင္သားအေနနဲ႔ ေမြးထားတဲ့
ၾကက္ကေလးကိုေတာင္ ႐ိုက္ခ်က္ စားလိုက္ပါေသးတယ္ ။

မိန္းမလုပ္သူက “ေတာင္သူႀကီးက.. သူ႔အပင္ေတြ ပ်က္ဆီးကုန္တာေတြ႕လို႔ ေျပာရင္..ဘယ္လို လုပ္မလဲလို႔”..ေမးေတာ့

“ေမးရဲရင္ ေမးၾကည့္ေလ..သူ႔အပင္ေတြလို အပိုင္းပိုင္းျဖတ္ပစ္မယ္လို႔” ေဒါသတႀကီးေအာ္ ဟစ္လိုက္တယ္။
ေဒါသဦးေဆာင္ေနတဲ့သူနဲ႔ မိတ္ေဆြျပဳရတာ အလြန္ေၾကာက္စရာ ေကာင္းပါတယ္။အဲဒီေန႔က ေတာင္သူႀကီး ေရာက္မလာလို႔ ေတာ္ပါေသးတယ္။ေရာက္လာလို႔ ေမးမိေျပာမိရင္ မလြယ္ေလာက္ပါဘူး။

လင္မယားႏွစ္ေယာက္ဟာ ေလာဘနဲ႔ေဒါသဦးေဆာင္ေနတာေၾကာင့္ ေမာဟဖုံးၿပီး..ေက်းဇူးတရားကို လုံးလုံးသတိ မရၾကေတာ့ပါဘူး၊
ေက်းဇူးရွိမွေက်းစြပ္တယ္ဆိုတာ သိပ္မွန္တာပါပဲ။

လူေတာ္ေတာ္မ်ာမ်ားဟာ သူတို႔အတြက္ အက်ိဳးျပဳေနရင္ သူတို႔အတြက္ အသုံးခ်စရာရွိေနေသးရင္ အဲဒီလူအေပၚ ေက်းဇူးေတြ သိတတ္သေလာက္ သူတို႔ကို အက်ိဳးမျပဳႏိုင္ေတာ့ရင္ အသုံးခ်လို႔မရေတာ့ဘူးဆိုရင္ေတာ့ ေက်းစြပ္ဖို႔ဝန္မေလးတဲ့အျပင္ အဆင္းမွာ တြန္းခ်ဖို႔ ဝန္မေလးတဲ့ သူေတြလည္း ျဖစ္သြားၾကပါေတာ့တယ္။

လင္မယားႏွစ္ေယာက္ဟာ သီးႏွံပင္ေတြကိုဖ်က္ဆီး႐ုံနဲ႔တင္ အားမရေသးပါဘူး ၊ ဘာေတြဆက္ၿပီးဖ်က္ဆီးရင္ ေကာင္းမလဲလို႔ တိုင္ပင္ၾကပါတယ္။“က်ဳပ္တို႔ေရာက္စက ဒီတဲေလးဟာ ဒီေလာက္ မေကာင္းေသးဘူး၊ က်ဳပ္တို႔ျပဳျပင္ထားလို႔.. ဒီေလာက္ေကာင္းေနတာ ျပန္ဖ်က္ပစ္ရ မယ္”..လို႔ မိန္းမက ေျပာလိုက္ပါတယ္ ။

ေယာက်ၤားလုပ္သူက..တဲကေလးကို ဖ်က္ဆီးပစ္လိုက္ပါေတာ့တယ္၊ ယာေတာတစ္ခုလုံး ျမင္မေကာင္းေအာင္ ျဖစ္သြားပါၿပီ။
ေနာက္ေန႔မွာေတာ့ေတာင္သူႀကီးဟာ ႐ြာသူႀကီးရယ္ လူႀကီးေလးေယာက္ရယ္နဲ႔အတူ ယာေတာကိုေရာက္လာခဲ့ပါတယ္။
ယာေတာႀကီးတစ္ခုလုံး ျမင္မေကာင္းေအာင္ပ်က္စီးေနတာ ေတြ႕ေတာ့ အလြန္အံ့ၾသသြားခဲ့ပါတယ္။

ေမးမိေတာ့..လင္မယားႏွစ္ေယာက္က “က်ဳပ္တို႔စိုက္တဲ့အပင္နဲ႔ က်ဳပ္တို႔ျပင္ထားတဲ့တဲ က်ဳပ္တို႔ ျပန္ ဖ်က္ဆီးတာ ဘာလုပ္ခ်င္လဲလို႔” ႐ိုင္း စိုင္းစြာ ျပန္ေျဖၾကပါတယ္။ေတာင္သူႀကီးက “မိုက္လိုက္ၾကတာကြယ္….ငါက မေန႔ကဆုံးျဖတ္ခ်က္ ေျပာင္းခဲ့တယ္။

ငါ..သာသနာ့ေဘာင္ အၿပီး ဝင္ေတာ့မွာမို႔ ဒီယာေတာကို.. မင္းတို႔အမည္နဲ႔ အၿပီးလြဲခဲ့မယ္ဆိုၿပီး သူႀကီးရယ္ ရပ္မိရပ္ဖေတြရယ္ ေခၚလာခဲ့တာကြဲ႕”“ဗ်ာ..က်ေနာ္တို႔ကို ေပးခဲ့မယ္ ဟုတ္လား??”လင္မယားႏွစ္ေယာက္ ရႈံးပြဲခ် ငိုပါေတာ့တယ္။

ေတာင္သူႀကီးကခြင့္လႊတ္ၿပီး ယာေတာကိုေပးခ်င္ေပမဲ့ သူႀကီးနဲ႔႐ြာသားေတြက ေက်းဇူးမဲ့တတ္ ဒုစ႐ိုက္ဆန္လွတဲ့ လင္မယားကိုေပးဖို႔ သေဘာမတူေၾကာင္းအႀကီးအက်ယ္ကန္႔ကြက္ၾကလို႔ ဘုန္းႀကီးေက်ာင္းကိုပဲ လႉ ျဖစ္သြားခဲ့ပါေတာ့တယ္။လင္မယားႏွစ္ေယာက္ကိုေတာ့ ႐ြာသားေတြက ေခြးေမာင္းသလို ႏွင္ထုတ္ခဲ့ၾကပါတယ္။

ေသေသခ်ာခ်ာဖတ္ျဖစ္ရင္ေတာ့ လူေတြရဲ႕သေဘာသဘာဝက
သူ႔၏အႀကိဳက္၊ ဆယ္ခါလိုက္လည္း၊
မလိုက္တစ္ခါ၊ ရွိခဲ့ပါမူ၊ႀကီးစြာရန္သူ၊ စြဲမွတ္ယူပုံ၊
သူတစ္ပါးကိုကူညီတာ ေကာင္းျမတ္ေပမဲ့ အခြင့္အေရးသမားေတြနဲ႔ေတြ႕တဲ့အခါ ေက်းဇူးမဲ့သူတို႔၏သြားရာလမ္းအတိုင္း ကိုယ္ျပဳတဲ့ကံ..ကိုယ္ပဲခံစားရၿမဲပါ…။ ။

# Credit #