ၾကားသိရသမွ်

ေဒၚလာ (၅၅)သန္းေက်ာ္ကို လိမ္လည္ၿပီး ထြက္ေျပးသြားသည့္ ေကာင္မေလး

အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာ လိမ္လည္သြားသည့္ နာမည္ႀကီး ထိုင္း YouTuber Nutty ကို ထိုင္းရဲတပ္ဖြဲ႕မ်ားက အပူတျပင္း ရွာေဖြလ်က္ရွိ‌သည္။

သူမသည္ ႏိုင္ငံျခားသုံးေငြ အေရာင္းအဝယ္အလုပ္ကိုဗန္းျပၿပီး လူ အမ်ားအျပားထံမွ ေငြေၾကးေျမာက္ျမားစြာကို လိမ္လည္သြားျခင္းျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ၾသဂုတ္ ၃၁ ရက္တြင္ ေျပာသည္။

အသက္ ၂၉ ႏွစ္အ႐ြယ္ အမည္ရင္း နက္သမြန္ခုံခ်က္ျဖစ္သည့္ Nutty သည္ ယူက်ဳတြင္ ပရိသတ္ ၈ သိန္းခြဲခန႔္ရွိသူျဖစ္သည္။

သူမ၏ ႏိုင္ငံျခားေငြလဲလုပ္ငန္းတြင္ ပါဝင္သူမ်ားအေနျဖင့္ ရင္းႏွီးျမဳပ္ႏွံမႈမွ ၃၅ ရာခိုင္ႏႈန္း အျမတ္ရမည္ဟု မက္လုံးေပးခဲ့ကာ လူေပါင္းမ်ားစြာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကၿပီးေနာက္ လိမ္လည္သြားျခင္းျဖစ္သည္။

စုစုေပါင္းလိမ္လည္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၅၅ သန္းခန႔္ရွိၿပီး လိမ္လည္ခံရသူေပါင္း ၆၀၀၀ ဦးအထိ ရွိႏိုင္ေၾကာင္း ထိုင္း မီဒီယာမ်ားက ေဖာ္ျပသည္။

ယခုအခ်ိန္အထိ သူမ၏ လိမ္လည္မႈႏွင့္ပတ္သက္၍ တိုင္ၾကားထားသူ ၁၀၂ ဦးရွိၿပီး စုစုေပါင္း ထိုင္းဘတ္ေငြ သန္း ၃၀ (အေမရိကန္ေဒၚလာ ၈၂၅,၀၀၀) ရွိေၾကာင္း ဆိုက္ဘာရာဇဝတ္မႈ စုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုမွ ဒုရဲမႉး Wattana Ketumpai က ေျပာသည္။

“လိမ္နည္းကေတာ့ အျခား Ponzi လိမ္နည္း (အျမတ္/အတိုး မ်ားမ်ားရမည္ဟု အယုံသြင္းလိမ္လည္နည္း) ေတြလိုပါပဲ။ ေျပာဆိုဆက္ဆံပုံနဲ႔ အေယာင္ျပလွည့္ဖ်ားပုံပဲ ကြာျခားသြားတာ။

ေနာက္ထပ္ တိုင္တန္းမႈေတြ အမ်ားႀကီး ထပ္လာဖို႔ရွိပါေသးတယ္”ဟု ၎က ေျပာသည္။

Nutty သည္ ၎၏ ႂကြယ္ဝမႈမ်ားကို ဆိုရွယ္မီဒီယာ ပလက္ေဖာင္းမ်ားေပၚတြင္ ႂကြားလုံးမ်ားထုတ္ျပေလ့ရွိၿပီး ႏိုင္ငံျခားသုံးေငြ ေရာင္းဝယ္ေရး (Forex Trading) လုပ္ကိုင္ၿပီး အလ်င္အျမန္ ခ်မ္းသာႂကြယ္ဝလာသူအျဖစ္ လူမ်ားကို အယုံသြင္းခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

Nutty ကို ဖမ္းဆီးရန္အတြက္ ယခုလအေစာပိုင္းတြင္ ဘန္ေကာက္တရား႐ုံးက ဝရမ္းထုတ္ဆင့္ခဲ့သည္။

သူမသည္ ထိုင္းႏိုင္ငံမွ မေလးရွားႏိုင္ငံသို႔ ထြက္ေျပးတိမ္းေရွာင္သြားသည့္ဟု သတင္းမ်ားထြက္ေပၚေနေသာ္လည္း ထိုအခ်က္ကို လူဝင္မႈႀကီးၾကပ္ေရး မွတ္တမ္းမ်ားတြင္ မေတြ႕ရေၾကာင္း၊

ထိုင္း ႏိုင္ငံတြင္း၌သာ ရွိေနေသးၿပီး လတ္တေလာ ေျခရာခံ၍မရေသးေၾကာင္း Wattana ကေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၂၅ ရက္က သူမ၏ Instagram တြင္ ေနာက္ဆုံးတင္ခဲ့သည့္စာတြင္ “ကြၽန္မ လူေတြကို ဒုကၡေပးမိ စိတ္ပ်က္ေစမိခဲ့တဲ့အတြက္ စိတ္မေကာင္းပါဘူး။

ဒီအတြက္ ကြၽန္မ ႏွလုံးသားထဲက ေတာင္းပန္ပါတယ္”ဟု ေရးသားထားခဲ့သည္။

Nutty ၏ YouTube ႏွင့္ Instagram တြင္ မ်ားေသာအားျဖင့္ ေတးဂီတႏွင့္အကဗီဒီယိုမ်ား တင္ေလ့ရွိသည္။

unicode

အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လိမ်လည်သွားသည့် နာမည်ကြီး ထိုင်း YouTuber Nutty ကို ထိုင်းရဲတပ်ဖွဲ့များက အပူတပြင်း ရှာဖွေလျက်ရှိ‌သည်။

သူမသည် နိုင်ငံခြားသုံးငွေ အရောင်းအဝယ်အလုပ်ကိုဗန်းပြပြီး လူ အများအပြားထံမှ ငွေကြေးမြောက်မြားစွာကို လိမ်လည်သွားခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်တွင် ပြောသည်။

အသက် ၂၉ နှစ်အရွယ် အမည်ရင်း နက်သမွန်ခုံချက်ဖြစ်သည့် Nutty သည် ယူကျုတွင် ပရိသတ် ၈ သိန်းခွဲခန့်ရှိသူဖြစ်သည်။

သူမ၏ နိုင်ငံခြားငွေလဲလုပ်ငန်းတွင် ပါဝင်သူများအနေဖြင့် ရင်းနှီးမြုပ်နှံမှုမှ ၃၅ ရာခိုင်နှုန်း အမြတ်ရမည်ဟု မက်လုံးပေးခဲ့ကာ လူပေါင်းများစွာ လာရောက်ရင်းနှီးမြှုပ်နှံကြပြီးနောက် လိမ်လည်သွားခြင်းဖြစ်သည်။

စုစုပေါင်းလိမ်လည်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၅ သန်းခန့်ရှိပြီး လိမ်လည်ခံရသူပေါင်း ၆၀၀၀ ဦးအထိ ရှိနိုင်ကြောင်း ထိုင်း မီဒီယာများက ဖော်ပြသည်။

ယခုအချိန်အထိ သူမ၏ လိမ်လည်မှုနှင့်ပတ်သက်၍ တိုင်ကြားထားသူ ၁၀၂ ဦးရှိပြီး စုစုပေါင်း ထိုင်းဘတ်ငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၈၂၅,၀၀၀) ရှိကြောင်း ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုမှ ဒုရဲမှူး Wattana Ketumpai က ပြောသည်။

“လိမ်နည်းကတော့ အခြား Ponzi လိမ်နည်း (အမြတ်/အတိုး များများရမည်ဟု အယုံသွင်းလိမ်လည်နည်း) တွေလိုပါပဲ။ ပြောဆိုဆက်ဆံပုံနဲ့ အယောင်ပြလှည့်ဖျားပုံပဲ ကွာခြားသွားတာ။

နောက်ထပ် တိုင်တန်းမှုတွေ အများကြီး ထပ်လာဖို့ရှိပါသေးတယ်”ဟု ၎င်းက ပြောသည်။

Nutty သည် ၎င်း၏ ကြွယ်ဝမှုများကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ကြွားလုံးများထုတ်ပြလေ့ရှိပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ရေး (Forex Trading) လုပ်ကိုင်ပြီး အလျင်အမြန် ချမ်းသာကြွယ်ဝလာသူအဖြစ် လူများကို အယုံသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Nutty ကို ဖမ်းဆီးရန်အတွက် ယခုလအစောပိုင်းတွင် ဘန်ကောက်တရားရုံးက ဝရမ်းထုတ်ဆင့်ခဲ့သည်။

သူမသည် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုအချက်ကို လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများတွင် မတွေ့ရကြောင်း၊

ထိုင်း နိုင်ငံတွင်း၌သာ ရှိနေသေးပြီး လတ်တလော ခြေရာခံ၍မရသေးကြောင်း Wattana ကပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်က သူမ၏ Instagram တွင် နောက်ဆုံးတင်ခဲ့သည့်စာတွင် “ကျွန်မ လူတွေကို ဒုက္ခပေးမိ စိတ်ပျက်စေမိခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။

ဒီအတွက် ကျွန်မ နှလုံးသားထဲက တောင်းပန်ပါတယ်”ဟု ရေးသားထားခဲ့သည်။

Nutty ၏ YouTube နှင့် Instagram တွင် များသောအားဖြင့် တေးဂီတနှင့်အကဗီဒီယိုများ တင်လေ့ရှိသည်။