ဟာသ

ခ်စ္သူသက္တမ္း(၁)ႏွစ္ျပည့္မွာ ႏွစ္ေယာက္ထဲ ေခ်ာင္းသာသို႕ ညအိပ္ခရီးသြားခဲ့ရာမွ…..

သူမ နဲ႔ ကြၽန္ေတာ္ ခ်စ္သူသက္တမ္း(၁)ႏွစ္ျပည့္မွာႏွစ္ေယာက္ထဲ ေခ်ာင္းသာကို ညအိပ္ခရီးသြားျဖစ္ခဲ့ၾကတယ္

သူမဟာ ပညာတတ္ေခတ္ လူငယ္တစ္ေယာက္ဆိုေပမယ့္ဘာသာတရားကိုင္းရႈိင္းၿပီး ယဥ္ေက်းသိမ္ေမြ႕သူတစ္ေယာက္ပါ

ပထမညမွာ ကြၽန္ေတာ္သူမကို ပြင့္ပြင့္လင္းလင္းပဲေျပာျပခဲ့တယ္ `နင့္ သိကၡာကို ငါအရမ္းတန္ဖိုးထားတယ္…

နင့္ဆႏၵမပါဘဲ ငါ့စိတ္ ငါ့ဆႏၵတစ္ခုတည္း အတြက္နဲ႔ ဘယ္ေတာ့မွ မလုပ္ဘူး ဒါက နင့္အေပၚထားတဲ့ ငါ့ရဲ႕ စိတ္ပဲ😎😎

ေနာက္ညေရာက္ေတာ့ သူမ ကြၽန္ေတာ့ရင္ခြင္ထဲမွာ ေခါင္းေလးေမွးၿပီးေျပာရွာတယ္

`နင္ မေန႔ညက ေျပာတဲ့ စကားကို ငါတစ္ညလုံးေတြးတယ္ဟာ ၿပီးေတာ့ ငါ အရမ္းလဲေပ်ာ္တယ္ ဆႏၵကိုသိကၡာနဲ႔ ထိန္းႏိုင္တဲ့ေယာက်ာ္းမို႔ ငါအရမ္းေက်နပ္ခဲ့တယ္´

အဲ့လိုေျပာရင္း သူမရဲ႕လက္ေခ်ာင္းေလးေတြနဲ႔ ကြၽန္ေတာ့ရင္ဘက္အေမႊးေလးေတြကို ပြတ္သပ္ေဆာ့ကစားေနတယ္

ကြၽန္ေတာ္ သူမေမးေစ့ေလးကိုအသာယာဆြဲကိုင္ေမာ့လိုက္ၿပီးတိုးတိုးေလးေျပာလိုက္တယ္

`ငါ မေန႔ညက တညလုံးအိပ္မေပ်ာ္ႏိုင္ဘူးငါ့စိတ္ေတြဟာေလ ကမ္းေျခက ေက်ာက္ေဆာင္ေတြကို ႐ိုက္ခက္ေနတဲ့ လႈိင္းလုံးႀကီးေတြလိုပဲ ဝုန္းဒိုင္းႀကဲေနခဲ့တာ နင္ဘယ္သိမလဲေလ´

႐ႊန္းလဲ့ေနတဲ့မ်က္ဝန္းအစုံနဲ႔ၾကည့္ရင္း သူမကအခုညေရာ အဲဒီလိုပဲျဖစ္ေနလား´ တဲ့

ေမာဟိုက္ေနတဲ့ ေလသံမ်ိဳးနဲ႔ တိုးတိုးေလးေျပာရင္း

ရင္ဘတ္ေပၚမွာေဆာ့ကစားေနတဲ့ သူမလက္ေလးေတြဟာ ျဖည္းညင္းစြာ ေအာက္ဘက္ဆင္းသက္လာၿပီး

ကြၽန္ေတာ့္ခါးကို တင္းၾကပ္စြာဖတ္တြယ္လာရင္းနဲ႔`ငါက မိန္းကေလးေလဟာ ၿပီးေတာ့ ရွက္လဲ ရွက္တယ္ဟာ ဒါေပမဲ့ ခုည နင့္သေဘာအတိုင္းပါပဲ ´

သူ႔မ်က္ႏွာကို ကြၽန္ေတာ့ရင္ဘတ္ထဲ ဝွက္ၿပီး တိုးတိုးေလး ေျပာလာတယ္…

ကြၽန္ေတာ္ သူမမ်က္ႏွာေလးကို ကိုင္ေမာ့လိုက္ၿပီး ႏႈတ္ခမ္းဖူးဖူးေလးကို ဖြဖြေလးနမ္းလိုက္မိတယ္

ပန္းႏုေရာင္သမ္းလာတဲ့ သူမမ်က္ႏွာေလးဟာ ရွက္ေသြးေတြ ျဖာေနေလရဲ႕ ေအးစက္ေနတဲ့ သူမလက္ဖဝါးေလးကို ဆုပ္ကိုင္ရင္း

“ မင္း ရွက္ေနတာလား..?

“ အင္း ´´

မ်က္လႊာေလးခ်ၿပီး မပြင့္တပြင့္ေလးေျပာရွာတယ္

သူမအရမ္းရွက္ေနမွန္း သိလို႔ ကြၽန္ေတာ္က ပုထုဇဥ္ေတြမို႔ ကိေလသာ ပယ္သတ္၍ မရႏိုင္ေသးေၾကာင္း သမုဒယအျမစ္ေတြ ပြားေနၿမဲသာျဖစ္ေၾကာင္းရွက္စရာမလိုေၾကာင္း

သဒၵါ၊ သီလ သုတ ၊ စာဂ ပညာ စသျဖင့္ သူေတာ္ေကာင္းတရား ၇ ပါးရွိေၾကာင္း

ဝိသာခါအမ်ိဳးသမီးႀကီးေတာင္ ေျမးျမစ္ေတြအမ်ားႀကီးရွိခဲ့ေၾကာင္း

ဟီရိ ၾသတပၸ ဆိုတဲ့ အရွက္ႏွင့္အေၾကာက္ရွိရမွာ မွန္ေပမယ့္လို႔ရွက္သင့္တဲ့ အရွက္ဆိုတာ မေကာင္းမႈ႕လုပ္ရမွာကိုသာ ရွက္သင့္ေၾကာင္း

စသျဖင့္ အစခ်ီလိုက္တာ နဂိုကတည္းက တရားဘာ၀နာလိုက္စားတဲ့ သူမဟာမသိတာေတြကို… ေမး
ကြၽန္ေတာ္ကရွင္းျပ

သိတာေတြေရာ မသိတာေတြေရာ ၿဖီးျဖန္းရင္းနဲ႔ အဲဒီညမွာတင္သူမလည္း ေသာတပန္တည္

ကြၽန္ေတာ္လည္း မနက္မိုးလင္းေတာ့အဲ့ဒီနားကေက်ာင္းမွာပဲ ဘုန္းႀကီးဝတ္လိုက္တာ

ခုဆို ၇ ဝါေတာင္ျပည့္ေတာ့မယ္ေလ..🙂

credit to orginal

unicode

သူမ နဲ့ ကျွန်တော် ချစ်သူသက်တမ်း(၁)နှစ်ပြည့်မှာနှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

သူမဟာ ပညာတတ်ခေတ် လူငယ်တစ်ယောက်ဆိုပေမယ့်ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

ပထမညမှာ ကျွန်တော်သူမကို ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ် `နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ်…

နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်း အတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ😎😎

နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ်

`နင် မနေ့ညက ပြောတဲ့ စကားကို ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့ ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ ထိန်းနိုင်တဲ့ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´

အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်

ကျွန်တော် သူမမေးစေ့လေးကိုအသာယာဆွဲကိုင်မော့လိုက်ပြီးတိုးတိုးလေးပြောလိုက်တယ်

`ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူးငါ့စိတ်တွေဟာလေ ကမ်းခြေက ကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့ လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ နင်ဘယ်သိမလဲလေ´

ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမကအခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း

ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့ သူမလက်လေးတွေဟာ ဖြည်းညင်းစွာ အောက်ဘက်ဆင်းသက်လာပြီး

ကျွန်တော့်ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့`ငါက မိန်းကလေးလေဟာ ပြီးတော့ ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘောအတိုင်းပါပဲ ´

သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး တိုးတိုးလေး ပြောလာတယ်…

ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

“ မင်း ရှက်နေတာလား..?

“ အင်း ´´

မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်

သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍ မရနိုင်သေးကြောင်း သမုဒယအမြစ်တွေ ပွားနေမြဲသာဖြစ်ကြောင်းရှက်စရာမလိုကြောင်း

သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့် သူတော်ကောင်းတရား ၇ ပါးရှိကြောင်း

ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

ဟီရိ သြတပ္ပ ဆိုတဲ့ အရှက်နှင့်အကြောက်ရှိရမှာ မှန်ပေမယ့်လို့ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှု့လုပ်ရမှာကိုသာ ရှက်သင့်ကြောင်း

စသဖြင့် အစချီလိုက်တာ နဂိုကတည်းက တရားဘာဝနာလိုက်စားတဲ့ သူမဟာမသိတာတွေကို… မေး
ကျွန်တော်ကရှင်းပြ

သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့ အဲဒီညမှာတင်သူမလည်း သောတပန်တည်

ကျွန်တော်လည်း မနက်မိုးလင်းတော့အဲ့ဒီနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ

ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ..🙂

credit to orginal