အေထြအေထြဗဟုသုတ

ညအိပ်ယာမဝင်ခင် မိန်းကလေးတိုင်း မဖြစ်မနေလုပ်သင့်တဲ့အချက် (၅)ချက်

ပျိုမေတို့အတွက် အသားအရည်လှပဖို့ဆိုတာ လက် တစ်ကမ်းအကွာမှာပါပဲ။အသားအရည်လှပစိုပြည်ချင်လို့ ဈေးကြီးပေးဝယ်ထားရတဲ့အကောင်းစားမိတ်ကပ်ပစ္စည်းတွေကိုတော့ နေ့တိုင်းသုံးနေတာပဲ။

သိပ်ပြီးမထူးခြားလာဘူးဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေမျှဝေပေးချင်ပါတယ်။

တကယ်တော့ အသားအရည်ဆဲလ်တွေက ညအိပ် ရာဝင်ရင်ပြောင်းလဲပြီးအသစ်ပြန်လည်ဖြစ်ပေါ်တဲ့အတွက် အဲ့ဒီအချိန်မှာသာ ကောင်းမွန်တဲ့အလှအပပစ္စည်းတွေသုံးပေးမယ်ဆိုရင်ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်။

မနက်တိုင်းနေ့တိုင်းသုံးတာထက် ညဘက်မှာလုပ် တာကပိုပြီးထိရောက်စေတာပါ။

သဘာဝအတိုင်းအသားအရည်လှပချင်တယ်၊စိုပြည် ချင်တယ်ဆိုရင် ပျိုမေတို့အားလုံး ဒီအချက် ၅ချက်ကိုနေ့တိုင်းလုပ်ဆောင်သင့်ပါတယ်။ဘာတွေလဲဆိုရင်…

၁။မိတ်ကပ်ဖျက်ပါ နေ့တိုင်းအလုပ်သွားရုံးသွားနေရတဲ့အတွက် မိတ်ကပ်ကအမြဲတမ်းလိမ်းနေရပါတယ်။မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားရတဲ့အတွက် ငယ် ရွယ်တုန်းမှာလှပပေမဲ့အသက်အရွယ်ရလာတဲ့အခါမိတ်ကပ်ကြောင့် အသားအရည်တွန့်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

အထူးသဖြင့် မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားပြီးညဘက်မိတ်ကပ်မဖျက်ပဲအိပ်မိရင်တော့ပိုပြီးဆိုးနိုင် ပါတယ်။အဲ့ဒါကြောင့် အိမ်ပြန်ရောက်လို့ အိပ်ယာ ဝင်တော့မယ်ဆိုတာနဲ့ မိတ်ကပ်အရင်ဖျက်ပါ။

မျက်နှာသစ်ဆေးနဲ့သစ်ရုံနဲ့ မိတ်ကပ်တွေအကုန်သန့်စင်မပေးနိုင်ပါဘူး။အကြွင်းအကျန်တွေပါမရှိအောင် မိတ်ကပ်ဖျက်တဲ့တစ်ရှူးဖြစ်စေ၊အရည်ဖြစ်စေ အရင် ဆုံးသုံးပေးသင့်ပါတယ်။

၂။မျက်နှာသန့်စင်ပါ မိတ်ကပ်ဖျက်ပြီးရင်တော့ မျက်နှာသစ်ဆေးနဲ့သန့်စင်ပေးရပါမယ်။မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်းကိုယ့်အသားအရည်နဲ့သင့်တော်တဲ့မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။

မျက်နှာကအဆီပြန်ရင် အဆီပြန်တာသက်သာစေတဲ့မျက်နှာသစ်ဆေး၊ဝက်ခြံထွက်တဲ့အသားအရည် ဆိုရင်ဝက်ခြံကာကွယ်ပေးတဲ့မျက်နှာသစ်ဆေး၊ခြောက်သွေ့တဲ့အသားအရည်ဆိုရင်သုံးပေးသင့်တဲ့မျက် နှာသစ်ဆေးစသဖြင့်အမျိုးမျိုးရှိပါတယ်။

မှန်ကန်နဲ့မျက်နှာသစ်ဆေးသုံးပေးဖို့အရေးကြီးပါတယ်။မျက်နှာသစ်ဆေးကိုလည်း အနေတော်လောက်လက်ထဲထည့်ပြီးမျက်နှာကိုပွတ်တိုက်တဲ့အခါမှာ ကြမ်းတမ်းစွာပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။

မျက်နှာအသားအရည်က အရမ်းနူးညံ့လို့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တဲ့အခါမှာ အသားအရည်ကိုမြန်မြန်ပျက်စီးစေပါတယ်။

၃။တိုနာသုံးပါ တစ်ခါတစ်လေ မျက်နှာသန့်စင်ပြီးရင် အစိုဓာတ်ထိန်းပေးတဲ့ကရင်မ်တစ်ခုခုကောက်လိမ်းလိုက်လေ့ရှိပါတယ်။ဒါပေမဲ့ အဲ့ဒီကရင်မ်မလိမ်းခင်မှာတိုနာအရင်သုံးပေးဖို့လိုပါတယ်။

မျက်နှာသစ်ဆေးက မျက်နှာအရေးပြားအညစ်အကြေးကိုသာသန့်စင်ပေးတာပါ။တိုနာက အသားအရည်အတွင်းပိုင်းအထိ သန့်စင်ပြီးချွေးပေါက်လည်းကျဉ်းစေလို့ အဆီပြန်တာ၊ဝက်ခြံထွက်တာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒါကြောင့်မျက်နှာသန့်စင်ပြီးရင် တိုနာလိမ်းပေးဖို့မမေ့ပါနဲ့။

၄။Moisturizer သုံးပါ တိုနာလိမ်းပြီးတဲ့အခါ Moisturizer သုံးပေးပါ။Moisturixzer သုံးတဲ့အခါမှာလည်း အသားအရည်ကွဲပြားတတ်ပါတယ်။အသားအရည်ခြောက် တဲ့သူတွေကကရင်မ်လိုသုံးပေးသင့်ပြီး အဆီပြန်တတ်တဲ့သူတွေကတော့ ဂျယ်လ်လိုမျိုးကိုသုံးပေးသင့်ပါတယ်။

အဆီပြန်တဲ့သူက ကရင်မ်လိမ်းတဲ့အခါ ပိုပြီးအဆီပြန်စေပါတယ်။သက်ဆိုင်ရာကျွမ်းကျင်သူတွေကိုမေးပြီးရွေးချယ်ဝယ်ယူပါ။

5။Humidifier သုံးပါ Humidifier ဆိုတာ အသားအရည်ခြောက်သွေ့တတ်သူတွေ အခန်းထဲမှာထည့်ထားသင့်တဲ့စက်ပစ္စည်းတစ်ခုပါ။အဲ့ဒါဟာ လေထုကို စိုစွတ်စေပြီးခန္ဓာကိုယ် အစိတ်အပိုင်းခြောက်သွေ့တာကိုကာကွယပေးတတ် ပါတယ်။

နှာခေါင်း၊လည်ချောင်း၊နှုတ်ခမ်းနဲ့ခြောက်သွေ့လွယ် တဲ့အစိတ်အပိုင်းတွေကိုအစိုဓာတ်ဖြည့်ပေးတဲ့ ကိရိ ယာလည်းဖြစ်ပါတယ်။ဒါပေမဲ့ အသားအရည်ခြောက် သွေ့သူတွေတင်မကပဲ လူတိုင်းနီးပါးသုံးပေးသင့်ပါတယ်။

အထူးသဖြင့်ဆောင်းတွင်းဘက်မှာပိုပြီးသုံးပေးသင့်ပါတယ်။ပတ်ဝန်းကျင်လေထုကိုကောင်းမွန်စေလို့ အိပ်တဲ့အခါမှာလည်းစိတ်လက်ချမ်းသာစွာအိပ်စက်နိုင်ပါတယ်။

ဒီအချက် ၅ချက်ကိုတစ်ပတ်လောက်နေ့တိုင်းလုပ်သွားကြည့်ပါ။မနက်နိုးလင်းတဲ့အခါတိုင်းသင့်ရဲ့အသားအရည်က သိသိသာသာပြောင်းလဲလှပလာတာကိုမြင်တွေ့ရပါလိမ့်မယ်။

Credit – မူရင်းရေးသူ