ခ်စ္တင္းေႏွာလို႔ ၿပီးသြားတဲ့အခ်ိန္ ဒါေတြလုပ္ဖို႔ မေမ့ပါနဲ႔…
လူရယ္လို႔ ျဖစ္လာၿပီဆိုရင္ ေန႔စဥ္ဘဝမွာ လိင္မႈကိစၥဆိုတာ မပါမျဖစ္ပဲမလား။
အဲ့ေတာ့ ခ်စ္တဲ့သူႏွစ္ဦး ခ်စ္တင္းေႏွာၿပီးတဲ့အခ်ိန္တိုင္း လုပ္မိတတ္တဲ့ အမွားေလးေတြနဲ႔ ဘာေတြကို အဓိကထားၿပီး လုပ္သင့္လဲဆိုတဲ့ ေဆာင္ရန္၊ ေ႐ွာင္ရန္ေတြကို ခုေဆာင္းပါးေလးမွာ ေျပာျပေပးလိုက္ခ်င္ပါတယ္။
၁။ သန္႔႐ွင္းေရးလုပ္ပါ။
သန္႔႐ွင္းေရးလုပ္တယ္ဆိုတာ ေရအျမန္ခ်ိဳးခိုင္းတာမ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။
လိင္ဆက္ဆံတယ္ဆိုတာ သာယာမႈနဲ႔ ခ်စ္ၾကည္ႏူးမႈေတြ ျပည့္ဝေနတယ္ဆိုေပမယ့္ သူ႕ေနာက္ကြယ္မွာ မျမင္ရတဲ့ ဘက္တီးရီးယားေတြ၊ ေရာဂါပိုးေတြဆိုတာ ကပ္ပါလာႏိုင္တယ္ဆိုတာ ေမ့ထားလို႔မျဖစ္ပါဘူး။
ဒါေၾကာင့္ ကာမဆက္ဆံၿပီးတိုင္းခဏေလာက္နားၿပီးတာနဲ႔အျမန္သန္႔စင္ေပးပါ။ေယာက်္ားေလးဆိုရင္လိင္အဂၤါတစ္ဝိုက္နဲ႔ထိပ္အေရျပားကိုေအာက္လွန္ဆြဲခ်ၿပီးသန္႔စင္ပါ။
မိန္းကေလးဆိုရင္လည္း မိန္းမကိုယ္ အစပ္နားေလာက္ကို ဆပ္ျပာနဲ႔ ေရေႏြးနဲ႔ သန္႔စင္ေပးပါ။ ၿပီးရင္ လက္ကိုလည္း ေသခ်ာဆပ္ျပာနဲ႔ ေဆးေၾကာဖို႔ မေမ့ပါနဲ႔။
ဒါေတြကိုေတာ့ ဦးစားေပးၿပီး သန္႔႐ွင္းေရးလုပ္ေပးႏိုင္ရင္ ရပါတယ္။
၂။ အတင္းကာေရာ တိုက္ခြၽတ္ေဆးေၾကာစရာမလိုပါဘူး။
ဒါကေတာ့မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားလုပ္မိတတ္တဲ့အမွားတစ္ခုပါ။
သန္႔ခ်င္တဲ့ေဇာနဲ႔မိန္းမကိုယ္အတြင္းကိုဓါတုေဗဒပစၥည္းေတြပါတဲ့ဆပ္ျပာနဲ႔ပြတ္တိုက္လိုက္တာ၊ လက္နဲ႔ထိုးသြင္းႏိႈက္ခြၽတ္ၿပီးေဆးေၾကာတာေတာ့မလုပ္သင့္ပါဘူး။
အခန္႔မသင့္ရင္ မိန္းမကိုယ္ယားယံတာ၊ ပြန္းပဲ့ထိခိုက္မိၿပီး ေရာဂါပိုးဝင္ဖို႔ ပိုလြယ္သြားႏိုင္ပါတယ္။
အေကာင္းဆုံးက ေရနဲ႔ ဆပ္ျပာအေပ်ာ့စားနဲ႔ ေသခ်ာသန္႔စင္ၿပီးရင္ ေျခာက္ေအာင္သုတ္ေပးၿပီး ဒီအတိုင္းထားထားပါ။
၃။ ေရခ်ိဳးဖို႔ အလ်င္မလိုပါနဲ႔။
ကာမဆႏၵအထြတ္အထိပ္ကို ေရာက္ၿပီးတာနဲ႔ ခ်က္ခ်င္းႀကီးထၿပီး ေရခ်ိဳးတာမ်ိဳးက မလုပ္သင့္ပါဘူး။
ကုတင္ေပၚမွာ ဖက္ရင္း၊ စကားေျပာရင္း၊ အေမာေျဖလို႔ ၿပီးသြားၿပီ၊ အနည္းငယ္ သန္႔႐ွင္းေရးလုပ္ၿပီးသြားၿပီဆိုမွ အတူေရခ်ိဳးတာျဖစ္ျဖစ္ လုပ္ေပးပါ။ ေရခ်ိဳးဖို႔အတြက္ အလ်င္လိုစရာမလိုပါဘူး။
၄။ ဆီးၾသားပါ။
ဒါကေတာ့ အေရးႀကီးပါတယ္။ လိင္ဆက္ဆံေနရင္းကေန အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေတြရဲ႕ ဆီးလမ္းေၾကာင္းအတြင္းပိုးဝင္ေရာက္ႏိုင္ပါတယ္။
ဒါေၾကာင့္လိင္ဆက္ဆံအၿပီးနာရီဝက္အတြင္းတစ္ႀကိမ္ေလာက္ျဖစ္ျဖစ္အေပါ့စြန္႔ဖို႔အေရးႀကီးတယ္ေနာ္။
မိန္းကေလးေတြဆိုရင္လည္းအေပါ့သြားၿပီးမိန္းမကိုယ္ကိုအေ႐ွ႕မွအေနာက္သို႔တစ္သွ်ဴး၊ဂြမ္းစအသန္႔နဲ႔သုတ္ၿပီးသန္႔စင္ေပးပါ။
၅။ ေရေသာက္ပါ။
လိင္ဆက္ဆံေနတဲ့အခ်ိန္ ႏွစ္ဦးသား ေခြၽးေတြလည္းထြက္၊ ေမာလည္းေမာေနမွာပဲေလ။
အဲ့အခါမွာ ကုန္ဆုံးသြားတဲ့ ေရဓါတ္ကို ျပန္လည္ျဖည့္တင္းေပးတဲ့အေနနဲ႔ေရာ၊ ဆီးသြားရလြယ္ကူေအာင္ ေရတစ္ခြေက္လာက္ေတာ့ အဝေသာက္ေပးပါ။
၆။ ေခ်ာင္ခ်ိတဲ့ အဝတ္အစားေတြကိုပဲ ဝတ္ဆင္ပါ။
လိင္ဆက္ဆံၿပီးတဲ့အခ်ိန္ဆို ေခြၽးထြက္တာ သဘာဝပဲေနာ္။ ဒါကျပႆနာမ႐ွိေပမဲ့ ဘက္တီးရီးယားဆိုတာ ေခြၽးျပန္ေနတဲ့ေနရာဆို ေပါက္ဖြားတာ အရမ္းျမန္တာေၾကာင့္ ဒါကို ေသခ်ာဂ႐ုစိုက္ဖို႔ေတာ့လိုပါတယ္။
အဲ့ေတာ့ ေရခ်ိဳးၿပီးတာနဲ႔ ေလဝင္ေလထြက္ေကာင္းမယ့္ အတြင္းခံ၊ အဝတ္အစားေတြကိုပဲ အဓိကဝတ္ေပးပါ။ အတြင္းခံမဝတ္ရင္ေတာ့ ပိုေကာင္းပါတယ္။
၇။ ေသြးအၿမဲစစ္ပါ။
ကိုယ္က တစ္လင္တစ္မယားစနစ္ကို က်င့္သုံးတာမဟုတ္ဘဲ အေပ်ာ္အပါးလိုက္စားထားတာေတြလည္း ႐ွိတယ္ဆိုရင္ေတာ့ ကိုယ့္ခ်စ္သူ၊ အိမ္ေထာင္ဖက္နဲ႔ လိင္ဆက္ဆံတိုင္း ကြန္ဒုံးကို အသုံးျပဳပါ။
၃လတစ္ႀကိမ္ ႏွစ္ေယာက္အတူတူ ေသြးသြားစစ္ၾကည့္ပါ။
ေရာဂါဆိုတာ ႀကိဳတင္ကာကြယ္ႏိုင္ရင္ အေကာင္းဆုံးဆိုေပမဲ့ ျဖစ္လာခဲ့ရင္လည္း ေစာေစာသိတာနဲ႔အမွ် ကိုယ့္ဘက္က ျပင္ဆင္လို႔ရတာေတြ ျပင္ဆင္ထားလို႔ ရပါတယ္။
၈။ ကိုယ္ဝန္မလိုခ်င္ဘူးဆိုရင္ေရာ။
ကေလးယူဖို႔အတြက္ အဆင္သင့္မျဖစ္ေသးဘူးဆိုရင္ ကြန္ဒုံးသုံးၿပီး လိင္ဆက္ဆံပါ။ ဒါမွမဟုတ္ ေနာက္တစ္နည္းအေနနဲ႔ အမ်ိဳးသမီးကို သေႏၶတားေဆး၊ အေရးေပၚတားေဆး ေသာက္ခိုင္းလို႔ရပါတယ္။
မလိုအပ္တဲ့ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြနဲ႔ ကူးစက္ေရာဂါေတြ မျဖစ္ေစဖို႔ လိင္ဆက္ဆံတိုင္း ကြန္ဒုံးကို အၿမဲအသုံးျပဳၾကပါလို႔ ထပ္မံတိုက္တြန္းရင္း
အားလုံးပဲ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးသုခပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Credit to orginal
unicode
ချစ်တင်းနှောလို့ ပြီးသွားတဲ့အချိန် ဒါတွေလုပ်ဖို့ မမေ့ပါနဲ့…
လူရယ်လို့ ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ လိင်မှုကိစ္စဆိုတာ မပါမဖြစ်ပဲမလား။
အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။
၁။ သန့်ရှင်းရေးလုပ်ပါ။
သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။
ဒါကြောင့် ကာမဆက်ဆံပြီးတိုင်းခဏလောက်နားပြီးတာနဲ့အမြန်သန့်စင်ပေးပါ။ယောကျ်ားလေးဆိုရင်လိင်အင်္ဂါတစ်ဝိုက်နဲ့ထိပ်အရေပြားကိုအောက်လှန်ဆွဲချပြီးသန့်စင်ပါ။
မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။
ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။
၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။
ဒါကတော့မိန်းကလေးတွေ တော်တော်များများလုပ်မိတတ်တဲ့အမှားတစ်ခုပါ။
သန့်ချင်တဲ့ဇောနဲ့မိန်းမကိုယ်အတွင်းကိုဓါတုဗေဒပစ္စည်းတွေပါတဲ့ဆပ်ပြာနဲ့ပွတ်တိုက်လိုက်တာ၊ လက်နဲ့ထိုးသွင်းနှိုက်ချွတ်ပြီးဆေးကြောတာတော့မလုပ်သင့်ပါဘူး။
အခန့်မသင့်ရင် မိန်းမကိုယ်ယားယံတာ၊ ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုးဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။
အကောင်းဆုံးက ရေနဲ့ ဆပ်ပြာအပျော့စားနဲ့ သေချာသန့်စင်ပြီးရင် ခြောက်အောင်သုတ်ပေးပြီး ဒီအတိုင်းထားထားပါ။
၃။ ရေချိုးဖို့ အလျင်မလိုပါနဲ့။
ကာမဆန္ဒအထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ ချက်ချင်းကြီးထပြီး ရေချိုးတာမျိုးက မလုပ်သင့်ပါဘူး။
ကုတင်ပေါ်မှာ ဖက်ရင်း၊ စကားပြောရင်း၊ အမောဖြေလို့ ပြီးသွားပြီ၊ အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးသွားပြီဆိုမှ အတူရေချိုးတာဖြစ်ဖြစ် လုပ်ပေးပါ။ ရေချိုးဖို့အတွက် အလျင်လိုစရာမလိုပါဘူး။
၄။ ဆီးသြားပါ။
ဒါကတော့ အရေးကြီးပါတယ်။ လိင်ဆက်ဆံနေရင်းကနေ အမျိုးသားရော၊ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းအတွင်းပိုးဝင်ရောက်နိုင်ပါတယ်။
ဒါကြောင့်လိင်ဆက်ဆံအပြီးနာရီဝက်အတွင်းတစ်ကြိမ်လောက်ဖြစ်ဖြစ်အပေါ့စွန့်ဖို့အရေးကြီးတယ်နော်။
မိန်းကလေးတွေဆိုရင်လည်းအပေါ့သွားပြီးမိန်းမကိုယ်ကိုအရှေ့မှအနောက်သို့တစ်သျှူး၊ဂွမ်းစအသန့်နဲ့သုတ်ပြီးသန့်စင်ပေးပါ။
၅။ ရေသောက်ပါ။
လိင်ဆက်ဆံနေတဲ့အချိန် နှစ်ဦးသား ချွေးတွေလည်းထွက်၊ မောလည်းမောနေမှာပဲလေ။
အဲ့အခါမှာ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေနဲ့ရော၊ ဆီးသွားရလွယ်ကူအောင် ရေတစ်ခွကေ်လာက်တော့ အဝသောက်ပေးပါ။
၆။ ချောင်ချိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။
လိင်ဆက်ဆံပြီးတဲ့အချိန်ဆို ချွေးထွက်တာ သဘာဝပဲနော်။ ဒါကပြဿနာမရှိပေမဲ့ ဘက်တီးရီးယားဆိုတာ ချွေးပြန်နေတဲ့နေရာဆို ပေါက်ဖွားတာ အရမ်းမြန်တာကြောင့် ဒါကို သေချာဂရုစိုက်ဖို့တော့လိုပါတယ်။
အဲ့တော့ ရေချိုးပြီးတာနဲ့ လေဝင်လေထွက်ကောင်းမယ့် အတွင်းခံ၊ အဝတ်အစားတွေကိုပဲ အဓိကဝတ်ပေးပါ။ အတွင်းခံမဝတ်ရင်တော့ ပိုကောင်းပါတယ်။
၇။ သွေးအမြဲစစ်ပါ။
ကိုယ်က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာမဟုတ်ဘဲ အပျော်အပါးလိုက်စားထားတာတွေလည်း ရှိတယ်ဆိုရင်တော့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။
၃လတစ်ကြိမ် နှစ်ယောက်အတူတူ သွေးသွားစစ်ကြည့်ပါ။
ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ ဖြစ်လာခဲ့ရင်လည်း စောစောသိတာနဲ့အမျှ ကိုယ့်ဘက်က ပြင်ဆင်လို့ရတာတွေ ပြင်ဆင်ထားလို့ ရပါတယ်။
၈။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင်ရော။
ကလေးယူဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ အမျိုးသမီးကို သန္ဓေတားဆေး၊ အရေးပေါ်တားဆေး သောက်ခိုင်းလို့ရပါတယ်။
မလိုအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မဖြစ်စေဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲအသုံးပြုကြပါလို့ ထပ်မံတိုက်တွန်းရင်း
အားလုံးပဲ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးသုခပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit to orginal